ကမ္ဘာပေါ်ရှိ အန္တရာယ်အများဆုံး တံတားများအကြောင်း

ကမ္ဘာပေါ်ရှိ အန္တရာယ်အများဆုံး တံတားများအကြောင်း google

ကမ္ဘာပေါ်တွင် စိတ်ဝင်စားစရာတွေကောင်းတဲ့ တံတားအမျိုးအစား အများကြီးရှိပါတယ်။ သင်ဟာ ထူးထူးဆန်းဆန်း လုပ်ရတာ ဝါသနာပါတဲ့သူမျိုးဆိုရင်တော့ သွားရောက်သင့်ပါတယ်။ ကမ္ဘာပေါ်ရှိ အန္တရာယ်အများဆုံး တံတားများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

The Royal Gorge Bridge

 

20. Royal Gorge Bridge, Colorado.

 

Royal Gorge တံတားဟာ အမေရိကန်ပြည်ထောင်စုမှာတည်ရှိပြီး အမြင့်ဆုံးတံတားတစ်ခုလည်းဖြစ်ပါတယ်။

 

 

ဒီတံတားရဲ့စိတ်ဝင်စားဖွယ်ကောင်းတာကတော့ ၁၉၂၉ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီးတော့ အဲ့ခေတ်မှာ လေဘယ်လ်ကြိုးတွေ မရှိသေးပါဘူး။

 

 

ဆယ်စုနှစ်များစွာကြာပြီးနောက် ထိုတံတားဟာ ခရီးသွားဧည့်သည်များကို ဆွဲဆောင်လျက်ရှိပါတယ်။

 

 

The Monkey Bridges

 

19. Monkey bridges, Vietnam.

 

Monkey တံတားဟာ ဗီယက်နမ်နိုင်ငံမှာတည်ရှိပြီးတော့ မြစ်ဝကျွန်းပေါ်တွေကို ဖြတ်သန်းသွားလာနိုင်ရန်အတွက် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

 

 

ထိုတံတားကို လူကြိုက်များစေတဲ့ အဓိကအချက်ကတော့ ဝါးတစ်ကြောင်းတည်းဖြင့် အောက်ခြေကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

 

 

သင်ဆိုရင်ရော ဒီတံတားမျိုးကို ဘယ်လိုဖြတ်သန်းမလဲ။ မျောက်တွေရဲ့ သွားလာပုံကို ကြည့်ပြီးတော့ သွားလို့ရပါတယ်နော်။

 

 

The Hussaini Hanging Bridge

 

18

 

Hussaini Hanging တံတားဟာ ပါကစ္စတန်နိုင်ငံမှာတည်ရှိပြီး ကမ္ဘာ့အန္တရာယ်အရှိဆုံး တံတားတစ်စင်း ဖြစ်ပါတယ်။ အဆိုပါတံတားဟာ Hunza မြစ်ကိုဖြတ်သန်းတည်ဆောက်ထားကာ အက်ကွဲကြောင်းများဖြစ်ပေါ်လျှက်ရှိနေပါတယ်။

 

 

တံတားဟောင်းရဲ့အကြွင်းအကျန်တွေက အဆိုပါ Hussaini Hanging တံတားအနီးပတ်ဝန်းကျင်တွင်ရှိနေခြင်းကလည်း အန္တရာယ်ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတစ်ချက်ပဲ ဖြစ်ပါတယ်။

 

 

The Seven Mile Bridge

 

17. Seven Mile Bridge, Florida.

 

Seven Mile တံတားဟာ ဖလောရီဒါတွင်တည်ရှိပြီး လွန်ခဲ့သောနှစ်များက Seven Mile တံတားကို ဖျက်သိမ်းခဲ့ပါတယ်၊။ ဘာကြောင့်လဲဆိုတော့ လှေတွေ ဖြတ်သန်းခြင်းကို တားဆီးထားတာကြောင့် ဖြစ်ပါတယ်။

 

 

ဒီတံတားကို လုံခြုံတယ်လို့ထင်ရသော်လည်း ဖလော်ရီဒါရဲ့ ဟာရီကိန်း ရာသီမှာဆိုလျှင် အတော်လေးကို ကြောက်စရာကောင်းပါတယ်။

 

 

The Deception Pass Bridge

 

16. Deception Pass Bridge, Washington State.

 

Deception Pass တံတားဟာ ဝါရှင်တန်ပြည်နယ်မှာတည်ရှိပြီး ဒေသခံကျွန်း ၂ ကျွန်းကို ဆက်သွယ်ပေးထားတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။

 

 

တံတားတည်ဆောက်မှုဟာ လုံခြုံမှုရှိသော်လည်း အမြင့်ပေ ၁၈၀ ရှိသောကြောင့် စိတ်လှုပ်ရှားဖွယ်ဖြစ်နိုင်ပါတယ်။

 

 

The Pontchartrain Causeway

 

15. Lake Pontchartrain Causeway, Louisiana.

 

Pontchartrain Causeway တံတားက Pontchartrain, Louisiana တွင် တည်ရှိပြီး အမြင့် ၁၆ ပေရှိတဲ့ ရေမျက်နှာပြင်ပေါ်ကို ဖြတ်ကူးသော တံတားတွေထဲမှာ အရှည်ဆုံး တံတား တစ်စင်းဖြစ်ပါတယ်။

 

 

ဒီတံတားရဲ့ ကြောက်ဖို့ကောင်းစေတဲ့ အချက်ကတော့ လမ်းတစ်လျှောက်မှာ ကုန်းမြေတွေ မမြင်ရတာ အမှန်တကယ်ဖြစ်တာကြောင့် လူတချို့ဟာ မရေမတွက်နိုင်သော တံတားကို ဖြတ်သန်းပြီး ခရီးသွားနေရတယ်လို့ ခံစားကြရပါတယ်။

 

 

The Canopy Walk

 

14. Canopy Walk, Ghana.

 

Canopy Walk တံတားဟာ ဂါနာနိုင်ငံတွင်တည်ရှိပြီး အရှည်မှာ ၁၀၀၀ ဝန်းကျင်ရှိ၍ အမြင့်ပေ ၄၀ မြင့်တဲ့အတွက် လေထဲမှာဝဲနေသလိုမျိုး ခံစားနေရမှာပါ။

 

 

ဒီတံတားရဲ့ စိတ်ဝင်စားဖွယ်ကောင်းတာကတော့ သစ်ပင်တွေကို ဖြတ်ပြီး လမ်းလျှောက်ရတာပါပဲ။ ထိုလျှောက်လမ်းကို ဖြတ်သန်းသွားတဲ့သူတွေအနေနဲ့ မျောက်တွေ ငှက်တွေနဲ့လည်းကြုံတွေ့ရနိုင်ပါတယ်။

 

 

The Langkawi Sky Bridge

 

13. Langkawi Sky Bridge, Malaysia.

 

Langkawi Sky တံတားဟာ မလေးရှားနိုင်ငံမှာတည်ရှိပြီး မြေပြင်မှ အမြင့်ပေ ၄၀၀ ကျော် ကွာဝေးပါတယ်။

 

 

တံတားပေါ်ဖြတ်လျှောက်သူတိုင်းကို လဲကျအောင်လုပ်နိုင်တဲ့စွမ်းအားရှိတာကြောင့် တံတားကို တစ်ကြိမ်ပိတ်ထားခဲ့ရဖူးတယ်ဆိုတ ဲ့ကောလဟလကြောင့်လည်း လူတွေက အဆိုပါတံတားကိုကြောက်ရွံ့ကြတာဖြစ်ပါတယ်။

 

 

တံတားတည်ဆောက်ဖွဲ့စည်းမှုအရ လုံခြုံမှုှုရှိကြောင်း စစ်ဆေးပြီးခဲ့သော်လည်း ကောလဟာလတွေက ပျောက်ကွယ်သွားခြင်းတော့ မရှိပါ။

 

 

The Mount Titlis Bridge

 

12. Mount Titlis, Switzerland.

 

Mount Titlis တံတားက ဆွစ်ဇာလန်နိုင်ငံ၏ တောင်တန်းပေါ်မှာတည်ရှိပြီး မြေပြင်မှ မီတာ ၃၀၀၀ အကွာတွင်တည်ရှိကာ အလွန်ကျဉ်းမြောင်းလွန်းပါတယ်။

 

 

သို့သော် အမြင့်ဆုံးအနေအထားတွင် ရှိသော်လည်း ကမ္ဘာပေါ်တွင် အလုံခြုံဆုံး တံတားတစ်စင်းအဖြစ် သတ်မှတ်ထားပါတယ်။

 

 

The Vitim River Bridge

 

11. Vitim River Bridge, Russia.

 

Vitim မြစ်ကူးတံတားဟာ ရုရှားနိုင်ငံမှာတည်ရှိပြီး သစ်သားအစိတ်အပိုင်းများက သက်တမ်းရင့်နေသည့်အပြင် ဘေးဘက်တွင် အစောင့်စည်းများလည်း မပါရှိပါဘူး။

 

 

ပိုဆိုးတာကတော့ သစ်သားပျဉ်ပြားများက မလုံလောက်ကာ ဆောင်းတွင်းမှာ တော်တော် အန္တရာယ်များပါတယ်။

 

 

နောက်ထပ် အန္တရာယ်အများဆုံး တံတားများအကြောင်းများကိုလည်း တင်ဆက်ပေးသွားဦးမှာပါ။

 

 

Myanmar Builders Guide

 

 


မီးစက္ႏွင့္ ထရန္စေဖာ္မာ လုပ္ငန္းေပါင္း ၃၂၁ ခုကို ရွာရန္ႏွိပ္ပါ

 

 

---Zawgyi---

 

 

ကမာၻေပၚရွိ အႏၱရာယ္အမ်ားဆံုး တံတားမ်ားအေၾကာင္း

 

 

ကမာၻေပၚတြင္ စိတ္ဝင္စားစရာေတြေကာင္းတဲ့ တံတားအမ်ိဳးအစား အမ်ားႀကီးရွိပါတယ္။ သင္ဟာ ထူးထူးဆန္းဆန္း လုပ္ရတာ ဝါသနာပါတဲ့သူမ်ိဳးဆိုရင္ေတာ့ သြားေရာက္သင့္ပါတယ္။ ကမာၻေပၚရွိ အႏၱရာယ္အမ်ားဆံုး တံတားမ်ားအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

 

 

The Royal Gorge Bridge

 

 

Royal Gorge တံတားဟာ အေမရိကန္ျပည္ေထာင္စုမွာတည္ရွိၿပီး အျမင့္ဆံုးတံတားတစ္ခုလည္းျဖစ္ပါတယ္။

 

 

ဒီတံတားရဲ႕စိတ္ဝင္စားဖြယ္ေကာင္းတာကေတာ့ ၁၉၂၉ ခုႏွစ္မွာ တည္ေဆာက္ခဲ့တာျဖစ္ၿပီးေတာ့ အဲ့ေခတ္မွာ ေလဘယ္လ္ႀကိဳးေတြ မရွိေသးပါဘူး။

 

 

ဆယ္စုႏွစ္မ်ားစြာၾကာၿပီးေနာက္ ထိုတံတားဟာ ခရီးသြားဧည့္သည္မ်ားကို ဆြဲေဆာင္လ်က္ရွိပါတယ္။

 

 

The Monkey Bridges

 

 

Monkey တံတားဟာ ဗီယက္နမ္ႏိုင္ငံမွာတည္ရွိၿပီးေတာ့ ျမစ္ဝကၽြန္းေပၚေတြကို ျဖတ္သန္းသြားလာႏိုင္ရန္အတြက္ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။

 

 

ထိုတံတားကို လူႀကိဳက္မ်ားေစတဲ့ အဓိကအခ်က္ကေတာ့ ဝါးတစ္ေၾကာင္းတည္းျဖင့္ ေအာက္ေျခကို တည္ေဆာက္ထားတာ ျဖစ္ပါတယ္။

 

 

သင္ဆိုရင္ေရာ ဒီတံတားမ်ိဳးကို ဘယ္လိုျဖတ္သန္းမလဲ။ ေမ်ာက္ေတြရဲ႕ သြားလာပံုကို ၾကည့္ၿပီးေတာ့ သြားလို႔ရပါတယ္ေနာ္။

 

 

The Hussaini Hanging Bridge

 

 

Hussaini Hanging တံတားဟာ ပါကစၥတန္ႏိုင္ငံမွာတည္ရွိၿပီး ကမာၻ႔အႏၱရာယ္အရွိဆံုး တံတားတစ္စင္း ျဖစ္ပါတယ္။ အဆိုပါတံတားဟာ Hunza ျမစ္ကိုျဖတ္သန္းတည္ေဆာက္ထားကာ အက္ကြဲေၾကာင္းမ်ားျဖစ္ေပၚလွ်က္ရွိေနပါတယ္။

 

 

တံတားေဟာင္းရဲ႕အၾကြင္းအက်န္ေတြက အဆိုပါ Hussaini Hanging တံတားအနီးပတ္ဝန္းက်င္တြင္ရွိေနျခင္းကလည္း အႏၱရာယ္ျဖစ္ပြားေစတဲ့ အေၾကာင္းအရင္းတစ္ခ်က္ပဲ ျဖစ္ပါတယ္။

 

 

The Seven Mile Bridge

 

 

Seven Mile တံတားဟာ ဖေလာရီဒါတြင္တည္ရွိၿပီး လြန္ခဲ့ေသာႏွစ္မ်ားက Seven Mile တံတားကို ဖ်က္သိမ္းခဲ့ပါတယ္၊။ ဘာေၾကာင့္လဲဆိုေတာ့ ေလွေတြ ျဖတ္သန္းျခင္းကို တားဆီးထားတာေၾကာင့္ ျဖစ္ပါတယ္။

 

 

ဒီတံတားကို လံုျခံဳတယ္လို႔ထင္ရေသာ္လည္း ဖေလာ္ရီဒါရဲ႕ ဟာရီကိန္း ရာသီမွာဆိုလွ်င္ အေတာ္ေလးကို ေၾကာက္စရာေကာင္းပါတယ္။

 

 

The Deception Pass Bridge

 

 

Deception Pass တံတားဟာ ဝါရွင္တန္ျပည္နယ္မွာတည္ရွိၿပီး ေဒသခံကၽြန္း ၂ ကၽြန္းကို ဆက္သြယ္ေပးထားတဲ့ တံတားတစ္စင္းျဖစ္ပါတယ္။

 

 

တံတားတည္ေဆာက္မႈဟာ လံုျခံဳမႈရွိေသာ္လည္း အျမင့္ေပ ၁၈၀ ရွိေသာေၾကာင့္ စိတ္လႈပ္ရွားဖြယ္ျဖစ္ႏိုင္ပါတယ္။

 

 

The Pontchartrain Causeway

 

 

Pontchartrain Causeway တံတားက Pontchartrain, Louisiana တြင္ တည္ရွိၿပီး အျမင့္ ၁၆ ေပရွိတဲ့ ေရမ်က္ႏွာျပင္ေပၚကို ျဖတ္ကူးေသာ တံတားေတြထဲမွာ အရွည္ဆံုး တံတား တစ္စင္းျဖစ္ပါတယ္။

 

 

ဒီတံတားရဲ႕ ေၾကာက္ဖို႔ေကာင္းေစတဲ့ အခ်က္ကေတာ့ လမ္းတစ္ေလွ်ာက္မွာ ကုန္းေျမေတြ မျမင္ရတာ အမွန္တကယ္ျဖစ္တာေၾကာင့္ လူတခ်ိဳ႕ဟာ မေရမတြက္ႏိုင္ေသာ တံတားကို ျဖတ္သန္းၿပီး ခရီးသြားေနရတယ္လို႔ ခံစားၾကရပါတယ္။

 

 

The Canopy Walk

 

 

Canopy Walk တံတားဟာ ဂါနာႏိုင္ငံတြင္တည္ရွိၿပီး အရွည္မွာ ၁၀၀၀ ဝန္းက်င္ရွိ၍ အျမင့္ေပ ၄၀ ျမင့္တဲ့အတြက္ ေလထဲမွာဝဲေနသလိုမ်ိဳး ခံစားေနရမွာပါ။

 

 

ဒီတံတားရဲ႕ စိတ္ဝင္စားဖြယ္ေကာင္းတာကေတာ့ သစ္ပင္ေတြကို ျဖတ္ၿပီး လမ္းေလွ်ာက္ရတာပါပဲ။ ထိုေလွ်ာက္လမ္းကို ျဖတ္သန္းသြားတဲ့သူေတြအေနနဲ႔ ေမ်ာက္ေတြ ငွက္ေတြနဲ႕လည္းၾကံဳေတြ႕ရႏိုင္ပါတယ္။

 

 

The Langkawi Sky Bridge

 

 

Langkawi Sky တံတားဟာ မေလးရွားႏိုင္ငံမွာတည္ရွိၿပီး ေျမျပင္မွ အျမင့္ေပ ၄၀၀ ေက်ာ္ ကြာေဝးပါတယ္။

 

 

တံတားေပၚျဖတ္ေလွ်ာက္သူတိုင္းကို လဲက်ေအာင္လုပ္ႏိုင္တဲ့စြမ္းအားရွိတာေၾကာင့္ တံတားကို တစ္ႀကိမ္ပိတ္ထားခဲ့ရဖူးတယ္ဆိုတ ဲ့ေကာလဟလေၾကာင့္လည္း လူေတြက အဆိုပါတံတားကိုေၾကာက္ရြံ႕ၾကတာျဖစ္ပါတယ္။

 

 

တံတားတည္ေဆာက္ဖြဲ႕စည္းမႈအရ လံုျခံဳမႈႈရွိေၾကာင္း စစ္ေဆးၿပီးခဲ့ေသာ္လည္း ေကာလဟာလေတြက ေပ်ာက္ကြယ္သြားျခင္းေတာ့ မရွိပါ။

 

 

The Mount Titlis Bridge

 

 

Mount Titlis တံတားက ဆြစ္ဇာလန္ႏိုင္ငံ၏ ေတာင္တန္းေပၚမွာတည္ရွိၿပီး ေျမျပင္မွ မီတာ ၃၀၀၀ အကြာတြင္တည္ရွိကာ အလြန္က်ဥ္းေျမာင္းလြန္းပါတယ္။

 

 

သို႔ေသာ္ အျမင့္ဆံုးအေနအထားတြင္ ရွိေသာ္လည္း ကမာၻေပၚတြင္ အလံုျခံဳဆံုး တံတားတစ္စင္းအျဖစ္ သတ္မွတ္ထားပါတယ္။

 

 

The Vitim River Bridge

 

 

Vitim ျမစ္ကူးတံတားဟာ ရုရွားႏိုင္ငံမွာတည္ရွိၿပီး သစ္သားအစိတ္အပိုင္းမ်ားက သက္တမ္းရင့္ေနသည့္အျပင္ ေဘးဘက္တြင္ အေစာင့္စည္းမ်ားလည္း မပါရွိပါဘူး။

 

 

ပိုဆိုးတာကေတာ့ သစ္သားပ်ဥ္ျပားမ်ားက မလံုေလာက္ကာ ေဆာင္းတြင္းမွာ ေတာ္ေတာ္ အႏၱရာယ္မ်ားပါတယ္။

 

 

ေနာက္ထပ္ အႏၱရာယ္အမ်ားဆံုး တံတားမ်ားအေၾကာင္းမ်ားကိုလည္း တင္ဆက္ေပးသြားဦးမွာပါ။

 

Read 6149 times
Rate this item
(1 Vote)
Tagged under