မြန်မာ ၇၉၀ ဦး မလေးရှားလူဝင်မှုကြီးကြပ်ရေး ဝင်ရောက်စီးနင်းမှုတွင် အဖမ်းခံခဲ့ရ

မြန်မာ ၇၉၀ ဦး မလေးရှားလူဝင်မှုကြီးကြပ်ရေး ဝင်ရောက်စီးနင်းမှုတွင် အဖမ်းခံခဲ့ရ

မေလ ၁၁ ရက်နေ့တွင် မလေးရှားအာဏာပိုင်များသည် မြန်မာနိုင်ငံသား ၇၉၀ ဦး အပါအ၀င်

အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သား ၁၃၀၀ ကျော်အား ၀င်ရောက်စီးနင်း ဖမ်းဆီးခဲ့သည်။ အာဏာပိုင်များကဖြိုခွဲနှိမ်နင်းခြင်းသည် COVID-19 ပြန့်ပွားမှုကို တားဆီးရန်အတွက် ကြိုတင်ကာကွယ်မှုများ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

မေလ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော ဝင်ရောက်စီးနင်းဖမ်းဆီးမှုတွင် အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားများ ၅၈၆ ဦးကို ဖမ်းဆီးခဲ့ပြီးပြီ ဖြစ်သည်။ ယခုတစ်ကြိမ်သည် ဒုတိယအကြိမ် ဖြစ်သည်ဟု Straits Times သတင်းတွင် ဖော်ပြထားသည်။

မလေးရှားလူ ၀ င်မှုကြီးကြပ်ရေးဌာနက မေလ ၁၂ ရက် နေ့ ထုတ်ပြန်ကြေငြာချက်အရ အာဏာပိုင်များသည် ရွှေ့ပြောင်းလုပ်သား အများစု လုပ်ကိုင်လျက် ရှိသည့် ကွာလာလမ်ပူလက်ကားဈေးတွင် ရွှေ့ပြောင်းလုပ်သား ၇,၅၅၁ ဦး ကို စစ်ဆေးခဲ့သည်။

“ စာရွက်စာတမ်းအထောက်အထားများ မပြနိုင်သည့် ရွှေ့ပြောင်းအလုပ်သမား (၁,၃၆၈) ဦးကို ကွာလာလမ်ပူလူ၀င်မှုကြီးကြပ်ရေးရုံးသို့ ခေါ်သွားပြီး ထိန်းသိမ်းထားသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးထားသော ရွှေ့ပြောင်းအလုပ်သမားများအနက် ၇၉၀ ဦးမှာ မြန်မာမှ ဖြစ်ပြီး ၄၂၁ ဦး မှာအင်ဒိုနီးရှားမှဖြစ်သည်။ အိန္ဒိယမှ ၅၄ ဦး၊ ပါကစ္စတန်မှ ၆ ဦး၊ နှင့်ဘင်္ဂလားဒေ့ရ်ှမှ ၇၈ ဦး တို့ဖြစ်ကြသည်။ ကျန်သည့်သူများမှာ အခြားနိုင်ငံများမှ ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံသားများ အများဆုံး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

သူတို့အားလုံးကို စစ်ဆေးမေးမြန်းခဲ့ပြီး မလေးရှားကျန်းမာရေး၀န်ကြီးဌာနမှ COVID-19 အတွက် ဆေးစစ်ခဲ့ရာ အနှုတ်လက္ခဏာပြခဲ့သည်။

ရွှေ့ပြောင်းလုပ်သားများသည် COVID-19 အတွက် မိမိဆန္ဒအလျောက် ဆေးစစ်မှု ခံယူပါက ဖမ်းဆီးခံရခြင်းနှင့်ပြည်နှင်ဒဏ်ပေးခံရမည့် အရေးကိုကြောက်ရွံ့သောကြောင့် ဆေးစစ်ခံကြခြင်း မရှိသောကြောင့် ယခုလို ၀ င်ရောက်စီးနင်း ဖမ်းဆီးပြီး ဆေးစစ်ခြင်း၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းတို့ကို တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်ဆောင်ခြင်း ဖြစ်သည်။

ယခင်က ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား (၃၉၁) ဦးအား မလေးရှားအစိုးရ၏ အစီအစဉ်ဖြင့် Malaysia Airlines စင်းလုံးငှား အထူးလေယာဉ် (၂) စီးဖြင့် ၂၀၂၀ပြည့်နှစ်၊ မေလ ၁၁ရက်တွင် ပြန်လည်ပို့ဆောင်ခဲ့ရာ နံနက် ၁၀:၂၅ နာရီနှင့် မွန်းလွဲ ၁၅:၀၅ နာရီတို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အသီးသီး ပြန်လည်ရောက်ရှိခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ လွှဲပြောင်းလက်ခံခဲ့သည်။
thejakartapost.com

zawgyi

ျမန္မာ ၇၉၀ ဦး မေလးရွားလူဝင္မႈႀကီးၾကပ္ေရး ဝင္ေရာက္စီးနင္းမႈတြင္ အဖမ္းခံခဲ့ရ

ေမလ ၁၁ ရက္ေန႔တြင္ မေလးရွားအာဏာပိုင္မ်ားသည္ ျမန္မာႏိုင္ငံသား ၇၉၀ ဦး အပါအ၀င္ အေထာက္အထားမဲ့ ေ႐ႊ႕ေျပာင္းလုပ္သား ၁၃၀၀ ေက်ာ္အား ၀င္ေရာက္စီးနင္း ဖမ္းဆီးခဲ့သည္။ အာဏာပိုင္မ်ားကၿဖိဳခြဲႏွိမ္နင္းျခင္းသည္ COVID-19 ျပန႔္ပြားမႈကို တားဆီးရန္အတြက္ ႀကိဳတင္ကာကြယ္မႈမ်ား ျဖစ္သည္ဟု ေျပာၾကားခဲ့သည္။

ေမလ ၂ ရက္ေန႔တြင္ ျပဳလုပ္ခဲ့ေသာ ဝင္ေရာက္စီးနင္းဖမ္းဆီးမႈတြင္ အေထာက္အထားမဲ့ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား ၅၈၆ ဦးကို ဖမ္းဆီးခဲ့ၿပီးၿပီ ျဖစ္သည္။ ယခုတစ္ႀကိမ္သည္ ဒုတိယအႀကိမ္ ျဖစ္သည္ဟု Straits Times သတင္းတြင္ ေဖာ္ျပထားသည္။

မေလးရွားလူ ၀ င္မႈႀကီးၾကပ္ေရးဌာနက ေမလ ၁၂ ရက္ ေန႔ ထုတ္ျပန္ေၾကျငာခ်က္အရ အာဏာပိုင္မ်ားသည္ ေ႐ႊ႕ေျပာင္းလုပ္သား အမ်ားစု လုပ္ကိုင္လ်က္ ရွိသည့္ ကြာလာလမ္ပူလက္ကားေဈးတြင္ ေ႐ႊ႕ေျပာင္းလုပ္သား ၇,၅၅၁ ဦး ကို စစ္ေဆးခဲ့သည္။

“ စာ႐ြက္စာတမ္းအေထာက္အထားမ်ား မျပႏိုင္သည့္ ေ႐ႊ႕ေျပာင္းအလုပ္သမား (၁,၃၆၈) ဦးကို ကြာလာလမ္ပူလူ၀င္မႈႀကီးၾကပ္ေရး႐ုံးသို႔ ေခၚသြားၿပီး ထိန္းသိမ္းထားသည္” ဟု ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ဖမ္းဆီးထားေသာ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအနက္ ၇၉၀ ဦီးမွာ ျမန္မာမွ ျဖစ္ၿပီး ၄၂၁ ဦး မွာအင္ဒိုနီးရွားမွျဖစ္သည္။ အိႏၵိယမွ ၅၄ ဦး၊ ပါကစၥတန္မွ ၆ ဦး၊ ႏွင့္ဘဂၤလားေဒ့ရ္ွမွ ၇၈ ဦး တို႔ျဖစ္ၾကသည္။ က်န္သည့္သူမ်ားမွာ အျခားႏိုင္ငံမ်ားမွ ျဖစ္သည္။ သို႔ျဖစ္ရာ ျမန္မာႏိုင္ငံသားမ်ား အမ်ားဆုံး ဖမ္းဆီးခံခဲ့ရျခင္း ျဖစ္သည္။

သူတို႔အားလုံးကို စစ္ေဆးေမးျမန္းခဲ့ၿပီး မေလးရွားက်န္းမာေရး၀န္ႀကီးဌာနမွ COVID-19 အတြက္ ေဆးစစ္ခဲ့ရာ အႏႈတ္လကၡဏာျပခဲ့သည္။

ေ႐ႊ႕ေျပာင္းလုပ္သားမ်ားသည္ COVID-19 အတြက္ မိမိဆႏၵအေလ်ာက္ ေဆးစစ္မႈ ခံယူပါက ဖမ္းဆီးခံရျခင္းႏွင့္ျပည္ႏွင္ဒဏ္ေပးခံရမည့္ အေရးကိုေၾကာက္႐ြံ႕ေသာေၾကာင့္ ေဆးစစ္ခံၾကျခင္း မရွိေသာေၾကာင့္ ယခုလို ၀ င္ေရာက္စီးနင္း ဖမ္းဆီးၿပီး ေဆးစစ္ျခင္း၊ လူဝင္မႈႀကီးၾကပ္ေရး ဥပေဒအရ အေရးယူေဆာင္႐ြက္ျခင္းတို႔ကို တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ လုပ္ေဆာင္ျခင္း ျဖစ္သည္။

ယခင္က ထိန္းသိမ္းခံထားရေသာ ျမန္မာႏိုင္ငံသား (၃၉၁) ဦးအား မေလးရွားအစိုးရ၏ အစီအစဥ္ျဖင့္ Malaysia Airlines စင္းလုံးငွား အထူးေလယာဥ္ (၂) စီးျဖင့္ ၂၀၂၀ျပည့္ႏွစ္၊ ေမလ ၁၁ရက္တြင္ ျပန္လည္ပို႔ေဆာင္ခဲ့ရာ နံနက္ ၁၀:၂၅ နာရီႏွင့္ မြန္းလြဲ ၁၅:၀၅ နာရီတို႔တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ အသီးသီး ျပန္လည္ေရာက္ရွိခဲ့ၾကၿပီး သက္ဆိုင္ရာ တာဝန္ရွိသူမ်ားမွ လႊဲေျပာင္းလက္ခံခဲ့သည္။
thejakartapost.com

Read 2572 times
Rate this item
(0 votes)