ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတွင် တည်းခိုဆောင်ဈေးနှုန်းများအား လျော့ချသတ်မှတ်ထား

ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတွင် တည်းခိုဆောင်ဈေးနှုန်းများအား လျော့ချသတ်မှတ်ထား google

 

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် စတင်ကျင်းပတော့မည့် မန်းရွှေစက်တော်ဘုရားပွဲတွင် တည်းခိုဆောင်လုပ်ငန်းရှင်များကို ကြမ်းခင်းဈေးသတ်မှတ်ကာ မဲစနစ်ဖြင့် ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။

 

ယခင်နှစ်တွေက လုပ်ငန်းရှင်များကို လေလံစနစ်ဖြင့် တည်းခိုဆောင်များကို ကန့်သတ်ခဲ့သည့်အတွက် လုပ်ငန်းရှင်များ အရှုံးပေါ်ခဲ့သော်ကြောင့် ကြမ်းခင်းဈေးသတ်မှတ်ကာ မဲစနစ်ဖြင့် တည်းခိုဆောင်များကို ချပေးခဲ့တာ ဖြစ်တယ်လို့ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောပါတယ်။

 

 

အရင်နှစ်တွေက လေလံပစ်စဉ်က တဲကျောင်းတစ်တွဲလျှင် ကျပ်သိန်း ၈၀ မှ သိန်း ၁၀၀ ကျော်ထိရှိခဲ့ပြီး ယခုနှစ်တွင် ပြီးခဲ့သည့် ၃ နှစ်အတွင်း လေလံအမြင့်ဆုံးဈေးများအား ၃ဖြင့်စားက ကြမ်းခင်းဈေးအဖြစ် သတ်မှတ်ပေးခဲ့တယ်လို့ ရွှေစက်တော်ဂေါပကအဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးမှ ပြောပါတယ်။

 

 

အရင်နှစ်က အထူးတည်းခိုဆောင်များတွင် အဲယားကွန်း၊ ရေချိူးခန်း၊ အိမ်သာပါသည့် အခန်းများကို ကျပ် (၁) သိန်း သတ်မှတ်ပေးခဲ့ပြီး ယခုနှစ်တွင် ငွေကျပ် ၇ သောင်း ထိ လျှော့ချပေးထားကြောင်းနှင့် သာမန်တည်းခိုဆောင်များကို နေရာအလိုက် ငွေကျပ် ၁၅,၀၀၀ မှ ၃၀,၀၀၀ သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

 

 

လုပ်ငန်းရှင်များအနေဖြင့် တည်းခိုသူများအား ဈေးပိုတောင်းခြင်းများတွေ့ရှိပါက လုပ်ငန်းပိတ်သိမ်းပြီး စပေါ်တင်ထားသည့်ငွေများကို ထုတ်မပေးတော့ဘဲ ဘုရားကြီးဂေါပက ရန်ပုံငွေအဖြစ် သိမ်းယူသွားမည်ဖြစ်တယ်လို့ သိရပါတယ်။

 

 

ဘုရားဖူးသွားလာသူများ ပိုမိုများလာစေရန်နှင့် သွားလာရာတွင် အဆင်ပြေနိုင်ရန်အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ယခုႏွစ္္ မန္းေရႊစက္ေတာ္ဘုရားပြဲတြင္ တည္းခိုေဆာင္ေစ်းႏႈန္းမ်ားအား ေလ်ာ့ခ်သတ္မွတ္ထား

 

 

ဇန္နဝါရီလ ၂၉ ရက္ေန႕တြင္ စတင္က်င္းပေတာ့မည့္ မန္းေရႊစက္ေတာ္ဘုရားပြဲတြင္ တည္းခိုေဆာင္လုပ္ငန္းရွင္မ်ားကို ၾကမ္းခင္းေစ်းသတ္မွတ္ကာ မဲစနစ္ျဖင့္ ေရြးခ်ယ္ေပးခဲ့တာ ျဖစ္ပါတယ္။

 

 

ယခင္ႏွစ္ေတြက လုပ္ငန္းရွင္မ်ားကို ေလလံစနစ္ျဖင့္ တည္းခိုေဆာင္မ်ားကုိ ကန္႕သတ္ခဲ့သည့္အတြက္ လုပ္ငန္းရွင္မ်ား အရႈံးေပၚခဲ့ေသာ္ေၾကာင့္ ၾကမ္းခင္းေစ်းသတ္မွတ္ကာ မဲစနစ္ျဖင့္ တည္းခိုေဆာင္မ်ားကို ခ်ေပးခဲ့တာ ျဖစ္တယ္လို႔ မင္းဘူးခရိုင္အုပ္ခ်ဳပ္ေရးမွွဴး ဦးစန္းေဌးက ေျပာပါတယ္။

 

 

အရင္ႏွစ္ေတြက ေလလံပစ္စဥ္က တဲေက်ာင္းတစ္တြဲလွ်င္ က်ပ္သိန္း ၈၀ မွ သိန္း ၁၀၀ ေက်ာ္ထိရွိခဲ့ၿပီး ယခုႏွစ္တြင္ ၿပီးခဲ့သည့္ ၃ ႏွစ္အတြင္း ေလလံအျမင့္ဆံုးေစ်းမ်ားအား ၃ျဖင့္စားက ၾကမ္းခင္းေစ်းအျဖစ္ သတ္မွတ္ေပးခ့ဲတယ္လို႔ ေရႊစက္ေတာ္ေဂါပကအဖြဲ႔ဝင္ တာဝန္ရွိသူတစ္ဦးမွ ေျပာပါတယ္။

 

 

အရင္ႏွစ္က အထူးတည္းခိုေဆာင္မ်ားတြင္ အဲယားကြန္း၊ ေရခ်ိဴးခန္း၊ အိမ္သာပါသည့္ အခန္းမ်ားကို က်ပ္ (၁) သိန္း သတ္မွတ္ေပးခဲ့ၿပီး ယခုႏွစ္တြင္ ေငြက်ပ္ ၇ ေသာင္း ထိ ေလွ်ာ့ခ်ေပးထားေၾကာင္းႏွင့္ သာမန္တည္းခိုေဆာင္မ်ားကို ေနရာအလိုက္ ေငြက်ပ္ ၁၅,၀၀၀ မွ ၃၀,၀၀၀ သတ္မွတ္ေပးခဲ့တယ္လို႔ သိရပါတယ္။

 

 

လုပ္ငန္းရွင္မ်ားအေနျဖင့္ တညး္ခိုသူမ်ားအား ေစ်းပိုေတာင္းျခင္းမ်ားေတြ႕ရွိပါက လုပ္ငန္းပိတ္သိမ္းၿပီး စေပၚတင္ထားသည့္ေငြမ်ားကုိ ထုတ္မေပးေတာ့ဘဲ ဘုရားႀကီးေဂါပက ရန္ပံုေငြအျဖစ္ သိမ္းယူသြားမည္ျဖစ္တယ္လို႔ သိရပါတယ္။

 

 

ဘုရားဖူးသြားလာသူမ်ား ပိုမိုမ်ားလာေစရန္ႏွင့္ သြားလာရာတြင္ အဆင္ေျပႏိုင္ရန္အတြက္ ရည္ရြယ္ၿပီး ေဆာင္ရြက္ေပးခဲ့တာလည္း ျဖစ္ပါတယ္။

 

Read 587 times Last modified on Friday, 31 January 2020 16:25
Rate this item
(0 votes)
Tagged under