အုတ်နံရံတွေကို အက်ကြောင်းမထအောင် ဘယ်လိုမျိုးလုပ်သင့်သလဲ

အုတ်နံရံတွေကို အက်ကြောင်းမထအောင် ဘယ်လိုမျိုးလုပ်သင့်သလဲ google

အုတ်နံရံတွေကို အက်ကြောင်း မဖြစ်စေရန် ဆောင်ရန်၊ ရှောင်ရန် အဓိက အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ အုတ်စီခြင်း မလုပ်ခင်မှာ အုတ်များကို ရေစိမ်မထားခြင်း

 

 

အုတ်သည် ရေစုတ်တတ်သော သဘောရှိသည့်အတွက် ရေစိမ်ထားခြင်းမပြုလုပ်လျှင် အင်္ဂတေမှရေများကို စုပ်ယူကာ နံရံကို အက်စေပါတယ်။

 

 

အုတ်များကို အသုံးမပြုမီ အနည်းဆုံး ၂ နာရီခန့် ရေစိမ်ထားသင့်ပါတယ်။

 

 

၂။ အချောကိုင်ရန် ဖျော်ထားသော plaster ခြောက်သွားလျှင် ရေပြန်ရောပြီး သုံးခြင်း

 

 

ထိုသို့ ပြုလုပ်ခြင်းဟာ ကွန်ကရစ်ရဲ့ Strength ကိုကျစေပါတယ်။ ဖျော်ပြီးပြီးသုံးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။

 

 

၃။ plaster ဖျော်ရာတွင် ပါဝင်သော ရေတွင် ကွမ်း၊ သကြား ဓာတ်ပါဝင်နေခြင်း

 

 

ဖျော်ထားသော plaster တွင် ကွမ်း (သို့) အချိုရည် လို သကြားဓာတ်ပါဝင်နေမယ်ဆိုလျှင် အခြောက်နှေးခြင်း၊ ကွာကျခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

 

၄။ ဖျော်စပ်ရာတွင် ရေပါဝင်မှု အချိုးအစား များနေခြင်း

 

 

ဖျော်စပ်ရာမှာ ရေများနေရင်လည်း ကျုံ့အားပိုများပြီး နံရံကို အက်စေပါတယ်။ ရေနည်းနေလျှင်လည်း ခြောက်သွေ့မြန်ပြီး နံရံကို အက်စေပါတယ်။ တချို့ ကန်ထရိုက်တာများက ဆွဲရလွယ်အောင် ရေပိုထည့်တတ်ကြပါတယ်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

အုတ္နံရံေတြကို အက္ေၾကာင္းမထေအာင္ ဘယ္လိုမ်ိဳးလုပ္သင့္သလဲ

 

 

အုတ္နံရံေတြကို အက္ေၾကာင္း မျဖစ္ေစရန္ ေဆာင္ရန္၊ ေရွာင္ရန္ အဓိက အခ်က္မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

 

 

၁။ အုတ္စီျခင္း မလုပ္ခင္မွာ အုတ္မ်ားကို ေရစိမ္မထားျခင္း

 

 

အုတ္သည္ ေရစုတ္တတ္ေသာ သေဘာရွိသည့္အတြက္ ေရစိမ္ထားျခင္းမျပဳလုပ္လွ်င္ အဂၤေတမွေရမ်ားကို စုပ္ယူကာ နံရံကို အက္ေစပါတယ္။

 

 

အုတ္မ်ားကို အသုံးမျပဳမီ အနည္းဆုံး ၂ နာရီခန႔္ ေရစိမ္ထားသင့္ပါတယ္။

 

 

၂။ အေခ်ာကိုင္ရန္ ေဖ်ာ္ထားေသာ plaster ေျခာက္သြားလွ်င္ ေရျပန္ေရာၿပီး သုံးျခင္း

 

 

ထိုသို႔ ျပဳလုပ္ျခင္းဟာ ကြန္ကရစ္ရဲ့ Strength ကိုက်ေစပါတယ္။ ေဖ်ာ္ၿပီးၿပီးသုံးျခင္းဟာ အေကာင္းဆုံးျဖစ္ပါတယ္။

 

 

၃။ plaster ေဖ်ာ္ရာတြင္ ပါဝင္ေသာ ေရတြင္ ကြမ္း၊ သၾကား ဓာတ္ပါဝင္ေနျခင္း

 

 

ေဖ်ာ္ထားေသာ plaster တြင္ ကြမ္း (သို႔) အခ်ိဳရည္ လို သၾကားဓာတ္ပါဝင္ေနမယ္ဆိုလွ်င္ အေျခာက္ေႏွးျခင္း၊ ကြာက်ျခင္းမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။

 

 

၄။ ေဖ်ာ္စပ္ရာတြင္ ေရပါဝင္မႈ အခ်ိဳးအစား မ်ားေနျခင္း

 

 

ေဖ်ာ္စပ္ရာမွာ ေရမ်ားေနရင္လည္း က်ဳံ႕အားပိုမ်ားၿပီး နံရံကို အက္ေစပါတယ္။ ေရနည္းေနလွ်င္လည္း ေျခာက္ေသြ႕ျမန္ၿပီး နံရံကို အက္ေစပါတယ္။ တခ်ိဳ႕ ကန္ထရိုက္တာမ်ားက ဆြဲရလြယ္ေအာင္ ေရပိုထည့္တတ္ၾကပါတယ္။

 

Read 1673 times Last modified on Thursday, 30 January 2020 16:28
Rate this item
(0 votes)
Tagged under