ဆောက်လုပ်ရေးဆိုင်ရာ စာချုပ်တစ်ခုကို ဘယ်လိုရေးသားမလဲ

ဆောက်လုပ်ရေးဆိုင်ရာ စာချုပ်တစ်ခုကို ဘယ်လိုရေးသားမလဲ google

ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုကို လုပ်တော့မယ်ဆိုလျှင် လုပ်ငန်းနဲ့ သက်ဆိုင်တာတွေကို နားလည်ဖို့ လိုအပ်သလို လုပ်ငန်းအတွက် စာချုပ်ချုပ်ဆိုတဲ့အခါမှာလည်း မှန်ကန်တဲ့ လုပ်ထုံးလုပ်နည်းတွေကို နားလည်ဖို့ အင်မတန် လိုအပ်ပါတယ်။

 

လုပ်ငန်းတစ်ခုလုပ်လို့ ဆိုင်ရာပိုင်ရာတွေနဲ့ စာချုပ်ချုပ်တော့မယ်ဆိုလျှင် ကိုယ်က ဦးအောင် ချုပ်မှာလား၊ ကိုယ့်ကို ပြန်ချုပ်တာ ခံမှာလား။ ဘယ်သူမှတော့ ကိုယ့်ကို လာချုပ်တာ မခံချင်ကြပါဘူး။ အတူ အပြန်အလှန် တာဝန်ယူကြတာမျိုးပဲ ဖြစ်ချင်ကြမှာပါ။

 

 

ဒါကြောင့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို သိထားဖို့က တကယ်လိုအပ်ပါတယ်။ အကယ်လို့ နားမလည်ဘူးဆိုရင်လည်း နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ တိုင်ပင်လုပ်ဆောင်ထားဖို့ လိုအပ်ပါတယ်။ ဒါဆို ဒီစာချုပ်ထဲမှာ ဘာတွေထည့်ရမယ် ဘာတွေပါရမယ် ဆိုတာကိုတော့ ဗဟုသုတအနေနဲ့ သိကို သိထားရမှာပါ။ ကိုယ့်ရှေ့နေက ချုပ်ပေးသည့်တိုင်အောင် ကိုယ်ကိုယ်တိုင်ကပါ သိနေတော့ ပိုပြီးတော့ ကောင်းပါတယ်။

 

 

ဒါဆိုရင် ဆောက်လုပ်ရေးဆိုင်ရာ စာချုပ်တစ်ခု ဘယ်လိုရေးသားမလဲ? ဆိုတာနားလည်လွယ်အောင် အပိုင်း နှစ်ပိုင်းခွဲပြီး ဖော်ပြပေးလိုက်ပါတယ်။

 

 

ပထမအနေနဲ့


---Writing Your Construction Contract---

 

1. Write the title and a little preamble

ပထမဦးစွာ စာချုပ်ရဲ့ ရည်ရွယ်ချက်ကို ဖော်ပြတဲ့ Title တစ်ခုရေးပါ။ ပြီးရင်တော့ စာချုပ်ကို စတင်တဲ့အနေနဲ့ နိဒါန်းတစ်ခု ရေးရပါမယ်။ ဒါကလည်း သိပ်ခက်ခက်ခဲခဲကြီး စဉ်းစားနေစရာ မဟုတ်ပါဘူး။ ဒီစာချုပ်မှာ လက်မှတ်ရေးထိုးမယ့်သူဟာ ဘယ်သူတွေဖြစ်တယ်၊ ဘယ်လုပ်ငန်း၊ ဘယ်ရာထူး၊ လုပ်မယ့် ပရောဂျက်၊ တည်နေရာ၊ ပရောဂျက် စတင်မယ့်ရက်၊ အဆုံးသတ်မယ့်ရက် စသဖြင့် ရေးသားပြင်ဆင်မှုနဲ့ စတင်ရပါမယ်။

 

 

2. Describe the work that will be done

ပြီးတာနဲ့ မိတ်ဆွေတို့ လုပ်ဆောင်မယ့်၊ ဖော်ဆောင်မယ့် ကိစ္စအတွက် စက်ပစ္စည်းတွေကို ဘယ်လိုနေရာမှာ ဘာအတွက်သုံးမယ်၊ အရည်အတွက်၊ အရည်အသွေး၊ အကြောင်းအရာ အပြည့်အစုံကို တိတိကျကျ ချရေးထားဖို့ လိုပါတယ်။

 

 

3. Include financial information

ဒါတွေ ရေးပြီးရင်တော့ ဘတ်ဂျက်အတွက် ခရေစေ့တွင်းကျ တွက်ချက်ဖို့ လိုပါပြီ။ လုပ်ငန်း ပြီးမြောက်အောင် လုပ်ဆောင်ရာမှာ လိုအပ်တဲ့ ငွေကြေးပမာဏ ဘယ်လောက်ဟာ Owner သို့မဟုတ် Client တွေက ကျခံရမယ်ဆိုတဲ့ သဘောတူညီချက်ကိုလည်း တပါတည်း ထည့်ရေးရမှာပါ။ ဒါ့အပြင် စာချုပ်စာတမ်းဖိုး၊ လုပ်ငန်းကာလအတွင်း ငွေပေးချေရမယ့် စံနှုန်းသတ်မှတ်ချက်၊ နောက်ဆုံးအနေနဲ့ ပေးချေရမယ့်ပမာဏ စတဲ့ ကုန်ကျငွေတွေကို သေသေချာ ရေးဖို့တော့ လိုပါတယ်။

 

 

4. Include payment due dates and fees

ဘတ်ဂျက် ပမာဏကို တွက်ချက်ပြီးတဲ့နောက်မှာတော့ အဲ့ဒီဘတ်ဂျက်ကို ဘယ်နေ့၊ ဘယ်ရက်မှာ စတင်ပေးဆောင်တယ်၊ ဘယ်နှလ တစ်ခါပေးချေရမယ်စတဲ့ အချိန်ကာလတွေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ငွေပေးချေတယ် စတာတွေကို မှန်မှန်ကန်ကန် ဖြည့်စွက်ရပါမယ်။

 

 

5. Provide a project description

ဒီအပိုင်းမှာတော့ ပရောဂျက်ရဲ့ ရည်ရွယ်ချက်၊ တာဝန်တွေကို ဖော်ပြပေးရမှာပါ။ အကျယ်တဝင့် အသေးစိတ် ရေးစရာမလိုပါဘူး။ ပရောဂျက်ရဲ့ တာဝန်ကို အကျဉ်းချုပ်တော့ ဖော်ပြပေးရပါတယ်။

 

 

6. Describe how any changes to the work order will be handled

Owner/ Client တို့ကြောင့် မမျှော်လင့်ထားတဲ့ အလုပ်နဲ့ အပို ကုန်ကျစရိတ်တွေ ပေါ်လာခဲ့သည်ရှိသော် ကိုယ့်ကိုကိုယ် ကာကွယ်အနေနဲ့ စည်ကမ်း သတ်မှတ်ချက်တချို့ကိုလည်း ထည့်သွင်းဖော်ရပါမယ်။

 

 

7. Create a Signature Line

ဒါကတော့ စာချုပ်ပါ အကြောင်းအရာတွေကို သဘောတူညီကြောင်း ဖော်ပြဖို့အတွက် Sign ထိုးဖို့နေရာ ထားထားပေးရမှာပါ။ လက်မှတ်အောက်မှာ လက်မှတ်ပိုင်ရှင်ရဲ့ လိပ်စာ၊ ဖုန်းနံပါတ်တို့ကိုလည်း ထည့်သွင်းနိုင်ပါသေးတယ်။

 

ဒုတိယအနေနဲ့

 

---Meeting State Requirements---

 

1. Check your state law for required inclusions

နေရာဒေသ၊ နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ စာချုပ်စာတမ်း ဥပဒေသတွေက တစ်ခုနဲ့ တစ်ခု မတူညီကြပါဘူး။ ဒီတော့ စာချုပ်စာတမ်းမှာပါတဲ့ ဥပဒေဆိုင်ရာ အချက်အလက်တွေကလည်း အဲ့နယ်မြေမှာ ကျင့်သုံးနေတဲ့ ဥပဒေနဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးကြည့်ဖို့လည်း လိုပါတယ်။

 

 

2. Provide a projected construction schedule

ချုပ်ဆိုမယ့် စာချုပ်ထဲမှာ ဘယ်နှစ်ရက်အတွင်း အလုပ် ဘယ်လောက်ပြီးရမယ်ဆိုတာကို ထည့်သွင်းရပါဦးမယ်။ တစ်ရက်ကို ဘယ်အလုပ်တွေ ပြီးတယ်၊ ဘယ်လောက် အလုပ်ဖြစ်တယ်ဆိုတဲ့ အချိန်ဇယား တစ်ခုကတော့ လိုအပ်ပါတယ်။

 

 

ဒီအထိ ဖတ်လာပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်မိသလို၊ မိတ်ဆွေတို့အတွက် အကျိုးရှိဖို့လည်း မျှော်လင့်ပါတယ်။

 

Myanmar Builders Guide


---Zawgyi---

 

ေဆာက္လုပ္ေရးဆိုင္ရာ စာခ်ဳပ္တစ္ခုကို ဘယ္လိုေရးသားမလဲ

 

ေဆာက္လုပ္ေရး လုပ္ငန္းတစ္ခုကို လုပ္ေတာ့မယ္ဆိုလွ်င္ လုပ္ငန္းနဲ႔ သက္ဆိုင္တာေတြကို နားလည္ဖို႔ လုိအပ္သလို လုပ္ငန္းအတြက္ စာခ်ဳပ္ခ်ဳပ္ဆိုတဲ့အခါမွာလည္း မွန္ကန္တဲ့ လုပ္ထံုးလုပ္နည္းေတြကို နားလည္ဖို႔ အင္္မတန္ လိုအပ္ပါတယ္။

 

 

လုပ္ငန္းတစ္ခုလုပ္လို႔ ဆိုင္ရာပိုင္ရာေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ေတာ့မယ္ဆိုလွ်င္ ကိုယ္္က ဦးေအာင္ ခ်ဳပ္မွာလား၊ ကိုယ့္ကို ျပန္ခ်ဳပ္တာ ခံမွာလား။ ဘယ္သူမွေတာ့ ကိုယ့္ကို လာခ်ဳပ္တာ မခံခ်င္ၾကပါဘူး။ အတူ အျပန္အလွန္ တာဝန္ယူၾကတာမ်ိဳးပဲ ျဖစ္ခ်င္ၾကမွာပါ။

 

 

ဒါေၾကာင့္ ဥပေဒဆိုင္ရာ လုပ္ထုံးလုပ္နည္းေတြကို သိထားဖို႔က တကယ္လိုအပ္ပါတယ္။ အကယ္လို႔ နားမလည္ဘူးဆိုရင္လည္း နားလည္တတ္ကြၽမ္းတဲ့သူေတြနဲ႔ တိုင္ပင္လုပ္ေဆာင္ထားဖို႔ လိုအပ္ပါတယ္။ ဒါဆို ဒီစာခ်ဳပ္ထဲမွာ ဘာေတြထည့္ရမယ္ ဘာေတြပါရမယ္ ဆိုတာကိုေတာ့ ဗဟုသုတအေနနဲ႔ သိကို သိထားရမွာပါ။ ကိုယ့္ေရွ႕ေနက ခ်ဳပ္ေပးသည့္တိုင္ေအာင္ ကိုယ္ကိုယ္တိုင္ကပါ သိေနေတာ့ ပိုၿပီးေတာ့ ေကာင္းပါတယ္။

 

 

ဒါဆိုရင္ ေဆာက္လုပ္ေရးဆိုင္ရာ စာခ်ဳပ္တစ္ခု ဘယ္လိုေရးသားမလဲ? ဆိုတာနားလည္လြယ္ေအာင္ အပိုင္း ႏွစ္ပိုင္းခြဲၿပီး ေဖာ္ျပေပးလိုက္ပါတယ္။

 

 

ပထမအေနနဲ႔


---Writing Your Construction Contract---

 

1. Write the title and a little preamble

ပထမဦးစြာ စာခ်ဳပ္ရဲ႕ ရည္႐ြယ္ခ်က္ကို ေဖာ္ျပတဲ့ Title တစ္ခုေရးပါ။ ၿပီးရင္ေတာ့ စာခ်ဳပ္ကို စတင္တဲ့အေနနဲ႔ နိဒါန္းတစ္ခု ေရးရပါမယ္။ ဒါကလည္း သိပ္ခက္ခက္ခဲခဲႀကီး စဥ္းစားေနစရာ မဟုတ္ပါဘူး။ ဒီစာခ်ဳပ္မွာ လက္မွတ္ေရးထိုးမယ့္သူဟာ ဘယ္သူေတြျဖစ္တယ္၊ ဘယ္လုပ္ငန္း၊ ဘယ္ရာထူး၊ လုပ္မယ့္ ပေရာဂ်က္၊ တည္ေနရာ၊ ပေရာဂ်က္ စတင္မယ့္ရက္၊ အဆုံးသတ္မယ့္ရက္ စသျဖင့္ ေရးသားျပင္ဆင္မႈနဲ႔ စတင္ရပါမယ္။

 

 

2. Describe the work that will be done

ၿပီးတာနဲ႔ မိတ္ေဆြတို႔ လုပ္ေဆာင္မယ့္၊ ေဖာ္ေဆာင္မယ့္ ကိစၥအတြက္ စက္ပစၥည္းေတြကို ဘယ္လိုေနရာမွာ ဘာအတြက္သုံးမယ္၊ အရည္အတြက္၊ အရည္အေသြး၊ အေၾကာင္းအရာ အျပည့္အစုံကို တိတိက်က် ခ်ေရးထားဖို႔ လိုပါတယ္။

 

 

3. Include financial information

ဒါေတြ ေရးၿပီးရင္ေတာ့ ဘတ္ဂ်က္အတြက္ ခေရေစ့တြင္းက် တြက္ခ်က္ဖို႔ လိုပါၿပီ။ လုပ္ငန္း ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ရာမွာ လိုအပ္တဲ့ ေငြေၾကးပမာဏ ဘယ္ေလာက္ဟာ Owner သို႔မဟုတ္ Client ေတြက က်ခံရမယ္ဆိုတဲ့ သေဘာတူညီခ်က္ကိုလည္း တပါတည္း ထည့္ေရးရမွာပါ။ ဒါ့အျပင္ စာခ်ဳပ္စာတမ္းဖိုး၊ လုပ္ငန္းကာလအတြင္း ေငြေပးေခ်ရမယ့္ စံႏႈန္းသတ္မွတ္ခ်က္၊ ေနာက္ဆုံးအေနနဲ႔ ေပးေခ်ရမယ့္ပမာဏ စတဲ့ ကုန္က်ေငြေတြကို ေသေသခ်ာ ေရးဖို႔ေတာ့ လိုပါတယ္။

 

 

4. Include payment due dates and fees

ဘတ္ဂ်က္ ပမာဏကို တြက္ခ်က္ၿပီးတဲ့ေနာက္မွာေတာ့ အဲ့ဒီဘတ္ဂ်က္ကို ဘယ္ေန႔၊ ဘယ္ရက္မွာ စတင္ေပးေဆာင္တယ္၊ ဘယ္ႏွလ တစ္ခါေပးေခ်ရမယ္စတဲ့ အခ်ိန္ကာလေတြနဲ႔ ဘယ္လိုပုံစံမ်ိဳးနဲ႔ ေငြေပးေခ်တယ္ စတာေတြကို မွန္မွန္ကန္ကန္ ျဖည့္စြက္ရပါမယ္။

 

 

5. Provide a project description

ဒီအပိုင္းမွာေတာ့ ပေရာဂ်က္ရဲ႕ ရည္႐ြယ္ခ်က္၊ တာဝန္ေတြကို ေဖာ္ျပေပးရမွာပါ။ အက်ယ္တဝင့္ အေသးစိတ္ ေရးစရာမလိုပါဘူး။ ပေရာဂ်က္ရဲ႕ တာဝန္ကို အက်ဥ္းခ်ဳပ္ေတာ့ ေဖာ္ျပေပးရပါတယ္။

 

 

6. Describe how any changes to the work order will be handled

Owner/ Client တို႔ေၾကာင့္ မေမွ်ာ္လင့္ထားတဲ့ အလုပ္နဲ႔ အပို ကုန္က်စရိတ္ေတြ ေပၚလာခဲ့သည္ရွိေသာ္ ကိုယ့္ကိုကိုယ္ ကာကြယ္အေနနဲ႔ စည္ကမ္း သတ္မွတ္ခ်က္တခ်ိဳ႕ကိုလည္း ထည့္သြင္းေဖာ္ရပါမယ္။

 

 

7. Create a Signature Line

ဒါကေတာ့ စာခ်ဳပ္ပါ အေၾကာင္းအရာေတြကို သေဘာတူညီေၾကာင္း ေဖာ္ျပဖို႔အတြက္ Sign ထိုးဖို႔ေနရာ ထားထားေပးရမွာပါ။ လက္မွတ္ေအာက္မွာ လက္မွတ္ပိုင္ရွင္ရဲ႕ လိပ္စာ၊ ဖုန္းနံပါတ္တို႔ကိုလည္း ထည့္သြင္းႏိုင္ပါေသးတယ္။

 

 

ဒုတိယအေနနဲ႔

 

---Meeting State Requirements---

 

1. Check your state law for required inclusions

ေနရာေဒသ၊ ႏိုင္ငံတစ္ႏိုင္ငံမွာရွိတဲ့ စာခ်ဳပ္စာတမ္း ဥပေဒသေတြက တစ္ခုနဲ႔ တစ္ခု မတူညီၾကပါဘူး။ ဒီေတာ့ စာခ်ဳပ္စာတမ္းမွာပါတဲ့ ဥပေဒဆိုင္ရာ အခ်က္အလက္ေတြကလည္း အဲ့နယ္ေျမမွာ က်င့္သုံးေနတဲ့ ဥပေဒနဲ႔ ကိုက္ညီမႈရွိမရွိ စစ္ေဆးၾကည့္ဖို႔လည္း လိုပါတယ္။

 

 

2. Provide a projected construction schedule

ခ်ဳပ္ဆိုမယ့္ စာခ်ဳပ္ထဲမွာ ဘယ္ႏွစ္ရက္အတြင္း အလုပ္ ဘယ္ေလာက္ၿပီးရမယ္ဆိုတာကို ထည့္သြင္းရပါဦးမယ္။ တစ္ရက္ကို ဘယ္အလုပ္ေတြ ၿပီးတယ္၊ ဘယ္ေလာက္ အလုပ္ျဖစ္တယ္ဆိုတဲ့ အခ်ိန္ဇယား တစ္ခုကေတာ့ လိုအပ္ပါတယ္။

 

 

ဒီအထိ ဖတ္လာေပးတဲ့အတြက္လည္း ေက်းဇူးအထူးတင္မိသလို၊ မိတ္ေဆြတို႔အတြက္ အက်ိဳးရွိဖို႔လည္း ေမွ်ာ္လင့္ပါတယ္။

Read 583 times Last modified on Tuesday, 07 January 2020 09:45
Rate this item
(0 votes)
Tagged under