ဘိလပ်မြေ ဈေးကွက်အကြောင်း တစေ့တစောင်း

ဘိလပ်မြေ ဈေးကွက်အကြောင်း တစေ့တစောင်း google

 

ယခုခေတ် ဘိလပ်မြေ စက်ရုံများ၌ ဘိလပ်မြေထုတ်လုပ်ရာတွင် ထုံးကျောက်၊ သဲကျောက်၊ ရွှံ့ကျောက်၊ ဂဝံကျောက်နှင့် ဂေါ်ဒန်ကျောက် ဟူ၍ ပစ္စည်းငါးမျိုးဖြင့် ထုတ်လုပ်ကြသည်။

ထုံးကျောက်၊ သဲကျောက်၊ ရွှံ့ကျောက်နှင့် ဂဝံကျောက်တို့ုကို အချိုးကျရော၍ မီးလင်းဖိုထဲတွင် အရည်ကျိုရသည်။

 

အရည်ကျို၍ ထွက်လာသည့် အရည်များကိချက်ချင်းအအေးခံကာ အမှုန့်ကြိတ်၍ ဂေါ်ဒန်ကျောက်ဖြင့် ရောစပ်လျှင် ဈေးကွက်ဝင် ဘိလပ်မြေကို ရရှိလာမည်ဖြစ်သည်။

 

Capture

 

ဘိလပ်မြေ၏ အအိပ်မြန်မှုနှင့် ခံနိုင်အားကောင်းစေရန် ဖျော်စပ်ပြီးသော ဘိလပ်မြေကို ဖျော်စပ်ပြီး တစ်နာရီခွဲမှ နှစ်နာရီအတွင်း အသုံးပြုရသည်။

 

ထုတ်လုပ်ပြီး ဘိလပ်မြေကို ဈေးကွက်အတွင်းရောင်းချရာတွင် စက္ကူအိတ် (သို့) သံပုံးများဖြင့် ရောင်းချလေ့ရှိပြီး ဘိလပ်မြေ တစ်အိတ်လျှင် ၁၁၂ ပေါင်ခန့်အလေးချိန်ရှိသည်။

 

အိတ်အတွင်း ပါဝင်သော ဘိလပ်မြေသီးသန့်၏ အလေးချိန်သည် ၁၁၀.၅ ပေါင်ခန့်ရှိသည်။ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ဘိလပ်မြေအရည်အသွေး အဆင့်နှစ်ခုရှိသည်။

 

Capture1

 

ယင်းတို့မှာ ၄၂၅ နှင့် ၅၂၅ တို့ဖြစ်သည်။ ထိုကိန်းဂဏန်းများသည် ဘိလပ်မြေ၏ ကွန်ကရစ်ပြုလုပ်နိုင်သည့် မာကျောမှုနှင့်ဖိအား အမြင့်ဆုံးခံနိုင်သည့် အပေါ်မူတည်၍

 

အရည်အသွေး ကွာခြားခြင်းဖြစ်သည်။ ဆားငန်ရည်ထိစပ်သည့် အဆောက်အအုံများသည် မာကျောမှုအဆင့်မြင့်သည့် ဘိလပ်မြေကို သုံးရသည်။

 

Capture2

 

နိုင်ငံတကာဈေးကွက်အတွင်းရှိ ဘိလပ်မြေအမျိုးအစားများ


အောက်ပါ ဘိလပ်မြေ အမျိုးအစားများကို ယနေ့ခေတ် နိုင်ငံတကာဈေးကွက်တွင် တွင်တွင် ကျယ်ကျယ် အသုံးပြုလျက်ရှိသော်လည်း

 

မြန်မာနိုင်ငံဈေးကွက်တွင် Ordinary Portland Cement (OPC) ကိုသာ အဓိကအသုံးပြုကြသည်ကို သိရှိရသည်။

 

builder 1

နိုင်ငံတကာဈေးကွက်အတွင်းရှိ ဘိလပ်မြေအမျိုးအစားများ


အောက်ပါ ဘိလပ်မြေ အမျိုးအစားများကို ယနေ့ခေတ် နိုင်ငံတကာဈေးကွက်တွင် တွင်တွင် ကျယ်ကျယ် အသုံးပြုလျက်ရှိသော်လည်း

 

မြန်မာနိုင်ငံဈေးကွက်တွင် Ordinary Portland Cement (OPC) ကိုသာ အဓိကအသုံးပြုကြသည်ကို သိရှိရသည်။

 

 

Capture4


မြန်မာနိုင်ငံ ဈေးကွက်အတွင်းရှိ ဘိလပ်မြေအမျိုးအစားများ


မြန်မာနိုင်ငံ ဘိလပ်မြေဈေးကွက်အတွင်း အသုံးပြုလျက်ရှိသော ဘိလပ်မြေ တံဆိပ်အများစု သည် ၄၂၅ နှင့် ၅၂၅ အဆင့်များဖြစ်ပြီး ၄၂၅ အဆင့်ကိုမူ အများဆုံးအသုံးပြုကြသည်။

 

SCG ဘိလပ်မြေတစ်ခုသာ အမေရိကန် စံချိန်စံနှုန်း ASTM C 150 ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး ယင်းသည် အနောက်နိုင်ငံအများစုတွင် အသုံးများသည့် စံနှုန်းတစ်ခုဖြစ်သည်။

 

ယခုလက်ရှိ မြန်မာနိုင်ငံအနှံ့အပြားတွင် ဘိလပ်မြေကုန်ကြမ်းအမှုန့်များ ထုတ်လုပ်သည့် စက်ရုံကြီးများ (၁၄) ရုံခန့် လည်ပတ်လျက်ရှိနေသည်။

 

မန္တလေးတိုင်းတွင် အများဆုံးတည်ရှိသည့် ယင်းစက်ရုံကြီးများသည် ပုဂ္ဂလိက စက်ရုံများဖြစ်ပြီး နိုင်ငံခြားမှ ကျွမ်းကျင်ပညာရှင်များ (သို့) နည်းပညာများဖြင့် ဖက်စပ်လုပ်ကိုင်လျက်ရှိသည်။

 

ဘိလပ်မြေ အရည်ဖျော်သည့် စက်ရုံအသေးစားများမှာမူ မြို့အများစုတွင် တည်ရှိသည်။


ရန်ကုန်မြို့ ဘိလပ်မြေဈေးကွက်တွင် အသုံးများသော ဘိလပ်မြေ တံဆိပ်များကို အောက်ပါအတိုင်း တွေ့နိုင်သည်။

 

 

builder 2

builder 3

 

builder 5

ဘိလပ်မြေအရောင်းဆိုင်များ၏ အချက်အလက်များ


ရောင်းချမှုပုံစံနှင့် ငွေချေစနစ်


ရန်ကုန်မြို့ရှိ ဘိလပ်မြေအရောင်းဆိုင်အများစုသည် လက်ငင်းသာ ရောင်းချလေ့ရှိပြီး ဆိုင်အများစုသည် ဘိလပ်မြေအိတ်များကို ကားဖြင့် အခမဲ့လိုက်လံပို့ဆောင်ပေးကြသည်။


အကြွေးစနစ်ဖြင့်မူ ရင်းနှီးသောမိတ်ဆွေများနှင့် ပုံမှန်ဖောက်သည်အနည်းစုကိုသာ ရောင်းချပြီး အကြွေးစနစ် ရောင်းချရာတွင် ၁ ပတ်မှ ၃ ပတ်အထိ စောင့်ဆိုင်း၍ ငွေပေးချေနိုင်သည်။


အရောင်းကိုယ်စားလှယ်များအတွက် အကျိုးခံစားခွင့်များ


ဘိလပ်မြေအရောင်းဆိုင် အများစုတွင် ယခင်က အိတ်ရေအလိုက် (ဥပမာ - အိတ် ၁ ထောင် ရောင်းချရလျှင် အပို ၁၀ အိတ်ပေး) အကျိုးခံစားခွင့်များ၊

 

အိတ်အတွင်း ငွေသားကံစမ်းမဲများ စသည်တို့အား ကုမ္ပဏီများမှ သတ်မှတ် ပေးထားသော်လည်း ယခုအခါ အဆိုပါ ပရိုမိုးရှင်းများ နည်းပါးသွားပြီဖြစ်သည်။

 

ဖြန့်ဖြူးရောင်းချသူများအား အရောင်းတန်ဖိုးပေါ်မူတည်၍ နှစ်စဉ် ဆုချီးမြှင့်ခြင်းများ သတ်မှတ်ပေးထားသည်။

 

builder 6

အနာဂတ်ခန့်မှန်းချက်


ဘိလပ်မြေဈေးကွက်၏ အလားအလာ


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်ခဲ့သည့်အလျောက် မြန်မာနိုင်ငံသည် ယခုနှစ်ပိုင်းတွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ယခင်ကထက် ပိုမိုရရှိလာပြီဖြစ်သည်။

 

အိမ်နီးချင်းနိုင်ငံများမှ ဘိလပ်မြေတင်သွင်းမှုများ လျော့နည်းလာပြီဖြစ်ပြီး ပြည်တွင်းထုတ်လုပ်မှုများ ပိုမိုများပြားလာသည့်အတွက် ဆောင်ရွက်လျက်ရှိသည့်

 

အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် လိုအပ်သည့်ဘိလပ်မြေပမာဏအား အလွယ်တကူဝယ်ယူ ရရှိနိုင်မည်ဖြစ်သည်။


ကျေးလက်မှတစ်ဆင့် မြို့ကြီးများသို့ ပြောင်းရွှေ့အခြေချ နေထိုင်သူများပြားလာသည့် အလျောက် တိုက်တာ၊ အဆောက်အဦးများ ပိုမိုဆောက်လုပ်ရန်အတွက် ဘိလပ်မြေ ဝယ်လိုအား မြင့်မားလာခဲ့သည်။

 

တစ်ဖန် ယခုအခါ ဘိလပ်မြေအိတ်များကို စက်ရုံများမှတစ်ဆင့် အရောင်းကိုယ်စားလှယ် ကုမ္ပဏီများ၊ ဖြန့်ဖြူးရောင်းချသူများထံသို့ သဘောၤဖြင့်တင်ပို့နေပြီ ဖြစ်သည့်အတွက်

 

ယခင်ကထက် ကုန်ကျစရိတ် ပိုမိုသက်သာလာပြီဖြစ်သည်။ နယ်ဝေးမသွားနိုင်သည့် ဘိလပ်မြေဈေးကွက်၏ အဓိက အခက်အခဲဖြစ်သော

 

သယ်ယူပို့ဆောင်ရေး အခက်အခဲ အားလည်း အထိုက်အလျောက် ဖြေရှင်းနိုင်မည်ဖြစ်သည်။


မြန်မာနိုင်ငံ ဘိလပ်မြေဈေးကွက်၏ အဓိက အခက်အခဲမှာ သယ်ယူပို့ဆောင်ရေးပင်ဖြစ်သည်။

 

ဘိလပ်မြေ အိတ်များကို နယ်ဝေးသို့ သယ်ယူပို့ဆောင်ရာတွင် ကားတစ်စီးလျှင် အိတ် ၇၀၀ သာဆန့်ခြင်းကြောင့် လုံလောက်စွာ ဖြန့်ဖြူးနိုင်ခြင်းမရှိသည်ကို တွေ့ရှိရသည်။

 

ထိုင်းနိုင်ငံမှ သွင်းကုန်များ လျော့နည်းလာခြင်း ကြောင့်လည်း ပြည်တွင်းဈေးကွက်တွင် ဘိလပ်မြေအိတ် တန်ဖိုးများတက်လာကာ

 

စီးပွားရေးလုပ်ငန်းရှင် များအတွက် လုပ်ကိုင်ရ ခက်ခဲလျက်ရှိသည်။ ရာသီဥတု အခြေအနေများ ဆိုးရွားနေခြင်းကြောင့်

 

အိမ်နီးချင်းနိုင်ငံများ (အထူးသဖြင့် ထိုင်းနိုင်ငံ)မှ ဘိလပ်မြေ တင်သွင်းမှု လျော့နည်းနေသည့်အတွက် ပြည်တွင်းရှိ

 

ဘိလပ်မြေအိတ်များ တန်ဖိုးတက်ရခြင်းဖြစ်ပြီး ယခင်က ၁ အိတ်လျှင် မြန်မာငွေ ၁၀၀၊ ၂၀၀ ကျပ်ခန့်သာ မြင့်တက်ခဲ့သော်လည်း

 

ယခုအခါ ယခင်ပုံမှန်ဈေး ၅၅၀၀ ကျပ်မှ ၅၉၀၀ ကျပ်နှင့် ၆၅၀၀ ကျပ်အတွင်းသို့ မြင့်တက်ခဲ့ကြောင်း ပြည်တွင်းဘိလပ်မြေ အရောင်းဆိုင်များမှ သိရသည်။

 

<<<Zawgyi>>>>

ဘိလပ္ေျမ ေစ်းကြက္အေၾကာင္း တေစ့တေစာင္း


ယခုေခတ္ ဘိလပ္ေျမ စက္ရံုမ်ား၌ ဘိလပ္ေျမထုတ္လုပ္ရာတြင္ ထံုးေက်ာက္၊ သဲေက်ာက္၊ ရႊံ႕ေက်ာက္၊ ဂဝံေက်ာက္ႏွင့္ ေဂၚဒန္ေက်ာက္ ဟူ၍ ပစၥည္းငါးမ်ိဳးျဖင့္ ထုတ္လုပ္ၾကသည္။

 

ထံုးေက်ာက္၊ သဲေက်ာက္၊ ရႊံ႕ေက်ာက္ႏွင့္ ဂဝံေက်ာက္တုိ႔ုကို အခ်ိဳးက်ေရာ၍ မီးလင္းဖုိထဲတြင္ အရည္က်ိဳရသည္။

 

အရည္က်ိဳ၍ ထြက္လာသည့္ အရည္မ်ားကုိ ခ်က္ခ်င္းအေအးခံကာ အမႈန္႔ႀကိတ္၍ ေဂၚဒန္ေက်ာက္ျဖင့္ ေရာစပ္လွ်င္ ေစ်းကြက္ဝင္ ဘိလပ္ေျမကုိ ရရွိလာမည္ျဖစ္သည္။


ဘိလပ္ေျမ၏ အအိပ္ျမန္မႈႏွင့္ ခံႏုိင္အားေကာင္းေစရန္ ေဖ်ာ္စပ္ၿပီးေသာ ဘိလပ္ေျမကုိ ေဖ်ာ္စပ္ၿပီး တစ္နာရီခြဲမွ ႏွစ္နာရီအတြင္း အသံုးျပဳရသည္။

 

ထုတ္လုပ္ၿပီး ဘိလပ္ေျမကုိ ေစ်းကြက္အတြင္းေရာင္းခ်ရာတြင္ စကၠဴအိတ္ (သို႔) သံပံုးမ်ားျဖင့္ ေရာင္းခ်ေလ့ရွိၿပီး ဘိလပ္ေျမ တစ္အိတ္လွ်င္ ၁၁၂ ေပါင္ခန္႔အေလးခ်ိန္ရွိသည္။

 

အိတ္အတြင္း ပါဝင္ေသာ ဘိလပ္ေျမသီးသန္႔၏ အေလးခ်ိန္သည္ ၁၁၀.၅ ေပါင္ခန္႔ရွိသည္။ ျမန္မာႏုိင္ငံတြင္ အသံုးျပဳေနသည့္ ဘိလပ္ေျမအရည္အေသြး အဆင့္ႏွစ္ခုရွိသည္။

 

ယင္းတုိ႔မွာ ၄၂၅ ႏွင့္ ၅၂၅ တုိ႔ျဖစ္သည္။ ထုိကိန္းဂဏန္းမ်ားသည္ ဘိလပ္ေျမ၏ ကြန္ကရစ္ျပဳလုပ္ႏုိင္သည့္ မာေက်ာမႈႏွင့္ဖိအား အျမင့္ဆံုးခံႏိုင္သည့္ အေပၚမူတည္၍ အရည္အေသြး ကြာျခားျခင္းျဖစ္သည္။

 

ဆားငန္ရည္ထိစပ္သည့္ အေဆာက္အအံုမ်ားသည္ မာေက်ာမႈအဆင့္ျမင့္သည့္ ဘိလပ္ေျမကုိ သံုးရသည္။

 

ႏုိင္ငံတကာေစ်းကြက္အတြင္းရွိ ဘိလပ္ေျမအမ်ိဳးအစားမ်ား


ေအာက္ပါ ဘိလပ္ေျမ အမ်ိဳးအစားမ်ားကုိ ယေန႔ေခတ္ ႏုိင္ငံတကာေစ်းကြက္တြင္ တြင္တြင္ က်ယ္က်ယ္ အသံုးျပဳလ်က္ရွိေသာ္လည္း

 

ျမန္မာႏုိင္ငံေစ်းကြက္တြင္ Ordinary Portland Cement (OPC) ကုိသာ အဓိကအသံုးျပဳၾကသည္ကုိ သိရွိရသည္။

 

builder 1


ျမန္မာႏုိင္ငံ ေစ်းကြက္အတြင္းရွိ ဘိလပ္ေျမအမ်ိဳးအစားမ်ား


ျမန္မာႏုိင္ငံ ဘိလပ္ေျမေစ်းကြက္အတြင္း အသံုးျပဳလ်က္ရွိေသာ ဘိလပ္ေျမ တံဆိပ္အမ်ားစု သည္ ၄၂၅ ႏွင့္ ၅၂၅ အဆင့္မ်ားျဖစ္ၿပီး ၄၂၅ အဆင့္ကုိမူ အမ်ားဆံုးအသံုးျပဳၾကသည္။

 

SCG ဘိလပ္ေျမတစ္ခုသာ အေမရိကန္ စံခ်ိန္စံႏႈန္း ASTM C 150 ျဖင့္ ထုတ္လုပ္ထားျခင္းျဖစ္ၿပီး ယင္းသည္ အေနာက္ႏုိင္ငံအမ်ားစုတြင္ အသံုးမ်ားသည့္ စံႏႈန္းတစ္ခုျဖစ္သည္။


ယခုလက္ရွိ ျမန္မာႏုိင္ငံအႏွံ႔အျပားတြင္ ဘိလပ္ေျမကုန္ၾကမ္းအမႈန္႔မ်ား ထုတ္လုပ္သည့္ စက္ရံုႀကီးမ်ား (၁၄) ရံုခန္႔ လည္ပတ္လ်က္ရွိေနသည္။

 

မႏၱေလးတုိင္းတြင္ အမ်ားဆံုးတည္ရွိသည့္ ယင္းစက္ရံုႀကီးမ်ားသည္ ပုဂၢလိက စက္ရံုမ်ားျဖစ္ၿပီး ႏုိင္ငံျခားမွ ကၽြမ္းက်င္ပညာရွင္မ်ား (သို႔) နည္းပညာမ်ားျဖင့္ ဖက္စပ္လုပ္ကုိင္လ်က္ရွိသည္။

 

ဘိလပ္ေျမ အရည္ေဖ်ာ္သည့္ စက္ရံုအေသးစားမ်ားမွာမူ ၿမိဳ႕အမ်ားစုတြင္ တည္ရွိသည္။


ရန္ကုန္ၿမိဳ႕ ဘိလပ္ေျမေစ်းကြက္တြင္ အသံုးမ်ားေသာ ဘိလပ္ေျမ တံဆိပ္မ်ားကုိ ေအာက္ပါအတုိင္း ေတြ႕ႏုိင္သည္။

 

builder 2

builder 3

builder 4

ဘိလပ္ေျမအေရာင္းဆုိင္မ်ား၏ အခ်က္အလက္မ်ား


ေရာင္းခ်မႈပံုစံႏွင့္ ေငြေခ်စနစ္


ရန္ကုန္ၿမိဳ႕ရွိ ဘိလပ္ေျမအေရာင္းဆုိင္အမ်ားစုသည္ လက္ငင္းသာ ေရာင္းခ်ေလ့ရွိၿပီး ဆုိင္အမ်ားစုသည္ ဘိလပ္ေျမအိတ္မ်ားကုိ ကားျဖင့္ အခမဲ့လုိက္လံပို႔ေဆာင္ေပးၾကသည္။


အေၾကြးစနစ္ျဖင့္မူ ရင္းႏွီးေသာမိတ္ေဆြမ်ားႏွင့္ ပံုမွန္ေဖာက္သည္အနည္းစုကိုသာ ေရာင္းခ်ၿပီး အေၾကြးစနစ္ ေရာင္းခ်ရာတြင္ ၁ ပတ္မွ ၃ ပတ္အထိ ေစာင့္ဆုိင္း၍ ေငြေပးေခ်ႏုိင္သည္။


အေရာင္းကုိယ္စားလွယ္မ်ားအတြက္ အက်ိဳးခံစားခြင့္မ်ား


ဘိလပ္ေျမအေရာင္းဆုိင္ အမ်ားစုတြင္ ယခင္က အိတ္ေရအလိုက္ (ဥပမာ - အိတ္ ၁ ေထာင္ ေရာင္းခ်ရလွ်င္ အပုိ ၁၀ အိတ္ေပး) အက်ိဳးခံစားခြင့္မ်ား၊

 

အိတ္အတြင္း ေငြသားကံစမ္းမဲမ်ား စသည္တုိ႔အား ကုမၸဏီမ်ားမွ သတ္မွတ္ ေပးထားေသာ္လည္း ယခုအခါ အဆုိပါ ပရုိမိုးရွင္းမ်ား နည္းပါးသြားၿပီျဖစ္သည္။

 

ျဖန္႔ျဖဴးေရာင္းခ်သူမ်ားအား အေရာင္းတန္ဖုိးေပၚမူတည္၍ ႏွစ္စဥ္ ဆုခ်ီးျမွင့္ျခင္းမ်ား သတ္မွတ္ေပးထားသည္။

 

builder 6


အနာဂတ္ခန္႔မွန္းခ်က္


ဘိလပ္ေျမေစ်းကြက္၏ အလားအလာ


ႏုိင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈမ်ားအား ဖိတ္ေခၚခဲ့သည့္အေလ်ာက္ ျမန္မာႏုိင္ငံသည္ ယခုႏွစ္ပုိင္းတြင္ ျပည္ပမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ယခင္ကထက္ ပုိမိုရရွိလာၿပီျဖစ္သည္။

 

အိမ္နီးခ်င္းႏုိင္ငံမ်ားမွ ဘိလပ္ေျမတင္သြင္းမႈမ်ား ေလ်ာ့နည္းလာၿပီျဖစ္ၿပီး ျပည္တြင္းထုတ္လုပ္မႈမ်ား ပုိမိုမ်ားျပားလာသည့္အတြက္

 

ေဆာင္ရြက္လ်က္ရွိသည့္ အေျခခံအေဆာက္အအံု စီမံကိန္းမ်ားအတြက္ လုိအပ္သည့္ဘိလပ္ေျမပမာဏအား အလြယ္တကူဝယ္ယူ ရရွိႏုိင္မည္ျဖစ္သည္။

 

ေက်းလက္မွတစ္ဆင့္ ၿမိဳ႕ႀကီးမ်ားသုိ႔ ေျပာင္းေရႊ႕အေျခခ် ေနထုိင္သူမ်ားျပားလာသည့္ အေလ်ာက္ တုိက္တာ၊ အေဆာက္အဦးမ်ား ပုိမုိေဆာက္လုပ္ရန္အတြက္

 

ဘိလပ္ေျမ ဝယ္လိုအား ျမင့္မားလာခဲ့သည္။ တစ္ဖန္ ယခုအခါ ဘိလပ္ေျမအိတ္မ်ားကုိ စက္ရံုမ်ားမွတစ္ဆင့္ အေရာင္းကုိယ္စားလွယ္ ကုမၸဏီမ်ား၊

 

ျဖန္႔ျဖဴးေရာင္းခ်သူမ်ားထံသုိ႔ သေဘာၤျဖင့္တင္ပုိ႔ေနၿပီ ျဖစ္သည့္အတြက္ ယခင္ကထက္ ကုန္က်စရိတ္ ပုိမိုသက္သာလာၿပီျဖစ္သည္။

 

နယ္ေဝးမသြားႏုိင္သည့္ ဘိလပ္ေျမေစ်းကြက္၏ အဓိက အခက္အခဲျဖစ္ေသာ သယ္ယူပို႔ေဆာင္ေရး အခက္အခဲ အားလည္း အထုိက္အေလ်ာက္ ေျဖရွင္းႏုိင္မည္ျဖစ္သည္။


ျမန္မာႏုိင္ငံ ဘိလပ္ေျမေစ်းကြက္၏ အဓိက အခက္အခဲမွာ သယ္ယူပုိ႔ေဆာင္ေရးပင္ျဖစ္သည္။

 

ဘိလပ္ေျမ အိတ္မ်ားကုိ နယ္ေဝးသုိ႔ သယ္ယူပုိ႔ေဆာင္ရာတြင္ ကားတစ္စီးလွ်င္ အိတ္ ၇၀၀ သာဆန္႔ျခင္းေၾကာင့္ လံုေလာက္စြာ ျဖန္႔ျဖဴးႏုိင္ျခင္းမရွိသည္ကုိ ေတြ႔ရွိရသည္။

 

ထုိင္းႏုိင္ငံမွ သြင္းကုန္မ်ား ေလ်ာ့နည္းလာျခင္း ေၾကာင့္လည္း ျပည္တြင္းေစ်းကြက္တြင္ ဘိလပ္ေျမအိတ္ တန္ဖုိးမ်ားတက္လာကာ စီးပြားေရးလုပ္ငန္းရွင္ မ်ားအတြက္ လုပ္ကုိင္ရ ခက္ခဲလ်က္ရွိသည္။

 

ရာသီဥတု အေျခအေနမ်ား ဆုိးရြားေနျခင္းေၾကာင့္ အိမ္နီးခ်င္းႏုိင္ငံမ်ား (အထူးသျဖင့္ ထုိင္းႏုိင္ငံ)မွ ဘိလပ္ေျမ တင္သြင္းမႈ ေလ်ာ့နည္းေနသည့္အတြက္ ျပည္တြင္းရွိ ဘိလပ္ေျမအိတ္မ်ား

 

တန္ဖိုးတက္ရျခင္းျဖစ္ၿပီး ယခင္က ၁ အိတ္လွ်င္ ျမန္မာေငြ ၁၀၀၊ ၂၀၀ က်ပ္ခန္႔သာ ျမင့္တက္ခဲ့ေသာ္လည္း

 

ယခုအခါ ယခင္ပံုမွန္ေစ်း ၅၅၀၀ က်ပ္မွ ၅၉၀၀ က်ပ္ႏွင့္ ၆၅၀၀ က်ပ္အတြင္းသုိ႔ ျမင့္တက္ခဲ့ေၾကာင္း ျပည္တြင္းဘိလပ္ေျမ အေရာင္းဆုိင္မ်ားမွ သိရသည္။

 

Read 2016 times Last modified on Thursday, 30 January 2020 17:19
Rate this item
(0 votes)
Tagged under