ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ စာချုပ်ချုပ်ဆိုရာတွင် အဓိကကျတဲ့ စာချုပ်အမျိုးအစားများ

ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ စာချုပ်ချုပ်ဆိုရာတွင် အဓိကကျတဲ့ စာချုပ်အမျိုးအစားများ google

 

ခေတ်မှီတိုးတက်လာတာနဲ့အမျှ ဆောက်လုပ်ရေးနှင့်ဆိုင်သော ပညာရပ်တွေကလည်း တဖြည်းဖြည်းတိုးတက်လာပြီးတော့ ပြောင်းလဲလာပါတယ်။ ယခုခေတ် တိုးတက်မှုနှင့် ယှဉ်ပြိုင်မှုတွေကြားမှာ တရားဝင်ခိုင်မာမှု မရှိတဲ့ လုပ်ငန်းတွေက ရပ်တည်ဖို့ ခက်ခဲလာပါတယ်။

 

တကယ်လို့ အဆောက်အအုံတစ်ခု ဆောက်တော့မယ်ဆိုလျှင် တိကျဖို့နှင့် စနစ်တကျ လုပ်ဆောင်နိုင်ဖို့ကလည်း အလွန် အရေးကြီးပါတယ်။ ဖြစ်နိုင်မယ်ဆိုလျှင် လွဲချော်မှု မရှိအောင် ဆုံးရှုံးမှု နည်းပါးအောင် ကြိုတင်ကာကွယ်တာတွေ လုပ်ထားဖို့ လိုပါတယ်။

 

 

ဆောက်လုပ်ရေးတစ်ခုကို လုပ်တော့မယ်ဆိုလျှင် လုပ်ထုံးလုပ်နည်းအရ အငြင်းပွားမှု၊ ပိုင်ဆိုင်မှု၊ လုပ်ပိုင်ခွင့် စတာတွေကို သတ်မှတ်ဖို့၊ ထိန်းချုပ်ဖို့ သက်ဆိုင်ရာနယ်ပယ်အတွက် အထူးပြုလုပ်ထားတဲ့ စာချုပ်တွေကို ချုပ်ဆိုရပါတယ်။

 

 

ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ စာချုပ်ချုပ်ဆိုရတဲ့နေရာမှာ စာချုပ်များစွာ ရှိတဲ့အထဲကမှ အဓိကကျတဲ့ စာချုပ်အမျိုးအစား တချို့ကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

 


- ဆောက်လုပ်မယ့် လုပ်ငန်းရှင်နဲ့ မြေရှင်တို့ကြားက စာချုပ်၊


- ဆောက်လုပ်ပြီး/ မဆောက်လုပ်ခင်က ရောင်းချထားသော အခန်းများအတွက် ဝယ်သူနဲ့ ကန်ထရိုက်တာ အကြားက စာချုပ်


- သက်ဆိုင်ရာ နယ်မြေက စည်ပင်ခွင့်ပြုချက်ဆိုင်ရာ စာချုပ်


- Constructor နဲ့ Subconstructor တို့ကြားက စာချုပ် (ပန်းရံ၊ လက်သမား၊ ဆေးသုပ်၊ လျှပ်စစ်သွယ်၊ အလှဆင် စတဲ့ အလုပ်တစ်ခုချင်းအတွက် subconstructor တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်အကြားက စာချုပ်)


- ပစ္စည်းပေးသွင်းသူနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြားက စာချုပ် စသဖြင့် ရှိကြပါတယ်။ ဒီလိုစာချုပ်တွေမှာ ဘယ်လိုအရာတွေပါမလဲ၊ ဘာတွေ သိထားသင့်လဲဆိုတာကိုတော့ အောက်မှာ လေ့လာကြည့်လိုက်ရအောင်ပါ။

 

- ဆောက်လုပ်မယ့် လုပ်ငန်းရှင်နဲ့ မြေရှင်တို့ကြားက စာချုပ်၊


- ဆောက်လုပ်ပြီး/ မဆောက်လုပ်ခင်က ရောင်းချထားသော အခန်းများအတွက် ဝယ်သူနဲ့ ကန်ထရိုက်တာ အကြားက စာချုပ်၊


- သက်ဆိုင်ရာ နယ်မြေက စည်ပင်ခွင့်ပြုချက်ဆိုင်ရာ စာချုပ်


- Constructor နဲ့ Subconstructor တို့ကြားက စာချုပ် (ပန်းရံ၊ လက်သမား၊ ဆေးသုပ်၊ လျှပ်စစ်သွယ်၊ အလှဆင် စတဲ့ အလုပ်တစ်ခုချင်းအတွက် subconstructor တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်အကြားက စာချုပ်)


- ပစ္စည်းပေးသွင်းသူနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြားက စာချုပ် စသဖြင့် ရှိကြပါတယ်။ ဒီလိုစာချုပ်တွေမှာ ဘယ်လိုအရာတွေပါမလဲ၊ဘာတွေ သိထားသင့်လဲဆိုတာကိုတော့ အောက်မှာ လေ့လာကြည့်လိုက်ရအောင်ပါ။

 

1. Scope Of Work

Construction contract ရဲ့အဓိက element လို့တောင်ရပါလိမ့်မယ်။ ဒီစာချုပ်ချုပ်ဆိုတဲ့ လုပ်ငန်းမှာပါဝင်တဲ့ ဝန်ဆောင်မှုတွေအပြင် အသုံးပြုတဲ့ပစ္စည်း၊ အရည်အသွေး၊ အဆင့်အတန်း၊ အလုပ်အချိန်ဇယားတွေ စတာတွေကို အသေးစိတ် ပါဝင်ရပါတယ်။

 

 

2. Full Name, Address, License and Signatures of Both Parties

ဒီတစ်ခုကတော့ တချိန်ချိန်မှာ လိုအပ်လာနိုင်ပါတယ်။ ကိုယ် စာချုပ်ချုပ်ပြီး တွဲလုပ်သူဟာ တရားဝင် ဖြစ်တယ်ဆိုရင်တော့ ကိစ္စမရှိပေမယ့် ဆန့်ကျင်ဘက်ဆိုရင်တော့ နင်ဘယ်သူလဲ ငါဘယ်သူလဲနဲ့ အမြတ်ထုတ် ခံသွားရပါလိမ့်မယ်။ အစတည်းက လိုအပ်တဲ့ အချက်အလက်တွေ ယူထားတာကလည်း မမှားတော့ဘူးပေါ့။ ခင်လို့ဖြစ်တဲ့ ယုံကြည်မှုနဲ့တော့ စီးပွားလုပ်ငန်းကို သွားရောထွေးလိုက်တာမျိုး လုပ်လို့တော့ မရပါဘူး။

 

 

3. Project Cost and Payments Terms

ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ ငွေကြေးဆိုတာ ထိပ်ဆုံးကနေ အရေးပါဆုံးအရာအဖြစ် နေရာယူထားတဲ့ အချက်တစ်ခုလို့ ဆိုရပါလိမ့်မယ်။ ဒီ Area မှာ ဆောက်လုပ်နေတဲ့ Project က ဘယ်လောက် ကုန်ကျမယ်၊ ဘယ်ချိန်တွေမှာ ငွေပေးချေမှု ပြုလုပ်ရမယ် စတဲ့ ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်တွေကို တိတိကျကျ သတ်မှတ်ထားရပါမယ်။ ပရောဂျက် တဝက်တပြတ်ကြီးနဲ့ ငွေပေးချေမှု ရပ်တန့်သွားတဲ့အဖြစ်ကို ဘယ်သူမှ မကြုံချင်ကြပါဘူး။

 

 

4. Schedule of Work

Project စတင်မယ့်ရက်၊ လုံလောက်တဲ့ အချိန်အပိုင်းအခြားကို တိတိကျကျသတ်မှတ်ပြီး ပြီးဆုံးမယ့်ရက် ဒါမှမဟုတ် အချိန်ကာလကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီး ထားဖို့လိုပါတယ်။ ပြီးမှ တကယ်နောက်မကျပါပဲ စာချုပ်စာတမ်း အကြောင်းအရာကို မစိစစ်မိတဲ့ မှားယွင်းမှုကြောင့် နောက်ကျသလို ဖြစ်သွားရင် လျော်ရမယ့်ကိစ္စက မိအေး ၂ခါနာမယ့် အဖြစ်မျိုး ဖြစ်သွားပါလိမ့်မယ်။

 

 

5. Authority

ပရောဂျက်က ကြီးလာတာနဲ့အမျှ လုပ်ဆောင်ရမယ့် အရာတွေကလည်း ပိုပြီး ရှုပ်ထွေး များပြားလာတတ်ပါတယ်။ ဒီလို ရှုပ်ထွေးမှုတွေကြားထဲကနေ မှန်ကန်တဲ့ ဆုံးဖြတ်ချက် လုပ်ငန်း တာဝန်တွေကို လုပ်ဆောင်မယ့်သူဟာ ဘယ်သူဖြစ်တယ်ဆိုတာပါ ထည့်သွင်း ရေးသားရမှာပါ။

 

 

6. Penalties

ငွေပေးချေဖို့ နောက်ကျတာ၊ တချို့သော စည်းကမ်းချက်တွေကို ချိုးဖောက်ရင် လျော်ကြေး၊ ဒဏ်ငွေ ပေးဆောင်ရမယ်ဆိုတာနဲ့ပတ်သတ်ပြီးလည်း ဖော်ပြထားဖို့လိုပါတယ်။

 

 

7. Recovery Fund Disclosure

ကန်ထရိုက်တာရဲ့ ဥပဒေမဲ့ အပြုအမူတွေကြောင့် ပရောဂျက် ပြီးဆုံးသွားသည့်တိုင် ရလာဒ်က ရှုံးနေတယ်ဆိုရင်တောင် ကိုယ်ရသင့်တဲ့ ရပိုင်ခွင့်တွေ ဘယ်လို ရှိတယ်ဆိုတာ အကြမ်းဖျင်း ဖော်ပြထားရမှာပါ။ ဒါကတော့ ဆောက်လုပ်ရေးလုပ်ငန်း စာချုပ်အများစုမှာ ပါကို ပါသင့်ပါတယ်။

 

 

8. Disputes & Termination

ဒီမှာကတော့ ကိုယ်နဲ့ ဒီလုပ်ငန်း ပါဝင်ပတ်သတ်သူတွေ ကြားမှာ အငြင်းပွားစရာ ပြဿနာတွေ ဖြစ်လာခဲ့ရင် ဘယ်လို ဖြေရှင်းမှုမျိုးကို ခံယူပါ့မယ်ဆိုတဲ့ကြောင်း ဖော်ပြထားရပါမယ်။ အဲ့ဒီအတွက်လည်း အထက်မှာ ဖော်ပြခဲ့တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ လုပ်ရထားမှာပါ။ law firm အဖွဲ့ တစ်ခုခုရဲ့ ဥပဒေအကြံပြုချက်နဲ့ ကြားဝင် ဖြန်ဖြေမှုတစ်ခုခုကို စတင် ရယူတာမျိုးလား။ အဲလိုမှ အဆင်မပြေသေးရင် ခုံသမာဓိ အဖွဲ့ တစ်ခုခုရဲ့ ဆုံးဖြတ်ချက်ကို ကြားနာပါ့မယ် ဆိုတာမျိုးလား။

 

 

9. Insurance

ဆောက်လုပ်ရေး လုပ်ငန်းတိုင်းမှာ ကန်ထရိုက်တာဘက်က ကိုယ့်အလုပ်သမားတွေအတွက် လုပ်ငန်းဆိုင်ရာ လျော်ကြေး၊ နစ်နာကြေး စတာတွေကို သေချာ အာမခံထားသင့်ပါတယ်။ ဒီလို ရှိထားမှသာ ထိခိုက် ဒဏ်ရာရတဲ့အခါမှာ Owner အနေနဲ့ သေချာ ဖြေရှင်းလို့ရမှာပဲ ဖြစ်ပါတယ်။

 

 

8. Warranties & Statute of Limitations

ကန်ထရိုက်တာတွေအနေနဲ့ ရှေရှည်ကို ကြည့်ပြီး ဘယ်လို အာမခံဆိုင်ရာ ကိစ္စရပ်တွေကို အသုံးပြုရမယ်ဆိုပြီး သေသေချာချာ စီစဉ်ထားသင့်ပါတယ်။ အချုပ်အားဖြင့် Warranty သုံးနှစ်တာ ကာလအတွင်းမှာ စာချုပ်ထဲက ကတိကဝတ်ကို ဖောက်ဖျက်ရင် ကိုယ်ရသင့်ရထိုက်တာတွေကို ကန့်သတ်ထားလား၊ ကန့်သတ်ချက်တွေရှိလား ဆိုတာကိုလည်း ဝေခွဲထားရပါမယ်။ 

ဒီလောက်ဆိုရင်တော့ construction contract တစ်ခုမှာ မဖြစ်မနေ ပါဝင်သင့်တဲ့ အခြေခံတွေကို လေ့လာမိလောက်မယ် ထင်ပါတယ်။

 

source from Phoe Phyu & Associates Law Firm

 

Myanmar Builders Guide

 

Zawgyi

ေဆာက္လုပ္ေရး လုပ္ငန္းဆိုင္ရာ စာခ်ဳပ္ခ်ဳပ္ဆိုရာတြင္ အဓိကက်တဲ့ စာခ်ဳပ္အမ်ိဳးအစားမ်ာ

 

ေခတ္မွီတိုးတက္လာတာနဲ႔အမွ် ေဆာက္လုပ္ေရးနွင့္ဆိုင္ေသာ ပညာရပ္ေတြကလည္း တျဖည္းျဖည္းတိုးတက္လာၿပီးေတာ့ ေျပာင္းလဲလာပါတယ္။ ယခုေခတ္ တိုးတက္မႈနွင့္ ယွဥ္ၿပိဳင္မႈေတြၾကားမွာ တရားဝင္ခို္င္မာမႈ မရွိတဲ့ လုပ္ငန္းေတြက ရပ္တည္ဖို႔ ခက္ခဲလာပါတယ္။

 

 

တကယ္လို႔ အေဆာက္အအံုတစ္ခု ေဆာက္ေတာ့မယ္ဆိုလွ်င္ တိက်ဖို႔နွင့္ စနစ္တက် လုပ္ေဆာင္ႏိုင္ဖို႔ကလည္း အလြန္ အေရးၾကီးပါတယ္။ ျဖစ္ႏိုင္မယ္ဆိုလွ်င္ လြဲေခ်ာ္မႈ မရွိေအာင္ ဆံုးရႈံးမႈ နည္းပါးေအာင္ ႀကိဳတင္ကာကြယ္တာေတြ လုပ္ထားဖို႔ လိုပါတယ္။

 

 

ေဆာက္လုပ္ေရးတစ္ခုကို လုပ္ေတာ့မယ္ဆိုလွ်င္ လုပ္ထုံးလုပ္နည္းအရ အျငင္းပြားမႈ၊ ပိုင္ဆိုင္မႈ၊ လုပ္ပိုင္ခြင့္ စတာေတြကို သတ္မွတ္ဖို႔၊ ထိန္းခ်ဳပ္ဖို႔ သက္ဆိုင္ရာနယ္ပယ္အတြက္ အထူးျပဳလုပ္ထားတဲ့ စာခ်ဳပ္ေတြကို ခ်ဳပ္ဆိုရပါတယ္။

 

 

ေဆာက္လုပ္ေရး လုပ္ငန္းဆိုင္ရာ စာခ်ဳပ္ခ်ဳပ္ဆိုရတဲ့ေနရာမွာ စာခ်ဳပ္မ်ားစြာ ရွိတဲ့အထဲကမွ အဓိကက်တဲ့ စာခ်ဳပ္အမ်ိဳးအစား တခ်ိဳ႕ကို ေဖာ္ျပေပးသြားမွာပဲ ျဖစ္ပါတယ္။


- ေဆာက္လုပ္မယ့္ လုပ္ငန္းရွင္နဲ႔ ေျမရွင္တို႔ၾကားက စာခ်ဳပ္၊


- ေဆာက္လုပ္ၿပီး/ မေဆာက္လုပ္ခင္က ေရာင္းခ်ထားေသာ အခန္းမ်ားအတြက္ ဝယ္သူနဲ႔ ကန္ထ႐ိုက္တာ အၾကားက စာခ်ဳပ္၊


- သက္ဆိုင္ရာ နယ္ေျမက စည္ပင္ခြင့္ျပဳခ်က္ဆိုင္ရာ စာခ်ဳပ္


- Constructor နဲ႔ Subconstructor တို႔ၾကားက စာခ်ဳပ္ (ပန္းရံ၊ လက္သမား၊ ေဆးသုပ္၊ လွ်ပ္စစ္သြယ္၊ အလွဆင္ စတဲ့ အလုပ္တစ္ခုခ်င္းအတြက္ subconstructor ေတြနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းရွင္အၾကားက စာခ်ဳပ္)


- ပစၥည္းေပးသြင္းသူနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ၾကားက စာခ်ဳပ္ စသျဖင့္ ရွိၾကပါတယ္။ ဒီလိုစာခ်ဳပ္ေတြမွာ ဘယ္လိုအရာေတြပါမလဲ၊ ဘာေတြ သိထားသင့္လဲဆိုတာကိုေတာ့ ေအာက္မွာ ေလ့လာၾကည့္လိုက္ရေအာင္ပါ။

 

- ေဆာက္လုပ္မယ့္ လုပ္ငန္းရွင္နဲ႔ ေျမရွင္တို႔ၾကားက စာခ်ဳပ္၊


- ေဆာက္လုပ္ၿပီး/ မေဆာက္လုပ္ခင္က ေရာင္းခ်ထားေသာ အခန္းမ်ားအတြက္ ဝယ္သူနဲ႔ ကန္ထ႐ိုက္တာ အၾကားက စာခ်ဳပ္၊


- သက္ဆိုင္ရာ နယ္ေျမက စည္ပင္ခြင့္ျပဳခ်က္ဆိုင္ရာ စာခ်ဳပ္


- Constructor နဲ႔ Subconstructor တို႔ၾကားက စာခ်ဳပ္ (ပန္းရံ၊ လက္သမား၊ ေဆးသုပ္၊ လွ်ပ္စစ္သြယ္၊ အလွဆင္ စတဲ့ အလုပ္တစ္ခုခ်င္းအတြက္ subconstructor ေတြနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းရွင္အၾကားက စာခ်ဳပ္)


- ပစၥည္းေပးသြင္းသူနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ၾကားက စာခ်ဳပ္ စသျဖင့္ ရွိၾကပါတယ္။ ဒီလိုစာခ်ဳပ္ေတြမွာ ဘယ္လိုအရာေတြပါမလဲ၊ဘာေတြ သိထားသင့္လဲဆိုတာကိုေတာ့ ေအာက္မွာ ေလ့လာၾကည့္လိုက္ရေအာင္ပါ။

 

1. Scope Of Work

Construction contract ရဲ႕အဓိက element
လို႔ေတာင္ရပါလိမ့္မယ္။ ဒီစာခ်ဳပ္ခ်ဳပ္ဆိုတဲ့ လုပ္ငန္းမွာပါဝင္တဲ့ ဝန္ေဆာင္မႈေတြအျပင္ အသုံးျပဳတဲ့ပစၥည္း၊ အရည္အေသြး၊ အဆင့္အတန္း၊ အလုပ္အခ်ိန္ဇယားေတြ စတာေတြကို အေသးစိတ္ ပါဝင္ရပါတယ္။

 

 

2. Full Name, Address, License and Signatures of Both Parties

ဒီတစ္ခုကေတာ့ တခ်ိန္ခ်ိန္မွာ လိုအပ္လာႏိုင္ပါတယ္။ ကိုယ္ စာခ်ဳပ္ခ်ဳပ္ၿပီး တြဲလုပ္သူဟာ တရားဝင္ ျဖစ္တယ္ဆိုရင္ေတာ့ ကိစၥမရွိေပမယ့္ ဆန႔္က်င္ဘက္ဆိုရင္ေတာ့ နင္ဘယ္သူလဲ ငါဘယ္သူလဲနဲ႔ အျမတ္ထုတ္ ခံသြားရပါလိမ့္မယ္။ အစတည္းက လိုအပ္တဲ့ အခ်က္အလက္ေတြ ယူထားတာကလည္း မမွားေတာ့ဘူးေပါ့။ ခင္လို႔ျဖစ္တဲ့ ယုံၾကည္မႈနဲ႔ေတာ့ စီးပြားလုပ္ငန္းကို သြားေရာေထြးလိုက္တာမ်ိဳး လုပ္လို႔ေတာ့ မရပါဘူး။

 

 

3. Project Cost and Payments Terms

ေဆာက္လုပ္ေရး လုပ္ငန္းခြင္တစ္ခုမွာ ေငြေၾကးဆိုတာ ထိပ္ဆုံးကေန အေရးပါဆုံးအရာအျဖစ္ ေနရာယူထားတဲ့ အခ်က္တစ္ခုလို႔ ဆိုရပါလိမ့္မယ္။ ဒီ Area မွာ ေဆာက္လုပ္ေနတဲ့ Project က ဘယ္ေလာက္ ကုန္က်မယ္၊ ဘယ္ခ်ိန္ေတြမွာ ေငြေပးေခ်မႈ ျပဳလုပ္ရမယ္ စတဲ့ ေငြေပးေခ်မႈဆိုင္ရာ ကိစၥရပ္ေတြကို တိတိက်က် သတ္မွတ္ထားရပါမယ္။ ပေရာဂ်က္ တဝက္တျပတ္ႀကီးနဲ႔ ေငြေပးေခ်မႈ ရပ္တန႔္သြားတဲ့အျဖစ္ကို ဘယ္သူမွ မႀကဳံခ်င္ၾကပါဘူး။

 

 

4. Schedule of Work

Project စတင္မယ့္ရက္၊ လုံေလာက္တဲ့ အခ်ိန္အပိုင္းအျခားကို တိတိက်က်သတ္မွတ္ၿပီး ၿပီးဆုံးမယ့္ရက္ ဒါမွမဟုတ္ အခ်ိန္ကာလကို ရွင္းရွင္းလင္းလင္း ေဖာ္ျပၿပီး ထားဖို႔လိုပါတယ္။ ၿပီးမွ တကယ္ေနာက္မက်ပါပဲ စာခ်ဳပ္စာတမ္း အေၾကာင္းအရာကို မစိစစ္မိတဲ့ မွားယြင္းမႈေၾကာင့္ ေနာက္က်သလို ျဖစ္သြားရင္ ေလ်ာ္ရမယ့္ကိစၥက မိေအး ၂ခါနာမယ့္ အျဖစ္မ်ိဳး ျဖစ္သြားပါလိမ့္မယ္။

 

 

5. Authority

ပေရာဂ်က္က ႀကီးလာတာနဲ႔အမွ် လုပ္ေဆာင္ရမယ့္ အရာေတြကလည္း ပိုၿပီး ရႈပ္ေထြး မ်ားျပားလာတတ္ပါတယ္။ ဒီလို ရႈပ္ေထြးမႈေတြၾကားထဲကေန မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ လုပ္ငန္း တာဝန္ေတြကို လုပ္ေဆာင္မယ့္သူဟာ ဘယ္သူျဖစ္တယ္ဆိုတာပါ ထည့္သြင္း ေရးသားရမွာပါ။

 

 

6. Penalties

ေငြေပးေခ်ဖို႔ ေနာက္က်တာ၊ တခ်ိဳ႕ေသာ စည္းကမ္းခ်က္ေတြကို ခ်ိဳးေဖာက္ရင္ ေလ်ာ္ေၾကး၊ ဒဏ္ေငြ ေပးေဆာင္ရမယ္ဆိုတာနဲ႔ပတ္သတ္ၿပီးလည္း ေဖာ္ျပထားဖို႔လိုပါတယ္။

 

 

7. Recovery Fund Disclosure

ကန္ထ႐ိုက္တာရဲ႕ ဥပေဒမဲ့ အျပဳအမူေတြေၾကာင့္ ပေရာဂ်က္ ၿပီးဆုံးသြားသည့္တိုင္ ရလာဒ္က ရႈံးေနတယ္ဆိုရင္ေတာင္ ကိုယ္ရသင့္တဲ့ ရပိုင္ခြင့္ေတြ ဘယ္လို ရွိတယ္ဆိုတာ အၾကမ္းဖ်င္း ေဖာ္ျပထားရမွာပါ။ ဒါကေတာ့ ေဆာက္လုပ္ေရးလုပ္ငန္း စာခ်ဳပ္အမ်ားစုမွာ ပါကို ပါသင့္ပါတယ္။

 

 

8. Disputes & Termination

ဒီမွာကေတာ့ ကိုယ္နဲ႔ ဒီလုပ္ငန္း ပါဝင္ပတ္သတ္သူေတြ ၾကားမွာ အျငင္းပြားစရာ ျပႆနာေတြ ျဖစ္လာခဲ့ရင္ ဘယ္လို ေျဖရွင္းမႈမ်ိဳးကို ခံယူပါ့မယ္ဆိုတဲ့ေၾကာင္း ေဖာ္ျပထားရပါမယ္။ အဲ့ဒီအတြက္လည္း အထက္မွာ ေဖာ္ျပခဲ့တဲ့ အခ်က္အလက္ေတြကို ျပည့္ျပည့္စုံစုံ လုပ္ရထားမွာပါ။ law firm အဖြဲ႕ တစ္ခုခုရဲ႕ ဥပေဒအႀကံျပဳခ်က္နဲ႔ ၾကားဝင္ ျဖန္ေျဖမႈတစ္ခုခုကို စတင္ ရယူတာမ်ိဳးလား။ အဲလိုမွ အဆင္မေျပေသးရင္ ခုံသမာဓိ အဖြဲ႕ တစ္ခုခုရဲ႕ ဆုံးျဖတ္ခ်က္ကို ၾကားနာပါ့မယ္ ဆိုတာမ်ိဳးလား။

 

 

9. Insurance

ေဆာက္လုပ္ေရး လုပ္ငန္းတိုင္းမွာ ကန္ထ႐ိုက္တာဘက္က ကိုယ့္အလုပ္သမားေတြအတြက္ လုပ္ငန္းဆိုင္ရာ ေလ်ာ္ေၾကး၊ နစ္နာေၾကး စတာေတြကို ေသခ်ာ အာမခံထားသင့္ပါတယ္။ ဒီလို ရွိထားမွသာ ထိခိုက္ ဒဏ္ရာရတဲ့အခါမွာ Owner အေနနဲ႔ ေသခ်ာ ေျဖရွင္းလို႔ရမွာပဲ ျဖစ္ပါတယ္။

 

 

8. Warranties & Statute of Limitations

ကန္ထ႐ိုက္တာေတြအေနနဲ႔ ေရွရွည္ကို ၾကည့္ၿပီး ဘယ္လို အာမခံဆိုင္ရာ ကိစၥရပ္ေတြကို အသုံးျပဳရမယ္ဆိုၿပီး ေသေသခ်ာခ်ာ စီစဥ္ထားသင့္ပါတယ္။ အခ်ဳပ္အားျဖင့္ Warranty သုံးႏွစ္တာ ကာလအတြင္းမွာ စာခ်ဳပ္ထဲက ကတိကဝတ္ကို ေဖာက္ဖ်က္ရင္ ကိုယ္ရသင့္ရထိုက္တာေတြကို ကန႔္သတ္ထားလား၊ ကန႔္သတ္ခ်က္ေတြရွိလား ဆိုတာကိုလည္း ေဝခြဲထားရပါမယ္။

ဒီေလာက္ဆိုရင္ေတာ့ construction contract တစ္ခုမွာ မျဖစ္မေန ပါဝင္သင့္တဲ့ အေျခခံေတြကို ေလ့လာမိေလာက္မယ္ ထင္ပါတယ္။

 

source from Phoe Phyu & Associates Law Firm

Read 729 times Last modified on Tuesday, 07 January 2020 09:47
Rate this item
(0 votes)