အဆောက်အဦးတစ်ခု ဆောက်လုပ်လျှင် မဖြစ်မနေ အသုံးပြုရမည့် အုတ်အမျိုးအစားများ

အဆောက်အဦးတစ်ခု ဆောက်လုပ်လျှင် မဖြစ်မနေ အသုံးပြုရမည့် အုတ်အမျိုးအစားများ google

ဆောက်လုပ်ရေးလုပ်ငန်းများ သာမက မိမိအိမ်ဆောက်လုပ်သောအခါတွင်လည်း ရွေးချယ်နိုင်ရန်အတွက် အုတ်အမျိုးအစား (၉) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

 

၁။ သာမာန်ရိုးရိုးအုတ်

 

သာမန်အဆောက်အအုံများတွင် သုံးသောရိုးရိုးအုတ်များကို မြန်မာနိုင်ငံအနှံ့အပြားမှာတွေ့ရှိနိုင်ပါတယ်။ လယ်ကွက်အတွင်းမှတူးဖော်ရရှိကာ မြေစေးတို့ဖြင့် ပြုလုပ်ထားပြီး အရပ်ဒေသလိုက်၍ အုတ်ပုံစံနှင့်အရွယ်အစားအနည်းငယ်ပြောင်းလဲမှု ရှိနိုင်ပါတယ်။

 

အုတ်ချပ်မျက်နှာပြင်တစ်ဖက်တွင် ချိုင့်ခွက်များပါရှိတတ်သောကြောင့် အုတ်ချပ်ကိုကိုင်တွယ်ရာမှာ လွယ်ကူပေ့ါပါးစေသည့်အပြင် အုတ်တစ်ချပ်နှင့်တစ်ချပ်အကြားရှိ အင်္ဂတေဆက်ကြောင်းများကို ပိုမိုဆက်စပ်ခိုင်မြဲစေနိုင်ပါတယ်။ အုတ်နံရံများစီသောအခါ ချိုင့်ခွက်ကလေးများပါသော အုတ်မျက်နှာပြင်ကိုအပေါ်မှထား၍စီရပါမည်။

 

 

၂။ မီးခံအုတ်

 

မီးခံအုတ်ကို မီးအပူဒဏ်ခံနိုင်သောရွှံ့စေးမြေတစ်မျိုးမှထုတ်ယူရရှိကာ မြေစေးတွင် သဲကျောက် ၅၅ ရာခိုင်နှုန်းမှ ၇၇ ရာခိုင်နှုန်းနှင့် အလျူမီနာ ၂၂ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ ပါဝင်ပြီးအပူရှိန် 1400 ံC တိုင်အောင်မီးဖုတ်ပေးခြင်းဖြင့် မီးခံအုတ်များကို ရရှိနိုင်ပါတယ်။

 

မီးအပူရှိန် 2000 ံC အထိခံနိုင်သော အုတ်ကိုရရှိလျှင် သဲကျောက်မှုန့် ၉၅ ရာခိုင်နှုှန်းမှ ၉၇ ရာခိုင်နှုှန်းနှင့် ထုံးတို့ကို ရောစပ်ကာ ဖိနှိပ်သွင်းခြင်းဖြင့် မီးခံအုတ်များကို ရရှိနိုင်ပါတယ်။

 

မီးခံအုတ်များကိုဘွိုင်လာအိုး၏ အောက်ခံခုံများ၊ မီးဖိုများနှင့် အခြားအပူဒဏ်ခံရန်လိုအပ်သောနေရာများတွင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

 

 

၃။ ကြွေရည်သုတ်အုတ်

 

မီးခံသည့် မြေစေးတစ်မျိုးအား ပုံသွင်းကာ သင့်တော်သော ကြွေရည်သုတ် သို့မဟုတ် ချော်ရည်များ သုတ်လိမ်း၍ မီးဖုတ်ခြင်းဖြင့် ရရှိပါတယ်။ ယင်းအုတ်များက ရေတိုက်စားခြင်း၊ အက်ဆစ်များ ထိတွေ့ခြင်းတို့မှ ကာကွယ်ရန်နှင့် မျက်နှာပြင်ချောမွေ့ လှပစေရန် glazing ပြုလုပ်ပေးရပါတယ်။

 

Glazing ပြုလုပ်နည်း (၃) မျိုးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

(က) Natural Glazing : အုတ်များကို အပူချိန်များစွာ ပေးလိုက်သောအခါ ရွှံ့စေးမှုန့်များ တစ်ခုနှင့်တစ်ခု အရည်ပျော် ပေါင်းစပ်သွားခြင်းဖြင့် ရရှိပါတယ်။

 

(ခ) Common Salt Glazing : အုတ်များဖုတ်သောအခါ ရိုးရိုးဆားကို အုတ်များပေါ်သို့ ပက်ဖျန်းပေးခြင်းဖြင့် အုတ်မျက်နှာပြင်ပေါ်တွင် ဓာတ်ပြုကာ ဖြစ်ပေါ်လာ၍ ချောမွတ်သော အုတ်များကို ရရှိပါတယ်။

 

(ဂ) Glazing with Special Solution : မိမိအလိုရှိရာအရောင်နှင့် ကြွေရည်များကို မီးမဖုတ်မီ သုတ်လိမ်း၍ မီးဖုတ်ခြင်းဖြင့်လည်း လှပပြီး အရောင်အမျိုးမျိုးရှိသော အုတ်များကို ရရှိပါတယ်။

 

 

၄။ အင်ဂျင်နီယာသုံးအုတ်

 

မီးအပူဒဏ်ပြင်းစွာ ခံနိုင်သည့် မြေစေးမျိုးကို ကျစ်လစ်သိပ်သည်းအောင် ပုံစံသွင်းယူကာ မီးဖုတ်ခြင်းဖြင့် ရရှိပြီး အုတ်အရောင်မှာ အနည်းငယ် ပြာ၍ ရေမစုပ်နိုင်သည့်အပြင် အလွန်မာကျောသော အုတ်တစ်မျိုးဖြစ်ပါတယ်။

 

ထိုအုတ်များကို တံတားအောက်ခံတိုင်များ၊ သင်္ဘောဆိပ်ခံတိုင်ကြီးများနှင့် အခြားအလေးဝန်ခံနေရသော နေရာများတွင် အသုံးပြုကြတာများပါတယ်။

 

 

၅။အပေါက်ကလေးများပါသောအုတ်

 

ပုံစံသွန်းလောင်းပြီး ရွှံ့စေးကို 3/8″ မှ 5/8″ အချင်းရှိသည့် အပေါက်ကလေးများ (အနည်းဆုံး ၁၀ပေါက်မှ အများဆုံးအထိ) ဖောက်၍ မီးဖုတ်ခြင်းဖြင့် ရရှိသော အုတ်တစ်မျိုး ဖြစ်ပါတယ်။

 

ထိုအုတ်များဟာ ရွှံ့စေးအကုန်သက်သာခြင်း၊ အခြောက်လှန်းရာ၌ လည်းကောင်း၊ မီးဖုတ်ရာ၌ လည်းကောင်း လွယ်ကူလျင်မြန်ခြင်း၊ အလေးချိန်ပေါ့ပါး၍ အကုန်အကျသက်သာခြင်း၊ အုတ်တစ်ချပ်နှင့်တစ်ချပ်အကြား အင်္ဂတေ ကောင်းမွန်စွာ စွဲမြဲခိုင်မာစေခြင်း စသော အကျိုးကျေးဇူးများကြောင့်များစွာ ထုတ်လုပ် အသုံးပြုလျက်ရှိပါတယ်။

 

 

၆။ခေါင်းပွအုတ်

 

အုတ်များကို သာမန်အုတ်များ ပြုလုပ်သည့် မြေစေးမျိုးနှင့်ပင် ပြုလုပ်နိုင်ပါတယ်။ ရွှံ့စေးထဲ၌ ခဲလုံးကလေးများ မပါစေရန် အထူးဂရုပြုကာ ပုံသွင်းရာ၌ ရွှံ့စေးတွင် လေများ မခိုအောင်းစေရန် လေစုပ်ယူနိုင်သည့် လွန်စက်များဖြင့် ပုံသွင်းကာ သင့်လျော်သည့် အပေါက်များပါသောအုတ်ကို ဖိနှိပ်ပုံသွင်းယူပြီး မီးဖုတ်ခြင်းဖြင့် ခေါင်းပွအုတ်များ ရရှိနိုင်ပါတယ်။

 

အုတ်များကို အသုံးပြုခြင်းဖြင့်နံရံ အလေးချိန် ပေါ့ပါးခြင်း၊ အပူအအေးမျှတခြင်း၊ စွတ်စိုထိုင်းမှိုင်းခြင်းမှ ကာကွယ်ခြင်း၊ အသံလုံခြင်း စသောအကျိုးကျေးဇူးများကို ရနိုင်ပါတယ်။

 

 

၇။ ပေါ့ပါး၍ ပွသောအုတ်

 

အုတ်များမှာ မြေစေးတစ်မျိုးသော်လည်းကောင်း၊ မီးလောင်ကျွမ်းသွားသည့် လွှစာ၊ စပါးခွံ၊ မီသွေးမှုန့် စသည့် ပစ္စည်းများကို မြေစေးနှင့် ရောစပ်၍လည်းကောင်း မီးဖုတ်ခြင်းဖြင့် ရရှိပါတယ်။ ထိုအုတ်များကို ယာယီအုတ်စီခြင်း လုပ်ငန်းနေရာမျိုးတွင် အသုံးပြုလျက်ရှိပါတယ်။

 

 

၈။ဘိလပ်မြေနှင့် ရောစပ်သောအုတ်

 

သဲများသော မြေမျိုးတွင် ဘိလပ်မြေ ၅ ရာခိုင်နူန်းထက် မနည်းရော၍ ဖိနှိပ်စက်ဖြင့် ပုံသွင်းယူကာ ထိုအုတ်မျိုးကို မီးမဖုတ်ရပဲ အချိန် ၂ပတ်ကြာမျှ အဝတ်စိုများ အုပ်ထားခြင်းဖြင့် ဘိလပ်မြေအိပ်ပြီး မာကျောလာကာ ရရှိလာခြင်း ဖြစ်ပါတယ်။ အတွင်းနံရံများကို အုတ်စီရာတွင် အသုံးပြုပါတယ်။

 

 

၉။ သဲနှင့် ထုံးရောစပ်သောအုတ်

 

သန့်ရှင်းသောသဲတွင် လတ်ဆတ်သည့်ထုံး ၁၀ ရာခိုင်နှုန်းကို သမအောင် ရောစပ်ပြီး အားကောင်းသော ဖိနှိပ်စက်ဖြင့် ပုံသွင်းယူကာ ခိုင်မာလာစေရန် ပေါင်းအိုးတွင် 100 to 200 Ibs/sq-in အင်အားရှိသည့် ရေငွေ့ဖြင့် ၃ နာရီခန့်ထားရပါမည်။ အဆောက်အုံအတွင်း နံရံများကို အုတ်စီရာတွင် အသုံးပြုပါတယ်။

 

 

Source: YELLO Myanmar

 

 

Myanmar Builders Guide

 

 

ေဆာက္လုပ္ေရးလုပ္ငန္းသုံး လုံျခံဳေရးဝတ္စုံလုပ္ငန္းေပါင္း ၅၁ ခုကိုရွာရန္ႏွိပ္ပါ

 

 

---Zawgyi---

 

 

အေဆာက္အဦးတစ္ခု ေဆာက္လုပ္လွ်င္ မျဖစ္မေန အသုံးျပဳရမည့္ အုတ္အမ်ိဳးအစားမ်ား

 

 

ေဆာက္လုပ္ေရးလုပ္ငန္းမ်ား သာမက မိမိအိမ္ေဆာက္လုပ္ေသာအခါတြင္လည္း ေရြးခ်ယ္ႏို္င္ရန္အတြက္ အုတ္အမ်ိဳးအစား (၉) မ်ိဳးကိုေဖာ္ျပေပးလုိက္ပါတယ္။

 

 

၁။ သာမာန္႐ိုး႐ိုးအုတ္

 

သာမန္အေဆာက္အအုံမ်ားတြင္ သုံးေသာ႐ိုး႐ိုးအုတ္မ်ားကို ျမန္မာႏိုင္ငံအႏွံ႔အျပားမွာေတြ႕ရွိႏိုင္ပါတယ္။ လယ္ကြက္အတြင္းမွတူးေဖာ္ရရွိကာ ေျမေစးတို႔ျဖင့္ ျပဳလုပ္ထားၿပီး အရပ္ေဒသလိုက္၍ အုတ္ပုံစံႏွင့္အ႐ြယ္အစားအနည္းငယ္ေျပာင္းလဲမႈ ရွိႏိုင္ပါတယ္။

 

အုတ္ခ်ပ္မ်က္ႏွာျပင္တစ္ဖက္တြင္ ခ်ိဳင့္ခြက္မ်ားပါရွိတတ္ေသာေၾကာင့္ အုတ္ခ်ပ္ကိုကိုင္တြယ္ရာမွာ လြယ္ကူေပ့ါပါးေစသည့္အျပင္ အုတ္တစ္ခ်ပ္ႏွင့္တစ္ခ်ပ္အၾကားရွိ အဂၤေတဆက္ေၾကာင္းမ်ားကို ပိုမိုဆက္စပ္ခိုင္ၿမဲေစႏိုင္ပါတယ္။ အုတ္နံရံမ်ားစီေသာအခါ ခ်ိဳင့္ခြက္ကေလးမ်ားပါေသာ အုတ္မ်က္ႏွာျပင္ကိုအေပၚမွထား၍စီရပါမည္။

 

 

၂။ မီးခံအုတ္

 

မီးခံအုတ္ကို မီးအပူဒဏ္ခံႏိုင္ေသာ႐ႊံ႕ေစးေျမတစ္မ်ိဳးမွထုတ္ယူရရွိကာ ေျမေစးတြင္ သဲေက်ာက္ ၅၅ ရာခိုင္ႏႈန္းမွ ၇၇ ရာခိုင္ႏႈန္းႏွင့္ အလ်ဴမီနာ ၂၂ ရာခိုင္ႏႈန္းမွ ၃၅ ရာခိုင္ႏႈန္းအထိ ပါဝင္ၿပီးအပူရွိန္ 1400 ံC တိုင္ေအာင္မီးဖုတ္ေပးျခင္းျဖင့္ မီးခံအုတ္မ်ားကို ရရွိႏိုင္ပါတယ္။

 

မီးအပူရွိန္ 2000 ံC အထိခံႏိုင္ေသာ အုတ္ကိုရရွိလွ်င္ သဲေက်ာက္မႈန္႔ ၉၅ ရာခိုင္ႏႈွန္းမွ ၉၇ ရာခိုင္ႏႈွန္းႏွင့္ ထုံးတို႔ကို ေရာစပ္ကာ ဖိႏွိပ္သြင္းျခင္းျဖင့္ မီးခံအုတ္မ်ားကို ရရွိႏိုင္ပါတယ္။

 

မီးခံအုတ္မ်ားကိုဘြိဳင္လာအိုး၏ ေအာက္ခံခုံမ်ား၊ မီးဖိုမ်ားႏွင့္ အျခားအပူဒဏ္ခံရန္လိုအပ္ေသာေနရာမ်ားတြင္ ထည့္သြင္းအသံုးျပဳႏိုင္ပါတယ္။

 

 

၃။ ေႂကြရည္သုတ္အုတ္

 

မီးခံသည့္ ေျမေစးတစ္မ်ိဳးအား ပုံသြင္းကာ သင့္ေတာ္ေသာ​ ေႂကြရည္သုတ္ သို႔မဟုတ္ ေခ်ာ္ရည္မ်ား သုတ္လိမ္း၍ မီးဖုတ္ျခင္းျဖင့္ ရရွိပါတယ္။ ယင္းအုတ္မ်ားက ေရတိုက္စားျခင္း၊ အက္ဆစ္မ်ား ထိေတြ႕ျခင္းတို႔မွ ကာကြယ္ရန္ႏွင့္ မ်က္ႏွာျပင္ေခ်ာေမြ႕ လွပေစရန္ glazing ျပဳလုပ္ေပးရပါတယ္။

 

Glazing ျပဳလုပ္နည္း (၃) မ်ိဳးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

(က) Natural Glazing : အုတ္မ်ားကို အပူခ်ိန္မ်ားစြာ ေပးလုိက္ေသာအခါ ႐ႊံ႕ေစးမႈန႔္မ်ား တစ္ခုႏွင့္တစ္ခု အရည္ေပ်ာ္ ေပါင္းစပ္သြားျခင္းျဖင့္ ရရွိပါတယ္။

 

(ခ) Common Salt Glazing : အုတ္မ်ားဖုတ္ေသာအခါ ႐ိုး႐ိုးဆားကို အုတ္မ်ားေပၚသို႔ ပက္ဖ်န္းေပးျခင္းျဖင့္ အုတ္မ်က္ႏွာျပင္ေပၚတြင္ ဓာတ္ျပဳကာ ျဖစ္ေပၚလာ၍ ေခ်ာမြတ္ေသာ အုတ္မ်ားကို ရရွိပါတယ္။

 

(ဂ) Glazing with Special Solution : မိမိအလိုရွိရာအေရာင္ႏွင့္ ေႂကြရည္မ်ားကို မီးမဖုတ္မီ သုတ္လိမ္း၍ မီးဖုတ္ျခင္းျဖင့္လည္း လွပၿပီး အေရာင္အမ်ိဳးမ်ိဳးရွိေသာ အုတ္မ်ားကို ရရွိပါတယ္။

 

 

၄။ အင္ဂ်င္နီယာသုံးအုတ္

 

မီးအပူဒဏ္ျပင္းစြာ ခံႏိုင္သည့္ ေျမေစးမ်ိဳးကို က်စ္လစ္သိပ္သည္းေအာင္ ပုံစံသြင္းယူကာ မီးဖုတ္ျခင္းျဖင့္ ရရွိၿပီး အုတ္အေရာင္မွာ အနည္းငယ္ ျပာ၍ ေရမစုပ္ႏိုင္သည့္အျပင္ အလြန္မာေက်ာေသာ အုတ္တစ္မ်ိဳးျဖစ္ပါတယ္။

 

ထိုအုတ္မ်ားကို တံတားေအာက္ခံတိုင္မ်ား၊ သေဘၤာဆိပ္ခံတိုင္ႀကီးမ်ားႏွင့္ အျခားအေလးဝန္ခံေနရေသာ ေနရာမ်ားတြင္ အသုံးျပဳၾကတာမ်ားပါတယ္။

 

 

၅။အေပါက္ကေလးမ်ားပါေသာအုတ္

 

ပုံစံသြန္းေလာင္းၿပီး ႐ႊံ႕ေစးကို 3/8″ မွ 5/8″ အခ်င္းရွိသည့္ အေပါက္ကေလးမ်ား (အနည္းဆုံး ၁၀ေပါက္မွ အမ်ားဆုံးအထိ) ေဖာက္၍ မီးဖုတ္ျခင္းျဖင့္ ရရွိေသာ အုတ္တစ္မ်ိဳး ျဖစ္ပါတယ္။

 

ထိုအုတ္မ်ားဟာ ႐ႊံ႕ေစးအကုန္သက္သာျခင္း၊ အေျခာက္လွန္းရာ၌ လည္းေကာင္း၊ မီးဖုတ္ရာ၌ လည္းေကာင္း လြယ္ကူလ်င္ျမန္ျခင္း၊ အေလးခ်ိန္ေပါ့ပါး၍ အကုန္အက်သက္သာျခင္း၊ အုတ္တစ္ခ်ပ္ႏွင့္တစ္ခ်ပ္အၾကား အဂၤေတ ေကာင္းမြန္စြာ စြဲၿမဲခိုင္မာေစျခင္း စေသာ အက်ိဳးေက်းဇူးမ်ားေၾကာင့္မ်ားစြာ ထုတ္လုပ္ အသုံးျပဳလ်က္ရွိပါတယ္။

 

 

၆။ေခါင္းပြအုတ္

 

အုတ္မ်ားကို သာမန္အုတ္မ်ား ျပဳလုပ္သည့္ ေျမေစးမ်ိဳးႏွင့္ပင္ ျပဳလုပ္ႏိုင္ပါတယ္။ ႐ႊံ႕ေစးထဲ၌ ခဲလုံးကေလးမ်ား မပါေစရန္ အထူးဂ႐ုျပဳကာ ပုံသြင္းရာ၌ ႐ႊံ႕ေစးတြင္ ေလမ်ား မခိုေအာင္းေစရန္ ေလစုပ္ယူႏိုင္သည့္ လြန္စက္မ်ားျဖင့္ ပုံသြင္းကာ သင့္ေလ်ာ္သည့္ အေပါက္မ်ားပါေသာအုတ္ကို ဖိႏွိပ္ပုံသြင္းယူၿပီး မီးဖုတ္ျခင္းျဖင့္ ေခါင္းပြအုတ္မ်ား ရရွိႏိုင္ပါတယ္။

 

အုတ္မ်ားကို အသုံးျပဳျခင္းျဖင့္နံရံ အေလးခ်ိန္ ေပါ့ပါးျခင္း၊ အပူအေအးမွ်တျခင္း၊ စြတ္စိုထိုင္းမႈိင္းျခင္းမွ ကာကြယ္ျခင္း၊ အသံလုံျခင္း စေသာအက်ိဳးေက်းဇူးမ်ားကို ရႏိုင္ပါတယ္။

 

 

၇။ ေပါ့ပါး၍ ပြေသာအုတ္

 

အုတ္မ်ားမွာ ေျမေစးတစ္မ်ိဳးေသာ္လည္းေကာင္း၊ မီးေလာင္ကြၽမ္းသြားသည့္ လႊစာ၊ စပါးခြံ၊ မီေသြးမႈန႔္ စသည့္ ပစၥည္းမ်ားကို ေျမေစးႏွင့္ ေရာစပ္၍လည္းေကာင္း မီးဖုတ္ျခင္းျဖင့္ ရရွိပါတယ္။ ထိုအုတ္မ်ားကို ယာယီအုတ္စီျခင္း လုပ္ငန္းေနရာမ်ိဳးတြင္ အသုံးျပဳလ်က္ရွိပါတယ္။

 

 

၈။ဘိလပ္ေျမႏွင့္ ေရာစပ္ေသာအုတ္

 

သဲမ်ားေသာ ေျမမ်ိဳးတြင္ ဘိလပ္ေျမ ၅ ရာခိုင္ႏူန္းထက္ မနည္းေရာ၍ ဖိႏွိပ္စက္ျဖင့္ ပုံသြင္းယူကာ ထိုအုတ္မ်ိဳးကို မီးမဖုတ္ရပဲ အခ်ိန္ ၂ပတ္ၾကာမွ် အဝတ္စိုမ်ား အုပ္ထားျခင္းျဖင့္ ဘိလပ္ေျမအိပ္ၿပီး မာေက်ာလာကာ ရရွိလာျခင္း ျဖစ္ပါတယ္။ အတြင္းနံရံမ်ားကို အုတ္စီရာတြင္ အသုံးျပဳပါတယ္။

 

 

၉။ သဲႏွင့္ ထုံးေရာစပ္ေသာအုတ္

 

သန႔္ရွင္းေသာသဲတြင္ လတ္ဆတ္သည့္ထုံး ၁၀ ရာခိုင္ႏႈန္းကို သမေအာင္ ေရာစပ္ၿပီး အားေကာင္းေသာ ဖိႏွိပ္စက္ျဖင့္ ပုံသြင္းယူကာ ခိုင္မာလာေစရန္ ေပါင္းအိုးတြင္ 100 to 200 Ibs/sq-in အင္အားရွိသည့္ ေရေငြ႕ျဖင့္ ၃ နာရီခန႔္ထားရပါမည္။ အေဆာက္အုံအတြင္း နံရံမ်ားကို အုတ္စီရာတြင္ အသုံးျပဳပါတယ္။

 

 

Source: YELLO Myanmar

 

Read 423 times
Rate this item
(0 votes)
Tagged under