သင့်ရဲ့အိမ်လေးကို အလွယ်ကူဆုံး အလှဆင်နိုင်မည့် နည်းလမ်းကောင်းများ

သင့်ရဲ့အိမ်လေးကို အလွယ်ကူဆုံး အလှဆင်နိုင်မည့် နည်းလမ်းကောင်းများ google

သင့်ရဲ့အိမ်လေးကို ပုံစံပြောင်းချင်သော်လည်း ဘတ်ဂျက် မလုံလောက်လို့ပဲဖြစ်ဖြစ် အချိန်မရှိလို့ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူ ပြောင်းလဲလို့ရမဲ့ ပုံစံလေးတွေကို ဖော်ပြပေးသွားမှာပါ။ အရောင်လှတဲ့မီးသီးတစ်လုံး သို့မဟုတ် ကြိမ်ခေါင်းအုံးတစ်လုံး ကဲ့သို့သော ရိုးရှင်းတဲ့အရာများက သင့်ရဲ့အိမ်ကိုပြောင်းလဲစေမှာပါ။

 

၁။ ခမ်းနားသောနားနေခန်း ပြင်ဆင်ခြင်း

 

image

 

သင့်ရဲ့အိမ်မှာ ခမ်းနားတယ်လို့ ထင်စေမဲ့နေရာမျိုးမရှိဘူးဆိုရင် ဒီပုံစံလေးက လွယ်လွယ်ကူကူနဲ့ ဖန်တီးလို့ရမှာပါ။ လိုအပ်တာတွေကတော့ စားပွဲခုံ အသေးလေးတစ်ခုံရယ် ပန်းချီကားလေးတွေပါပဲ။ သင့်စိတ်ကြိုက်စားပွဲခုံတစ်ခုကို ရွေးချယ်ပြီးတော့ ခေတ်ဆန်ဆန် ပန်းချီကားတွေကို နံရံပေါ်မှာ အနိမ့်အမြင့် ချိတ်ဆွဲထားခြင်းဟာလည်း ခမ်းနားတဲ့ နေရာလေးတစ်ခုကို ရစေမှာပါ။

 

 

၂။ ခေါင်းအုံးဖြင့် အလှဆင်ခြင်း

 

Image result for Swap Out Your Throw Pillows

 

Image result for Swap Out Your Throw Pillows

 

သင့်ရဲ့အိပ်ခန်း သို့မဟုတ် ဧည့်ခန်းကို တောက်ပပလေးဖြစ်ချင်ရင်တော့ ခေါင်းအုံးတွေဖြင့် အလှဆင်လို့ရပါတယ်။ ခေါင်းအုံးရဲ့ အရောင်နှင့်ပုံစံအလိုက် သင့်ရဲ့နေရာက အသစ်အဆန်းလေး ဖြစ်နေမှာပါ။

 

 

၃။ ရေချိုးခန်းကို ထိုင်ခုံဖြင့် အလှဆင်ခြင်း

 

1805 House Beautiful Hopper T13422

 

ရေချိုးကန်ရဲ့ဘေးကပ်လျက်မှာ ထိုင်ခုံထားရှိခြင်းဟာ သင့်အတွက်သက်သောင့်သက်ဖြစ်စေပြီး အမြင်လည်း လှစေပါတယ်။

 

 

၄။ သင်ရဲ့တစ်နေ့တာပစ္စည်းများဖြင့် ပြန်လည်အလှဆင်ခြင်း

 

image

 

သင့်အိမ်ရှေ့တံခါးရှေ့ အဝင်နေရာတွင် ချိတ်များတပ်ဆင်ခြင်းဟာ သန့်ရှင်းရေးလုပ်စရာမလိုဘဲ သပ်ရပ်ပြီး သင့်အိမ်ကို အလှဆင်ထားသလို ဖြစ်နေမှာပါ။ စတိုင်ကျတဲ့ ကုတ်အင်္ကျီတစ်ထည်ရယ် ဖိနပ်ချွတ်တဲ့အခါလွယ်ကူစေဖို့အတွက် ထိုင်ခုံလေးတစ်ခုံရယ် လိုအပ်ပြီး သင်ရဲ့အိတ်လေးတွေချိတ်ဆွဲထားခြင်းဟာလည်း အလှဆင်ထားတဲ့ပုံစံမျိုး ဖြစ်နေမှာပါ။

 

 

၅။သင်ရဲ့နံရံကို အရောင်ခြယ်ပေးခြင်း

 

Wall color-block ideas

 

သင်ရဲ့နံရံကို အရောင်ရင့်ရင့်ခြယ်ခြင်းကလည်း ပိုပြီးတော့ ဆွဲဆောင်မှုရှိစေပါတယ်။ နံရံပေါ်မှာ ပန်းချီကား သို့မဟုတ် ဓာတ်ပုံတွေကို အပေါ်အောက် မညီညာ ချိတ်ဆွဲထားခြင်းကလည်း သင့်ရဲ့နံရံကိုလန်းဆန်းလေးနဲ့ ဆွဲဆောင်မှု ရှိစေမှာ အမှန်ပါ။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

သင့္ရဲ့အိမ္ေလးကို အလြယ္ကူဆံုး အလွဆင္ႏိုင္မည့္ နည္းလမ္းေကာင္းမ်ား

 

 

သင့္ရဲ႕အိမ္ေလးကို ပံုစံေျပာင္းခ်င္ေသာ္လည္း ဘတ္ဂ်က္ မလံုေလာက္လို႔ပဲျဖစ္ျဖစ္ အခ်ိန္မရွိလို႔ပဲျဖစ္ျဖစ္ လြယ္လြယ္ကူကူ ေျပာင္းလဲလို႔ရမဲ့ ပံုစံေလးေတြကို ေဖာ္ျပေပးသြားမွာပါ။ အေရာင္လွတဲ့မီးသီးတစ္လံုး သို႔မဟုတ္ ၾကိမ္ေခါင္းအံုးတစ္လံုး ကဲ့သို႔ေသာ ရိုးရွင္းတဲ့အရာမ်ားက သင့္ရဲ႕အိမ္ကိုေျပာင္းလဲေစမွာပါ။

 

 

၁။ ခမ္းနားေသာနားေနခန္း ျပင္ဆင္ျခင္း

 

 

သင့္ရဲ့အိမ္မွာ ခမ္းနားတယ္လို႔ ထင္ေစမဲ့ေနရာမ်ိဳးမရွိဘူးဆိုရင္ ဒီပံုစံေလးက လြယ္လြယ္ကူကူနဲ႔ ဖန္တီးလို႔ရမွာပါ။ လိုအပ္တာေတြကေတာ့ စားပြဲခံု အေသးေလးတစ္ခုံရယ္ ပန္းခ်ီကားေလးေတြပါပဲ။ သင့္စိတ္ႀကိဳက္စားပြဲခံုတစ္ခုကို ေရြးခ်ယ္ၿပီးေတာ့ ေခတ္ဆန္ဆန္ ပန္းခ်ီကားေတြကို နံရံေပၚမွာ အနိမ့္အျမင့္ ခ်ိတ္ဆြဲထားျခင္းဟာလည္း ခမ္းနားတဲ့ ေနရာေလးတစ္ခုကို ရေစမွာပါ။

 

 

၂။ ေခါင္းအံုးျဖင့္ အလွဆင္ျခင္း

 

 

သင့္ရဲ့အိပ္ခန္း သို႔မဟုတ္ ဧည့္ခန္းကို ေတာက္ပပေလးျဖစ္ခ်င္ရင္ေတာ့ ေခါင္းအံုးေတြျဖင့္ အလွဆင္လို႔ရပါတယ္။ ေခါင္းအံုးရဲ႕ အေရာင္ႏွင့္ပံုစံအလိုက္ သင့္ရဲ႕ေနရာက အသစ္အဆန္းေလး ျဖစ္ေနမွာပါ။

 

 

၃။ ေရခ်ိဳးခန္းကို ထိုင္ခံုျဖင့္ အလွဆင္ျခင္း

 

 

ေရခ်ိဳးကန္ရဲ႕ေဘးကပ္လ်က္မွာ ထိုင္ခံုထားရွိျခင္းဟာ သင့္အတြက္သက္ေသာင့္သက္ျဖစ္ေစၿပီး အျမင္လည္း လွေစပါတယ္။

 

 

၄။ သင္ရဲ႕တစ္ေန႔တာပစၥည္းမ်ားျဖင့္ ျပန္လည္အလွဆင္ျခင္း

 

 

သင့္အိမ္ေရွ႕တံခါးေရွ႕ အဝင္ေနရာတြင္ ခ်ိတ္မ်ားတပ္ဆင္ျခင္းဟာ သန္႔ရွင္းေရးလုပ္စရာမလိုဘဲ သပ္ရပ္ၿပီး သင့္အိမ္ကို အလွဆင္ထားသလို ျဖစ္ေနမွာပါ။ စတုိင္က်တဲ့ ကုတ္အက်ႌတစ္ထည္ရယ္ ဖိနပ္ခၽြတ္တဲ့အခါလြယ္ကူေစဖို႔အတြက္ ထိုင္ခံုေလးတစ္ခံုရယ္ လိုအပ္ၿပီး သင္ရဲ႕အိတ္ေလးေတြခ်ိတ္ဆြဲထားျခင္းဟာလည္း အလွဆင္ထားတဲ့ပံုစံမ်ိဳး ျဖစ္ေနမွာပါ။

 

 

၅။သင္ရဲ႕နံရံကို အေရာင္ျခယ္ေပးျခင္း

 

 

သင္ရဲ႕နံရံကို အေရာင္ရင့္ရင့္ျခယ္ျခင္းကလည္း ပိုုၿပီးေတာ့ ဆြဲေဆာင္မႈရွိေစပါတယ္။ နံရံေပၚမွာ ပန္းခ်ီကား သို႔မဟုတ္ ဓာတ္ပံုေတြကို အေပၚေအာက္ မညီညာ ခ်ိတ္ဆြဲထားျခင္းကလည္း သင့္ရဲ႕နံရံကိုလန္းဆန္းေလးနဲ႔ ဆြဲေဆာင္မႈ ရွိေစမွာ အမွန္ပါ။

 

Read 600 times
Rate this item
(0 votes)
Tagged under