ဆောက်လုပ်ရေးလုပ်ငန်းများတွင် တရားရင်ဆိုင်မှု ဖြစ်ပေါ်စေသည့် အငြင်းပွားမှုများ

ဆောက်လုပ်ရေးလုပ်ငန်းများတွင် တရားရင်ဆိုင်မှု ဖြစ်ပေါ်စေသည့် အငြင်းပွားမှုများ google

ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တရားစွဲဆိုခြင်းဆိုသည်မှာ ဖြစ်ပေါ်လာသည့် အငြင်းပွားမှုများကို ဖြေရှင်းရန်အလို့ငှာ သက်ဆိုင်ရာ တရားရုံးတစ်ခုခုတွင် တရားရင်ဆိုင်ဖြေရှင်းကြသော ဖြစ်စဉ်ကို ဆိုလိုပါသည်။

 

ဆောက်လုပ်ရေးလုပ်ငန်းများသည် ကာလရှည် လုပ်ဆောင်ရလေ့ရှိသော လုပ်ငန်းအမျိုးအစားတစ်ခုဖြစ်ရာ ဖြစ်ပေါ်လာနိုင်ခြေရှိသော အလွန်အသေးစိတ်ကျသော ကိစ္စရပ်များကို ကြိုတင်သိမြင်နိုင်ရန် ခက်ခဲလှပါသည်။

 

 

ထိုအခက်အခဲကပင် လုပ်ငန်း၏ မသေချာမှုများနှင့် ရှုပ်ထွေးမှုများကို သယ်ယူလာပါသည်။

 

 

ဆောက်လုပ်ရေးလုပ်ငန်းများ၏ အငြင်းပွားမှုဖြစ်စဉ်များကို လေ့လာကြည့်လျှင် ထိုမသေချာရှုပ်ထွေးမှုများ၊ ကန်ထရိုက်စာချုပ် ပြဿနာများက ဆောက်လုပ်ရေးလုပ်ငန်းများ၏ အငြင်းပွားမှုများကို အဓိက ဖြစ်ပေါ်စေကြောင်း တွေ့ရှိရပါသည်။

 

 

ထို့ကြောင့်ပင် တရားစွဲဆိုမှုများ ပေါ်ပေါက်လာရခြင်း ဖြစ်ပါပေသည်။

 

 

၁။ မသေချာမှုများ

 

 

တရားစွဲဆိုမှုများကို ဖြစ်ပေါ်လာစေသည့် အငြင်းပွားမှုများသည် လုပ်ငန်းလုပ်ဆောင်ရာတွင် မသေချာမှုများမှ အစပြုပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းများ၏ သဘောသဘာဝကပင် ရှုပ်ထွေးမှုများစွာရှိတတ်ရာ ထိုအရှုပ်အထွေးများကို ဖြေရှင်းရန်အတွက် ကြိုတင်ပြင်ဆင်ရန် လုံလောက်သောသတင်းအချက်အလက်များ မရရှိခဲ့၍ လုပ်ငန်းလုပ်ဆောင်ရာတွင် မသေချာမှုများ ပေါ်ထွန်းလာခြင်းဖြစ်သည်။

 

 

ထိုမသေချာမှုများတွင် အချိန်ကာလနှင့် ငွေကြေးတို့အကျုံးဝင်ပါသည်။ လုပ်ငန်းမစတင်မီကပင် စီမံကိန်းရေးဆွဲရာတွင် မသေချာမှုများဖြင့် မှန်းဆရေးဆွဲခဲ့ရသည်ဖြစ်၍ အချိန်မီမပြီးဆုံးခြင်း၊ ငွေကြေးမလုံလောက်ခြင်း အစရှိသော အငြင်းပွားဖွယ်ကိစ္စများပေါ်ထွန်းကာ တရားစွဲခြင်း သို့မဟုတ် တရားစွဲခံရခြင်းများ ဖြစ်ပေါ်လာပါတော့သည်။

 

 

၂။ ကန်ထရိုက်စာချုပ်ပြဿနာများ

 

 

စံနမူနာပြဖြစ်သော ကန်ထရိုက်စာချုပ်များတွင် နှစ်ဦးနှစ်ဖက်ထမ်းဆောင်ရမည်ဖြစ်သော တာဝန်နှင့်ဝတ္တရားများ အပါအဝင် တွေ့ကြုံရနိုင်ဖွယ်ရှိသော ဆုံးရှုံးနစ်နာမှုများကို မည်ကဲ့သို့ဖြေရှင်းရမည်ကို မသေချာမှုများအား ကျော်လွှားနိုင်ရန်နှင့် ကာလရှည်လုပ်ဆောင်နိုင်ရန်အလို့ငှာ ဖော်ပြချုပ်ဆိုလေ့ရှိကြပါသည်။

 

 

သေချာခိုင်မာအောင် ချုပ်ဆိုထားခြင်းမရှိသောကန်ထရိုက်စာချုပ်များသည် တရားစွဲဆိုမှုများဖြစ်ပေါ်လာစေသောအငြင်းပွားမှုများ၏ အဓိကပြဿနာတစ်ရပ်ဖြစ်ပါသည်။

 

 

၃။အပြုအမူ၊ အကျင့်အကြံများ

 

 

အချို့သောကန်ထရိုက်စာချုပ်များသည် လုပ်ငန်းဆောင်ရွက်မှုနှင့် ကိုက်ညီအောင်ချုပ်ဆိုထားနိုင်ခြင်းမရှိပါ။ ထိုမှစ၍ နှစ်ဦးနှစ်ဖက်အငြင်းပွားမှုများကို ပေါ်ထွန်းလာစေပါသည်။

 

 

မရှင်းလင်းသောရေးသားချုပ်ဆိုမှုများ၊ မပြည့်စုံခြင်းများသည် တစ်ဖက်နှင့်တစ်ဖက်၏ တာဝန်နှင့်ဝတ္တရားများတွင် ကွဲလွဲမှုများပေါ်ပေါက်လာစေခြင်းမှ တဆင့် တရားစွဲဆိုသည့်အဆင့်အထိ တက်လှမ်းသွားစေနိုင်ပါသည်။

 

 

၄။လုပ်ငန်းလုပ်ကိုင်မှုအရှိန်

 

 

အဆောက်အဦးပိုင်ဆိုင်သူမှ အဆောက်အဦးဆောက်လုပ်ခြင်းလုပ်ငန်းအား အရှိန်မြင့်၍ ဆောင်ရွက်ရန်တွန်းအား ပေးခြင်းသည် ထူးခြားသောကိစ္စတစ်ရပ်မဟုတ်ပါ။

 

 

အဓိကအစိတ်အပိုင်းများ အမြန်ပြီးဆုံးရန်နှင့် အဆောက်အဦး ဖွင့်ရက်မှီစေရန် တွန်းအားပေးမည်ဖြစ်ပါလိမ့်မည်။ လုပ်ငန်းလုပ်ကိုင်မှုအရှိန်သည် လုပ်ငန်းကုန်ကျစရိတ်နှင့် လည်း ဆက်စပ်မှုရှိနေပါသည်။ ထိုကြောင့် လွဲချော်မှုများရှိလျှင် တရားစွဲခြင်းကိစ္စရပ်များ ပေါ်ထွန်းလာနိုင်ပါသည်။

 

 

၅။ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာကိစ္စများ

 

 

ဆောက်လုပ်ရေးလုပ်ငန်းများတွင် စက်မှုနှင့် လျှပ်စစ်ဆိုင်ရာကဲ့သို့သော အထူးပြုပူးပေါင်းဆောင်ရွက်မှုများ မဖြစ်မနေပါဝင်လျှက်ရှိနေပါသည်။ ယင်းသို့ ပူးပေါင်းဆောင်ရွက်မှုများတွင် အငြင်းပွားမှုများ ပေါ်ထွန်းလာတတ်ပါ သည်။ အချိန်ကုန်သောတရားစွဲဆိုမှုများနှင့် ရင်ဆိုင်ရနိုင်ပါသည်။

 

 

၆။မတူညီသောမျှော်မှန်းမှုများ

 

 

ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ဆောင်ရာ၌ တစ်ဖက်နှင့်တစ်ဖက်ဆီတွင် အဆောက်အဦးပေါ် မတူညီသော မျှော်မှန်းမှုများ ရှိနေနိုင်ပါသည်။

 

၎င်းမတူညီသောမျှော်မှန်းမှုများကပင် အငြင်းပွားမှုများကို ပေါ်ပေါက်စေပြီး တရားစွဲဆိုသောအဆင့်သို့ ရောက်ရှိနိုင်ပါသည်။

 

 

အထက်ပါအချက်များသည် တရားစွဲဆိုမှုကို အဓိကဖြစ်ပေါ်စေသော အချက်များဖြစ်ကြပါသည်။

 

 

Source: Phoe Phyu & Associates Law Firm

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ တရားရင္ဆိုင္မႈ ျဖစ္ေပၚေစသည့္ အျငင္းပြားမႈမ်ား

 

 

ေဆာက္လုပ္ေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ တရားစြဲဆိုျခင္းဆိုသည္မွာ ျဖစ္ေပၚလာသည့္ အျငင္းပြားမႈမ်ားကို ေျဖရွင္းရန္အလို႔ငွာ သက္ဆိုင္ရာ တရား႐ုံးတစ္ခုခုတြင္ တရားရင္ဆိုင္ေျဖရွင္းၾကေသာ ျဖစ္စဥ္ကို ဆိုလိုပါသည္။

 

 

ေဆာက္လုပ္ေရးလုပ္ငန္းမ်ားသည္ ကာလရွည္ လုပ္ေဆာင္ရေလ့ရွိေသာ လုပ္ငန္းအမ်ိဳးအစားတစ္ခုျဖစ္ရာ ျဖစ္ေပၚလာႏိုင္ေျခရွိေသာ အလြန္အေသးစိတ္က်ေသာ ကိစၥရပ္မ်ားကို ႀကိဳတင္သိျမင္ႏိုင္ရန္ ခက္ခဲလွပါသည္။

 

 

ထိုအခက္အခဲကပင္ လုပ္ငန္း၏ မေသခ်ာမႈမ်ားႏွင့္ ရႈပ္ေထြးမႈမ်ားကို သယ္ယူလာပါသည္။

 

 

ေဆာက္လုပ္ေရးလုပ္ငန္းမ်ား၏ အျငင္းပြားမႈျဖစ္စဥ္မ်ားကို ေလ့လာၾကည့္လွ်င္ ထိုမေသခ်ာရႈပ္ေထြးမႈမ်ား၊ ကန္ထ႐ိုက္စာခ်ဳပ္ ျပႆနာမ်ားက ေဆာက္လုပ္ေရးလုပ္ငန္းမ်ား၏ အျငင္းပြားမႈမ်ားကို အဓိက ျဖစ္ေပၚေစေၾကာင္း ေတြ႕ရွိရပါသည္။

 

 

ထို႔ေၾကာင့္ပင္ တရားစြဲဆိုမႈမ်ား ေပၚေပါက္လာရျခင္း ျဖစ္ပါေပသည္။

 

 

၁။ မေသခ်ာမႈမ်ား

 

 

တရားစြဲဆိုမႈမ်ားကို ျဖစ္ေပၚလာေစသည့္ အျငင္းပြားမႈမ်ားသည္ လုပ္ငန္းလုပ္ေဆာင္ရာတြင္ မေသခ်ာမႈမ်ားမွ အစျပဳပါသည္။ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား၏ သေဘာသဘာဝကပင္ ရႈပ္ေထြးမႈမ်ားစြာရွိတတ္ရာ ထိုအရႈပ္အေထြးမ်ားကို ေျဖရွင္းရန္အတြက္ ႀကိဳတင္ျပင္ဆင္ရန္ လုံေလာက္ေသာသတင္းအခ်က္အလက္မ်ား မရရွိခဲ့၍ လုပ္ငန္းလုပ္ေဆာင္ရာတြင္ မေသခ်ာမႈမ်ား ေပၚထြန္းလာျခင္းျဖစ္သည္။

 

 

ထိုမေသခ်ာမႈမ်ားတြင္ အခ်ိန္ကာလႏွင့္ ေငြေၾကးတို႔အက်ဳံးဝင္ပါသည္။ လုပ္ငန္းမစတင္မီကပင္ စီမံကိန္းေရးဆြဲရာတြင္ မေသခ်ာမႈမ်ားျဖင့္ မွန္းဆေရးဆြဲခဲ့ရသည္ျဖစ္၍ အခ်ိန္မီမၿပီးဆုံးျခင္း၊ ေငြေၾကးမလုံေလာက္ျခင္း အစရွိေသာ အျငင္းပြားဖြယ္ကိစၥမ်ားေပၚထြန္းကာ တရားစြဲျခင္း သို႔မဟုတ္ တရားစြဲခံရျခင္းမ်ား ျဖစ္ေပၚလာပါေတာ့သည္။

 

 

၂။ ကန္ထ႐ိုက္စာခ်ဳပ္ျပႆနာမ်ား

 

 

စံနမူနာျပျဖစ္ေသာ ကန္ထ႐ိုက္စာခ်ဳပ္မ်ားတြင္ ႏွစ္ဦးႏွစ္ဖက္ထမ္းေဆာင္ရမည္ျဖစ္ေသာ တာဝန္ႏွင့္ဝတၱရားမ်ား အပါအဝင္ ေတြ႕ႀကဳံရႏိုင္ဖြယ္ရွိေသာ ဆုံးရႈံးနစ္နာမႈမ်ားကို မည္ကဲ့သို႔ေျဖရွင္းရမည္ကို မေသခ်ာမႈမ်ားအား ေက်ာ္လႊားႏိုင္ရန္ႏွင့္ ကာလရွည္လုပ္ေဆာင္ႏိုင္ရန္အလို႔ငွာ ေဖာ္ျပခ်ဳပ္ဆိုေလ့ရွိၾကပါသည္။

 

 

ေသခ်ာခိုင္မာေအာင္ ခ်ဳပ္ဆိုထားျခင္းမရွိေသာကန္ထ႐ိုက္စာခ်ဳပ္မ်ားသည္ တရားစြဲဆိုမႈမ်ားျဖစ္ေပၚလာေစေသာအျငင္းပြားမႈမ်ား၏ အဓိကျပႆနာတစ္ရပ္ျဖစ္ပါသည္။

 

 

၃။အျပဳအမူ၊ အက်င့္အႀကံမ်ား

 

 

အခ်ိဳ႕ေသာကန္ထ႐ိုက္စာခ်ဳပ္မ်ားသည္ လုပ္ငန္းေဆာင္႐ြက္မႈႏွင့္ ကိုက္ညီေအာင္ခ်ဳပ္ဆိုထားႏိုင္ျခင္းမရွိပါ။ ထိုမွစ၍ ႏွစ္ဦးႏွစ္ဖက္အျငင္းပြားမႈမ်ားကို ေပၚထြန္းလာေစပါသည္။

 

 

မရွင္းလင္းေသာေရးသားခ်ဳပ္ဆိုမႈမ်ား၊ မျပည့္စုံျခင္းမ်ားသည္ တစ္ဖက္ႏွင့္တစ္ဖက္၏ တာဝန္ႏွင့္ဝတၱရားမ်ားတြင္ ကြဲလြဲမႈမ်ားေပၚေပါက္လာေစျခင္းမွ တဆင့္ တရားစြဲဆိုသည့္အဆင့္အထိ တက္လွမ္းသြားေစႏိုင္ပါသည္။

 

 

၄။လုပ္ငန္းလုပ္ကို္င္မႈအရွိန္

 

 

အေဆာက္အဦးပိုင္ဆိုင္သူမွ အေဆာက္အဦးေဆာက္လုပ္ျခင္းလုပ္ငန္းအား အရွိန္ျမင့္၍ ေဆာင္႐ြက္ရန္တြန္းအား ေပးျခင္းသည္ ထူးျခားေသာကိစၥတစ္ရပ္မဟုတ္ပါ။

 

 

အဓိကအစိတ္အပိုင္းမ်ား အျမန္ၿပီးဆုံးရန္ႏွင့္ အေဆာက္အဦး ဖြင့္ရက္မွီေစရန္ တြန္းအားေပးမည္ျဖစ္ပါလိမ့္မည္။ လုပ္ငန္းလုပ္ကိုင္မႈအရွိန္သည္ လုပ္ငန္းကုန္က်စရိတ္ႏွင့္ လည္း ဆက္စပ္မႈရွိေနပါသည္။ ထိုေၾကာင့္ လြဲေခ်ာ္မႈမ်ားရွိလွ်င္ တရားစြဲျခင္းကိစၥရပ္မ်ား ေပၚထြန္းလာႏိုင္ပါသည္။

 

 

၅။ပူးေပါင္းေဆာင္႐ြက္ျခင္းဆိုင္ရာကိစၥမ်ား

 

 

ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ စက္မႈႏွင့္ လွ်ပ္စစ္ဆိုင္ရာကဲ့သို႔ေသာ အထူးျပဳပူးေပါင္းေဆာင္႐ြက္မႈမ်ား မျဖစ္မေနပါဝင္လွ်က္ရွိေနပါသည္။ ယင္းသို႔ ပူးေပါင္းေဆာင္႐ြက္မႈမ်ားတြင္ အျငင္းပြားမႈမ်ား ေပၚထြန္းလာတတ္ပါ သည္။ အခ်ိန္ကုန္ေသာတရားစြဲဆိုမႈမ်ားႏွင့္ ရင္ဆိုင္ရႏိုင္ပါသည္။

 

 

၆။မတူညီေသာေမွ်ာ္မွန္းမႈမ်ား

 

 

ေဆာက္လုပ္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္ရာ၌ တစ္ဖက္ႏွင့္တစ္ဖက္ဆီတြင္ အေဆာက္အဦးေပၚ မတူညီေသာ ေမွ်ာ္မွန္းမႈမ်ား ရွိေနႏိုင္ပါသည္။ ၎မတူညီေသာေမွ်ာ္မွန္းမႈမ်ားကပင္ အျငင္းပြားမႈမ်ားကို ေပၚေပါက္ေစၿပီး တရားစြဲဆိုေသာအဆင့္သို႔ ေရာက္ရွိႏိုင္ပါသည္။

 

 

အထက္ပါအခ်က္မ်ားသည္ တရားစြဲဆိုမႈကို အဓိကျဖစ္ေပၚေစေသာ အခ်က္မ်ားျဖစ္ၾကပါသည္။

 

 

Source: Phoe Phyu & Associates Law Firm

 

Read 513 times Last modified on Thursday, 30 January 2020 16:26
Rate this item
(0 votes)
Tagged under