ဆောက်လုပ်ရေးသမားတွေ လုပ်ငန်းသုံးပစ္စည်းကို ဘယ်လိုစီမံခန့်ခွဲမလဲ
ဆောက်လုပ်ရေးသမားတွေ လုပ်ငန်းသုံးပစ္စည်းကို ဘယ်လိုစီမံခန့်ခွဲမလဲ google
အဆောက်အဦးဆောက်တော့မယ့် ကန်ထရိုက်တာတစ်ယောက်အတွက် ခေါင်းခဲရမယ့်ကိစ္စတွေကတော့ ဆောက်လုပ်ရေးပစ္စည်းကို အနည်းဆုံးဈေးနှုန်းနဲ့ ရရှိဖို့၊ ဒီပစ္စည်းတွေ လုပ်ငန်းခွင်ကို အချိန်မီရောက်ရှိဖို့တို့ပဲ ဖြစ်ပါတယ်။
ပစ္စည်းကလည်း အရည်အသွေးပြည့်မီဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် အဆောက်အဦးအရည်အသွေးစံနှုန်းကို ထိခိုက်နိုင်ပါတယ်။ပစ္စည်းတွေအချိန်မီရောက်ဖို့ သယ်ယူပို့ဆောင်ရေးကိစ္စကိုပါ စီမံပေးရလေ့ရှိပါတယ်။
အဆောက်အဦးနဲ့ အရည်အသွေးစံနှုန်း မပြည့်ဘူးဆိုတာနဲ့ ဖြေရှင်းရမယ့် နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါကြောင့် ဆောက်လုပ်ရေးမှာ “လုပ်ငန်းသုံးပစ္စည်းတွေကို စီမံခန့်ခွဲတာ” ဟာ တကယ့်ကို အဓိကကျပါတယ်။ အကြမ်း ဖျင်းအားဖြင့် အဆင့် ၅ ဆင့်ခွဲနိုင်ပါတယ်။
၁။ လိုအပ်တဲ့ ပစ္စည်းတွေကို စာရင်းပြုစုတာနဲ့ စီမံချက်ရေးဆွဲတာ
၂။ ဝယ်ယူတာ
၃။ သိုလှောင်ထိန်းသိမ်းတာ
၄။ သုံးစွဲတာနဲ့ လက်ကျန်ပစ္စည်း (စာရင်း) ထိန်းသိမ်းတာ
၅။ လုပ်ငန်းခွင်သုံး ပစ္စည်းတွေကို မှန်မှန်ကန်ကန် သုံးစွဲဖို့ စီမံကွပ်ကဲတာတို့ပဲဖြစ်ပါတယ်။
ဒီအဆင့် ၅ ဆင့်ကို သေချာ စီမံခန့်ခွဲနိုင်မှ လုပ်ငန်းအောင်မြင်ပြီး ကန်ထရိုက်တာကောင်း တစ်ယောက်အဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။
Source: Poe Phyu & Associates Law Firm
Myanmar Builders Guide
---Zawgyi---
၂။ ဝယ်ယူတာ
Read 455 times Last modified on Thursday, 13 February 2020 17:10
Rate this item
(0 votes)