ကလေး- ဖလမ်း- ဟားခါးလမ်းကို ၂၀၂၀ အောက်တိုဘာတွင် စီမံကိန်းစတင်နိုင်ရန် မျှော်မှန်း

ကလေး- ဖလမ်း- ဟားခါးလမ်းကို ၂၀၂၀ အောက်တိုဘာတွင် စီမံကိန်းစတင်နိုင်ရန် မျှော်မှန်း google

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် ချင်းပြည်နယ်ရှိ ကလေး“ဖလမ်း“ဟားခါးလမ်းကို လာမည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် စီမံကိန်း စတင်နိုင်ရန် မျှော်မှန်းကြောင်း ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေချစ်ဦးက ပြောသည်။


"ချင်းပြည်နယ်မှာ နိုင်ငံတကာကလုပ်တဲ့လုပ်ငန်းတွေ တစ်ခုမှမရှိသေးဘူး။ ဒါက ပထမဆုံးပဲ၊ ကမ္ဘာ့ဘဏ်ကချေးငွေနဲ့လုပ်မယ်ဆိုပြီး ပြောနေတာကြာပြီ။ အဆင့်တွေ များလွန်းတော့ အခုထိ စပြီးအကောင်အထည်မဖော်ရ သေးဘူး"ဟု ဦးရွှေချစ်ဦးက ဆိုသည်။

 

ကလေး“ဖလမ်း“ဟားခါးလမ်းသည် ချင်းပြည်နယ်နှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်သွယ်ရာတွင်အရေးပါသည့် လမ်းဖြစ်ပြီး စီမံကိန်းပြီးစီးပါကချင်းပြည်နယ်သည် ယခုထက်ပိုပြီး တိုးတက်လာနိုင်ကြောင်း ဝန်ကြီးက ဆိုသည်။

 

 

ကလေး“ဖလမ်း“ဟားခါးလမ်းကို ကမ္ဘာ့ဘဏ်ချေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၅ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါချေးငွေမှာ ၂၀၁၅ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ချေးပေးခဲ့သည့် ကန်ဒေါ်လာသန်း ၂၀ဝ အနက် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ယခင် ကမ္ဘာ့ဘဏ်အကြံပေးအဖွဲ့ဝင် International Safe-guards Specialist Mr. Josiah Bowles ကပြောသည်။

 

 

သဘာဝပတ်ဝန်းကျင်နှင့် လူထုထိခိုက်နစ်နာမှုများကို အတတ်နိုင်ဆုံး လျှော့ချပေးနိုင်ရန် ရည်ရွယ်ပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုဆိုင်ရာ လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန်Cardno Myanmar ကုမ္ပဏီကို ကမ္ဘာ့ဘဏ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ရွေးချယ်ငှားရမ်းထားသည်။

 

 

လက်ရှိတွင်Cardno Myanmar က လေ့လာဆန်းစစ်မှုများကို ပြုလုပ်နေဆဲဖြစ်ပြီး နောက်ဆုံးရရှိသော စာရင်းများအရ ထိခိုက်နစ်နာသူအရေအတွက် ၆၀ဝ ခန့်ရှိနေကြောင်း ၎င်းက ဆိုသည်။

 

 

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် ကလေး“ဖလမ်း“ဟားခါးလမ်းစီမံကိန်း၏ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်းကိစ္စနှင့် စပ်လျဉ်း၍ ချင်းအရပ်ဘက်အဖွဲ့ အစည်းများ၏ ကနဦးလေ့လာဆန်းစစ်ချက်များအကြောင်း သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၅ ရက်က လှိုင်မြို့နယ်Gemsy ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

 

 

ကလေး“ဖလမ်း“ဟားခါးလမ်း အကောင်အထည်ဖော်ရာတွင် ရေရှည်အသုံးပြုနိုင်မည့် အရည်အသွေးကောင်းသော လမ်းမများအဖြစ် ဖောက်လုပ်စေလိုကြောင်း ချင်းပြည်နယ် အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့်Community Care for Emergency Response and Rehabilitation CCERR အဖွဲ့ ဒါရိုက်တာMs. Flora Bawi Nei Mawi က ပြောသည်။ 

 


Source - The Myanmar Times

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ကေလး- ဖလမ္း- ဟားခါးလမ္းကို ၂၀၂၀ ေအာက္တိုဘာတြင္ စီမံကိန္းစတင္ႏိုင္ရန္ ေမွ်ာ္မွန္း

 

 

ကမာၻ႔ဘဏ္ေခ်းေငြျဖင့္ ေဆာင္႐ြက္မည့္ ခ်င္းျပည္နယ္ရွိ ကေလး“ဖလမ္း“ဟားခါးလမ္းကို လာမည့္ ၂၀၂၀ ျပည့္ႏွစ္ ေအာက္တိုဘာတြင္ စီမံကိန္း စတင္ႏိုင္ရန္ ေမွ်ာ္မွန္းေၾကာင္း ခ်င္းျပည္နယ္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေ႐ႊခ်စ္ဦးက ေျပာသည္။

 


"ခ်င္းျပည္နယ္မွာ ႏိုင္ငံတကာကလုပ္တဲ့လုပ္ငန္းေတြ တစ္ခုမွမရွိေသးဘူး။ ဒါက ပထမဆုံးပဲ၊ ကမာၻ႔ဘဏ္ကေခ်းေငြနဲ႔လုပ္မယ္ဆိုၿပီး ေျပာေနတာၾကာၿပီ။ အဆင့္ေတြ မ်ားလြန္းေတာ့ အခုထိ စၿပီးအေကာင္အထည္မေဖာ္ရ ေသးဘူး"ဟု ဦးေ႐ႊခ်စ္ဦးက ဆိုသည္။

 

ကေလး“ဖလမ္း“ဟားခါးလမ္းသည္ ခ်င္းျပည္နယ္ႏွင့္ အျခားတိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားသို႔ ဆက္သြယ္ရာတြင္အေရးပါသည့္ လမ္းျဖစ္ၿပီး စီမံကိန္းၿပီးစီးပါကခ်င္းျပည္နယ္သည္ ယခုထက္ပိုၿပီး တိုးတက္လာႏိုင္ေၾကာင္း ဝန္ႀကီးက ဆိုသည္။

 

 

ကေလး“ဖလမ္း“ဟားခါးလမ္းကို ကမာၻ႔ဘဏ္ေခ်းေငြ စုစုေပါင္း အေမရိကန္ေဒၚလာ ၆၅ သန္းျဖင့္ ေဆာင္႐ြက္မည္ျဖစ္ၿပီး အဆိုပါေခ်းေငြမွာ ၂၀၁၅ ေရႀကီးေရလွ်ံမႈျဖစ္ပြားၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံသို႔ ေခ်းေပးခဲ့သည့္ ကန္ေဒၚလာသန္း ၂၀ဝ အနက္ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္း ယခင္ ကမာၻ႔ဘဏ္အႀကံေပးအဖြဲ႕ဝင္ International Safe-guards Specialist Mr. Josiah Bowles ကေျပာသည္။

 

 

သဘာဝပတ္ဝန္းက်င္ႏွင့္ လူထုထိခိုက္နစ္နာမႈမ်ားကို အတတ္ႏိုင္ဆုံး ေလွ်ာ့ခ်ေပးႏိုင္ရန္ ရည္႐ြယ္ၿပီး ပတ္ဝန္းက်င္ထိခိုက္ပ်က္စီးမႈဆိုင္ရာ ေလ့လာဆန္းစစ္မႈမ်ား ျပဳလုပ္ရန္Cardno Myanmar ကုမၸဏီကို ကမာၻ႔ဘဏ္ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔က ေ႐ြးခ်ယ္ငွားရမ္းထားသည္။

 

 

လက္ရွိတြင္Cardno Myanmar က ေလ့လာဆန္းစစ္မႈမ်ားကို ျပဳလုပ္ေနဆဲျဖစ္ၿပီး ေနာက္ဆုံးရရွိေသာ စာရင္းမ်ားအရ ထိခိုက္နစ္နာသူအေရအတြက္ ၆၀ဝ ခန႔္ရွိေနေၾကာင္း ၎က ဆိုသည္။

 

 

ကမာၻ႔ဘဏ္ေခ်းေငြျဖင့္ ေဆာင္႐ြက္မည့္ ကေလး“ဖလမ္း“ဟားခါးလမ္းစီမံကိန္း၏ ပတ္ဝန္းက်င္ႏွင့္ လူမႈေရးဆိုင္ရာ ထိခိုက္မႈဆန္းစစ္ျခင္းကိစၥႏွင့္ စပ္လ်ဥ္း၍ ခ်င္းအရပ္ဘက္အဖြဲ႕ အစည္းမ်ား၏ ကနဦးေလ့လာဆန္းစစ္ခ်က္မ်ားအေၾကာင္း သတင္းစာရွင္းလင္းပြဲကို ႏိုဝင္ဘာ ၅ ရက္က လႈိင္ၿမိဳ႕နယ္Gemsy ဟိုတယ္တြင္ ျပဳလုပ္ခဲ့သည္။

 

 

ကေလး“ဖလမ္း“ဟားခါးလမ္း အေကာင္အထည္ေဖာ္ရာတြင္ ေရရွည္အသုံးျပဳႏိုင္မည့္ အရည္အေသြးေကာင္းေသာ လမ္းမမ်ားအျဖစ္ ေဖာက္လုပ္ေစလိုေၾကာင္း ခ်င္းျပည္နယ္ အရပ္ဘက္ လူမႈအဖြဲ႕အစည္းတစ္ခုျဖစ္သည့္Community Care for Emergency Response and Rehabilitation CCERR အဖြဲ႕ ဒါ႐ိုက္တာMs. Flora Bawi Nei Mawi က ေျပာသည္။ 

 


Source - The Myanmar Times

Read 989 times Last modified on Thursday, 20 February 2020 17:24
Rate this item
(0 votes)