အုတ်ရွေးချယ်ရာတွင် အကောင်းဆုံးဖြစ်ရန် သိထားသင့်သည့် အုတ်အင်္ဂါရပ်များ

အုတ်ရွေးချယ်ရာတွင် အကောင်းဆုံးဖြစ်ရန် သိထားသင့်သည့် အုတ်အင်္ဂါရပ်များ google

ဆောက်လုပ်ရေးတစ်ခုလုပ်တော့မယ်ဆိုလျှင် မရှိမဖြစ်လိုအပ်သည့်ပစ္စည်းထဲမှာ အုတ်လည်းအပါအဝင်ဖြစ်ပါတယ်။ အုတ်ကို အသုံးပြုရာတွင် အုတ်အမျိုးအစားနဲ့ အုတ်ရဲ့အင်္ဂါရပ်များကို လေ့လာနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။

 

ပထမတန်းစားအုတ်၏ဂုဏ်အင်္ဂါရပ်များ

 

၁။ ကောင်းမွန်သော အုတ်များသည် အပူချိန်ညီ၍ ကောင်းစွာလောင်းကျွမ်းပြီး နီမြန်းသောအရောင်ရှိခြင်း။

 

၂။ အုတ်၏နံဘေးစောင်းများထက်နေ၍ တွန့်လိမ်ကွဲအက်ခြင်းများ မရှိခြင်း။

 

၃။ အုတ်ကိုချွန်ထက်သောအရာဝတ္ထုနှင့် ခြစ်ကြည့်ပါက အရာမထင်ခြင်း။

 

၄။ အုတ်နှစ်ချပ်ကိုရိုက်ခတ်ကြည့်သောအခါ ကြည်လင်ပြတ်သားသောအသံပေါ်ထွက်လာခြင်း။

 

၅။ အုတ်ကိုရေတွင် ၁ နာရီမှ ၂နာရီခန့်စိမ်ထားပါက အုတ်အလေးချိန်၏ ၆ပုံ ၁ပုံ မှ ၄ပုံ ၁ပုံ ရှိသောရေကိုစုပ်ယူနိုင်ခြင်း။

 

၆။ အုတ်ကိုဖိနှိပ်ကြည့်ပါက တစ်စတုရန်းပေသည် တန်ချိန် ၅၀ အလေးခံနိုင်ခြင်း။

 

၇။ အုတ်တစ်ချပ်ကို၂ ပေခွဲ သို့မဟုတ် ၃ပေခန့် ရှိသောအမြင့်မှမြေပြင်သို့ လွတ်ချကြည့်ပါကကွဲအက်မှုမရှိခြင်း တို့သည် ပထမတန်းစားအုတ်၏ဂုဏ်အင်္ဂါရပ်များပဲဖြစ်ပါတယ်။

 

 

ဒုတိယတန်းစားအုတ်မှာ အက်ကွဲတာများ အနည်းငယ်ပါရှိတတ်ပြီး တတိယတန်းစားအုတ်များမှာမူ ပထမတန်းစားနှင့် ဒုတိယတန်းစားအုတ်များကို ရွေးချယ်၍ကျန်ရှိသော အုတ်များပင်ဖြစ်ပါတယ်။

 

 


Source: YELLO Myanmar

 

 

Myanmar Builders Guide

 

 

စက္ႏွင့္ စက္အပိုပစၥည္းမ်ား လုပ္ငန္းေပါင္း ၅၇၃ ခုကို ရွာရန္ႏွိပ္ပါ။

 

 

---Zawgyi---

 

 

အုတ္ေရြးခ်ယ္ရာတြင္ အေကာင္းဆံုးျဖစ္ရန္ သိထားသင့္သည့္ အုတ္အဂၤါရပ္မ်ား

 

 

ေဆာက္လုပ္ေရးတစ္ခုလုပ္ေတာ့မယ္ဆိုလွ်င္ မရွိမျဖစ္လိုအပ္သည့္ပစၥည္းထဲမွာ အုတ္လည္းအပါအဝင္ျဖစ္ပါတယ္။ အုတ္ကို အသံုးျပဳရာတြင္ အုတ္အမ်ိဳးအစားနဲ႔ အုတ္ရဲ႕အဂၤါရပ္မ်ားကို ေလ့လာႏိုင္ရန္အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

 

 

ပထမတန္းစားအုတ္၏ဂုဏ္အဂၤါရပ္မ်ား

 

၁။ ေကာင္းမြန္ေသာ အုတ္မ်ားသည္ အပူခ်ိန္ညီ၍ ေကာင္းစြာေလာင္းကြၽမ္းၿပီး နီျမန္းေသာအေရာင္ရွိျခင္း။

 

၂။ အုတ္၏နံေဘးေစာင္းမ်ားထက္ေန၍ တြန႔္လိမ္ကြဲအက္ျခင္းမ်ား မရွိျခင္း။

 

၃။ အုတ္ကိုခြၽန္ထက္ေသာအရာဝတၳဳႏွင့္ ျခစ္ၾကည့္ပါက အရာမထင္ျခင္း။

 

၄။ အုတ္ႏွစ္ခ်ပ္ကို႐ိုက္ခတ္ၾကည့္ေသာအခါ ၾကည္လင္ျပတ္သားေသာအသံေပၚထြက္လာျခင္း။

 

၅။ အုတ္ကိုေရတြင္ ၁ နာရီမွ ၂နာရီခန႔္စိမ္ထားပါက အုတ္အေလးခ်ိန္၏ ၆ပုံ ၁ပုံ မွ ၄ပုံ ၁ပုံ ရွိေသာေရကိုစုပ္ယူႏိုင္ျခင္း။

 

၆။ အုတ္ကိုဖိႏွိပ္ၾကည့္ပါက တစ္စတုရန္းေပသည္ တန္ခ်ိန္ ၅၀ အေလးခံႏိုင္ျခင္း။

 

၇။ အုတ္တစ္ခ်ပ္ကို၂ ေပခြဲ သို႔မဟုတ္ ၃ေပခန႔္ ရွိေသာအျမင့္မွေျမျပင္သို႔ လြတ္ခ်ၾကည့္ပါကကြဲအက္မႈမရွိျခင္း တို႕သည္ ပထမတန္းစားအုတ္၏ဂုဏ္အဂၤါရပ္မ်ားပဲျဖစ္ပါတယ္။

 

 

ဒုတိယတန္းစားအုတ္မွာ အက္ကြဲတာမ်ား အနည္းငယ္ပါရွိတတ္ၿပီး တတိယတန္းစားအုတ္မ်ားမွာမူ ပထမတန္းစားႏွင့္ ဒုတိယတန္းစားအုတ္မ်ားကို ေ႐ြးခ်ယ္၍က်န္ရွိေသာ အုတ္မ်ားပင္ျဖစ္ပါတယ္။

 

 


Source: YELLO Myanmar

 

Read 1363 times
Rate this item
(0 votes)
Tagged under