Repairing of Honeycombed Concrete

Repairing of Honeycombed Concrete google

အများအားဖြင့်တော့ တိုင်တွေမှာ honeycomb ထတာတို့ကို သရွက်နှင့်ပဲ သိပ်ထည့်ပြီး ဖာထေးမှု ပြုလုပ်ရပါတယ်။

ထိုသို့ ဖာထေးမှုကို အောက်ပါအတိုင်း အဆင့်ဆင့် ဆောင်ရွက်ရပါတယ်။


၁။ ပထမဦးစွာ Honeycomb ပေါ်နေတဲ့၊ ထတဲ့အပိုင်းကို တူနှင့် ဆောက်နှင့် ထွင်းပြီး ဖယ်ရှားရပါတယ်။


၂။ အဲ့နေရာကို Brush နှင့် ပွတ်တိုက်ပြီး ဖုန်မှုန့်များ၊ အမှိုက်များ ဖယ်ရှား သန့်ရှင်းပေးရပါတယ်။


၃။ ထို့နောက် သိပ်မည့်သရွက်၊ကွန်ကရစ်ကို ပြင်ဆင်ရပါတယ်။ Thumb Rule အရ ဘိလပ်မြေနှင့် ထုံးကျောက်မှုန့်(အနု)ကို ၁:၂ အချိုးဖြင့် အသုံးပြုလေ့ရှိပါတယ်။

 

ဘိလပ်မြေကိုတော့ White Portland Cement ကို အသုံးပြုရပါတယ်။


အသုံးပြုမယ့်ရေကတော့ ရေနှင့် polymer ဆတူပါဝင်သင့်ပါတယ်။


၄။ ရောစပ်လိုက်တဲ့ သရွက်များအနေဖြင့် ဒေါင်လိုက်မျက်နှာပြင်များကို ဖာထေးမယ်ဆိုရင် ပျစ်တွဲမှု slump နည်းအောင် လုပ်ရပါတယ်။


၅။ ထို့နောက်တွင် သရွက်များကို ဖာထေးမယ့်အခေါင်းထဲ ထိုးသိပ်ပြီး သိပ်သည်းမှုကောင်းအောင် သံတုတ်ဖြင့် ထိုးပေးရပါတယ်။ ပြီးမှ သလက်နှင့် မျက်နှာပြင်ကို သပ်ပေးရပါတယ်။


၆။ နောက်ဆုံးတွင် ယင်းနေရာကို ပလာစတစ်ဖြင့် ပတ်၍ တိတ်ဖြင့် ကပ်ထားပြီး curing လုပ်ပေးရပါတယ်။


အကယ်၍ honeycomb က အလွန်ဆိုးဝါးပြီး အရမ်းကြီးနေလျှင် ယင်းနေရာကို section တစ်ခုပိုင်းခြားပြီး ပြန်ဖျက်ပေးရပါတယ်။

 

ထို့ပြင်တိုင်နှင့်ထုတ်တန်းနေရာများတွင် အဲ့ဒီလို လုပ်ဖို့လိုအပ်လာရင် ၎င်းတို့ကို ထောက်မထိန်းချုပ်ဖို့ ထောက်ကန်ဖို့ လိုအပ်လာပါမယ်။


ထိုသို့ ငြမ်းဆင်၊ ထောက်မပြီး နောက် ဖာထေး၊ ကွန်ကရစ်ပြန်လောင်းမည့် အပိုင်းကို သန့်ရှင်းအောင်ပြုလုပ်ခြင်းများ ဆောင်ရွက်ရပါတယ်။


ကွန်ကရစ်သားများတွင် အပေါက်များ၊ အစက်ပြောက်များဖြစ်ပေါ်ခြင်းများကို ပြုပြင်ဖာထေးတဲ့အခါ Bagging in လို့ခေါ်တဲ့ နည်းပညာကို အသုံးပြုပါတယ်။

 

ယင်းနည်းပညာတွင် Hession pad ကို အသုံးပြီး ဘိလပ်မြေသရွက်များဖြင့် ကွန်ကရစ်မျက်နှာပြင်ကို ပွတ်တိုက် ဂျီးချွတ်ပေးရတာပဲဖြစ်ပါတယ်။

 

ယင်းဘိလပ်မြေများကို ပုံမှန်သရွက်များလိုပင် ၁း၃ ၊ ၂း၄ အချိုးဖြင့် ဖျော်စပ်အသုံးပြုနိုင်ပါတယ်။

 

Myanmar Builders Guide

 

<<<Zawgyi>>>

 

အမ်ားအားျဖင့္ေတာ့ တိုင္ေတြမွာ honeycomb ထတာတို႔ကို သ႐ြက္ႏွင့္ပဲ သိပ္ထည့္ၿပီး ဖာေထးမႈ ျပဳလုပ္ရပါတယ္။

ထိုသို႔ ဖာေထးမႈကို ေအာက္ပါအတိုင္း အဆင့္ဆင့္ ေဆာင္႐ြက္ရပါတယ္။


၁။ ပထမဦးစြာ Honeycomb ေပၚေနတဲ့၊ ထတဲ့အပိုင္းကို တူႏွင့္ ေဆာက္ႏွင့္ ထြင္းၿပီး ဖယ္ရွားရပါတယ္။


၂။ အဲ့ေနရာကို Brush ႏွင့္ ပြတ္တိုက္ၿပီး ဖုန္မႈန႔္မ်ား၊ အမႈိက္မ်ား ဖယ္ရွား သန႔္ရွင္းေပးရပါတယ္။


၃။ ထို႔ေနာက္ သိပ္မည့္သ႐ြက္၊ကြန္ကရစ္ကို ျပင္ဆင္ရပါတယ္။ Thumb Rule အရ ဘိလပ္ေျမႏွင့္ ထုံးေက်ာက္မႈန႔္(အႏု)ကို ၁:၂ အခ်ိဳးျဖင့္ အသုံးျပဳေလ့ရွိပါတယ္။

ဘိလပ္ေျမကိုေတာ့ White Portland Cement ကို အသုံးျပဳရပါတယ္။


အသုံးျပဳမယ့္ေရကေတာ့ ေရႏွင့္ polymer ဆတူပါဝင္သင့္ပါတယ္။


၄။ ေရာစပ္လိုက္တဲ့ သ႐ြက္မ်ားအေနျဖင့္ ေဒါင္လိုက္မ်က္ႏွာျပင္မ်ားကို ဖာေထးမယ္ဆိုရင္ ပ်စ္တြဲမႈ slump နည္းေအာင္ လုပ္ရပါတယ္။


၅။ ထို႔ေနာက္တြင္ သ႐ြက္မ်ားကို ဖာေထးမယ့္အေခါင္းထဲ ထိုးသိပ္ၿပီး သိပ္သည္းမႈေကာင္းေအာင္ သံတုတ္ျဖင့္ ထိုးေပးရပါတယ္။ ၿပီးမွ သလက္ႏွင့္ မ်က္ႏွာျပင္ကို သပ္ေပးရပါတယ္။


၆။ ေနာက္ဆုံးတြင္ ယင္းေနရာကို ပလာစတစ္ျဖင့္ ပတ္၍ တိတ္ျဖင့္ ကပ္ထားၿပီး curing လုပ္ေပးရပါတယ္။


အကယ္၍ honeycomb က အလြန္ဆိုးဝါးၿပီး အရမ္းႀကီးေနလွ်င္ ယင္းေနရာကို section တစ္ခုပိုင္းျခားၿပီး ျပန္ဖ်က္ေပးရပါတယ္။

ထို႔ျပင္တိုင္ႏွင့္ထုတ္တန္းေနရာမ်ားတြင္ အဲ့ဒီလို လုပ္ဖို႔လိုအပ္လာရင္ ၎တို႔ကို ေထာက္မထိန္းခ်ဳပ္ဖို႔ ေထာက္ကန္ဖို႔ လိုအပ္လာပါမယ္။


ထိုသို႔ ျငမ္းဆင္၊ ေထာက္မၿပီး ေနာက္ ဖာေထး၊ ကြန္ကရစ္ျပန္ေလာင္းမည့္ အပိုင္းကို သန႔္ရွင္းေအာင္ျပဳလုပ္ျခင္းမ်ား ေဆာင္႐ြက္ရပါတယ္။


ကြန္ကရစ္သားမ်ားတြင္ အေပါက္မ်ား၊ အစက္ေျပာက္မ်ားျဖစ္ေပၚျခင္းမ်ားကို ျပဳျပင္ဖာေထးတဲ့အခါ Bagging in လို႔ေခၚတဲ့ နည္းပညာကို အသုံးျပဳပါတယ္။

ယင္းနည္းပညာတြင္ Hession pad ကို အသုံးၿပီး ဘိလပ္ေျမသ႐ြက္မ်ားျဖင့္ ကြန္ကရစ္မ်က္ႏွာျပင္ကို ပြတ္တိုက္ ဂ်ီးခြၽတ္ေပးရတာပဲျဖစ္ပါတယ္။

ယင္းဘိလပ္ေျမမ်ားကို ပုံမွန္သ႐ြက္မ်ားလိုပင္ ၁း၃ ၊ ၂း၄ အခ်ိဳးျဖင့္ ေဖ်ာ္စပ္အသုံးျပဳႏိုင္ပါတယ္။

 

Source:Yello Myanmar

Read 753 times
Rate this item
(0 votes)
Tagged under