စင်ကာပူတွင် ဆောက်လုပ်ရေးလုပ်သားများ stay-home ကာလတိုးမြှင့်သတ်မှတ်
စင်ကာပူတွင် ဆောက်လုပ်ရေးလုပ်သားများ stay-home ကာလတိုးမြှင့်သတ်မှတ်
ရွှေ့ပြောင်းလုပ်သား ပြည်ပအလုပ်သမားများတွင် ဆောက်လုပ်ရေးကဏ္ဍမှ လုပ်သားများကို
stay-home ကာလ နှစ်ပတ် တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
ဆောက်လုပ်ရေးကဏ္ဍမှ Work permit, S-Pass ကိုင်ဆောင်ထားတဲ့ လုပ်သားတွေနဲ့ သူတို့ကို မှီခိုသူများဟာ ြပင်းထန်တင်းကျပ်တဲ့ stay-home ကို မေလ ၁၈ ရက်အထိ လိုက်နာရမှာ ဖြစ်ပါတယ်။ လက်ရှိပြဌာန်းထားတဲ့ သတ်မှတ်ချက်က လာမယ့် မေလ ၄ ရက်မှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။
ဆောက်လုပ်ရေးကဏ္ဍမှ ရွှေ့ပြောင်းလုပ်သားတွေအကြား ဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားနေတာမို့ ယခုလို ရက်တိုးမြှင့်သတ်မှတ်လိုက်ရတာ ဖြစ်ပါတယ်။
Singapore Contractors Association Limited မှ အလတ်စား ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ငန်းရပ်ထားရတာမို့ ဆက်လက် ရပ်တည်ဖို့ ခက်ခဲနေတာအတွက် အထောက်အကူပေးဖို့ ရန်ပုံငွေတစ်ရပ် ထူထောင်နေပါတယ်။
Read 368 times
Rate this item
(0 votes)