ဆောက်လုပ်ရေးလုပ်သားများအတွက်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ဆောက်လုပ်ရေးလုပ်သားများအတွက်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး google

ဒီဇင်ဘာ ၃ ရက်နေ့တွင် ရန်ကုန်မြို့ပြည်လမ်းမပေါ်ရှိ Lotte Hotel တွင် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)၊ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(BWFM) နှင့်မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်(MCEF) တို့ပူးပေါင်း၍ဆောက်လုပ်ရေးလုပ်ငန်းသားများအတွက် ပထမဆုံးအကြိမ်နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပါသည်။

 

“အလုပ်သမားတွေရဲ့ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျွမ်းကျင်လုပ်သားတွေဖြစ်လာဖို့ ပူးပေါင်းဆောင်ရွက်မှာပါ” ဟု MCEF ဥက္ကဌဦးရှိန်ဝင်းကပြောသည်။

 

 

ထိုသို့လက်မှတ်ရေးထိုးခြင်းဖြင့်ဆောက်လုပ်ရေးလုပ်ငန်းတွင်လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များနှင့်ဆောက်လုပ်ရေးလုပ်သားများကြားကောင်းမွန်သည့်ဆက်ဆံရေး ရရှိနိုင်ခြင်း၊

 

 

အလုပ်သမားများလုပ်ငန်းခွင်တွင်ပို၍ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ ဆောက်လုပ်ရေးကျွမ်းကျင်လုပ်သားများမွေးထုတ်နိုင်ခြင်း၊

 


လုပ်ငန်းကျွမ်းကျင်မှုရှိသော်လည်း ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်မရှိသေးခြင်း စသည့်လိုအပ်ချက်များနည်းပါးလာမည်ဖြစ်ကြောင်း MCEF တွဲဖက်အတွင်းရေးမှူးဦးအေးလင်းပြောကြားချက်အရသိရသည်။

Source:Myawaddy

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 



 

Source:Myawaddy

Read 1423 times Last modified on Tuesday, 11 February 2020 16:54
Rate this item
(0 votes)
Tagged under