ပါမစ်(Permit) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သောကိစ္စရပ်များ

ပါမစ်(Permit) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သောကိစ္စရပ်များ google

၁။ မြို့သစ်များတွင် သက်ဆိုင်ရာက ကနဦးအနေဖြင့် ပါမစ်ဖြင့် မြေကွက်ချထားခြင်းဖြစ်ပါသည်။ မြေဂရန်ကို နောက်မှ ဆက်လက်ထုတ်ပေးခြင်း ပြုပါသည်။ မြေကွက်တွင် နေထိုင်ခွင့်ပါမစ် ရရှိသူတို့က မနေထိုင်လို၍ ငှား ရမ်းခြင်း လွှဲပြောင်းရောင်းချခြင်း ပြုလုပ်ကြသည်လည်းရှိပါသည်။

 

 

၂။ ပါမစ်မြေကွက်ပေါ် နှစ်ချုပ်ဖြင့် ငှားရမ်းနေထိုင်ခြင်းမှာ ပြဿနာမရှိနိုင်ပါ။

 

 

၃။ ပါမစ်မြေကွက်ကို ဝယ်ယူရာတွင် ပါမစ်တွင်လွှဲပြောင်း ရောင်းချခွင့်ပြု မပြုကို စီစစ်ပြီးမှ ဝယ်ယူသင့်ပါသည်။ ပါမစ်တွင် မြေကွက်ကို လွှဲပြောင်းရောင်းချခွင့်ရှိသည်ဟု ပါရှိပါက ပြင်ပလူတစ်ဦးအနေဖြင့် ဝယ်ယူနိုင်ပါသည်။

 

 

၄။ ပါမစ်တွင် လွှဲပြောင်းရောင်းချခွင့်မပြုဟု ဖော်ပြပါရှိပါက ပြင်ပပုဂ္ဂိုလ်အနေဖြင့် ဝယ်ယူရန်မသင့်ပါ။ အကြောင်းမှာ ဂရန်လျှောက်ထားသည့်အခါ သက်ဆိုင်ရာက ဝယ်ယူနေထိုင်သူ ပြင်ပပုဂ္ဂိုလ်အား ဂရန်ထုတ် မပေးပါက ယင်းမြေကွက်အပေါ် ပိုင်ဆိုင်မှု ရရှိမည်မဟုတ်ပါ။

 

 

၅။ ပါမစ်မြေကွက်ကို ဝယ်ယူရာတွင် မှတ်ပုံတင်စာချုပ်ပြုလုပ်နိုင်ခွင့်မရှိသဖြင့် နေထိုင်ခွင့် သက်သက်ဖြင့် ဝယ်ယူပါက ပြဿနာရှိနိုင်မည် မဟုတ်သော်လည်း နောင်တစ်ချိန်တွင် ပြန်လည်ရောင်းချပါက မှတ်ပုံတင် စာချုပ်မရှိသဖြင့် အရပ်စာချုပ်ဖြင့်သာ ရောင်းချနိုင်မည်ဖြစ်၍ တန်ရာတန်ဖိုးရရှိ နိုင်မည်မဟုတ်ပါ။ ပါမစ်မြေကွက်ရောင်းချသူက ဂရန်လျှောက်ထားပေးပါက ယင်းဂရန်ရရှိသည့်အခါ ပါမစ်အမည်ပေါက်သူနှင့် ဝယ်သူတို့အနေဖြင့် မှတ်ပုံတင်ချုပ် စာတမ်းချုပ်ဆိုနိုင်မည်ဖြစ်ပါသည်။

 

 

မြေကွက်များအနေဖြင့် တစ်နှစ်ထက်တစ်နှစ် ကာလတန်ကြေးဖြင့်တက်သဖြင့် ဝယ်ယူသည့်အချိန်က ပေါက်ဈေးနှင့် မှတ်ပုံတင်သည့်အခါ ဖြစ်ပေါ်နေသော ပေါက်ဈေးတို့ ကွာဟချက်ရှိနေသဖြင့် ပါမစ်အမည်ပေါက်သူက ထပ်မံ၍ ငွေတိုးတောင်းလာမည်ကိစ္စရပ် ပေါ် ပေါက်နိုင်ကြောင်း ဝယ်သူအနေဖြင့် သတိထားသင့်ပါသည်။ သို့ဖြစ်ရကား ပါမစ်မြေကွက်ကို ဝယ်ယူရာတွင် ရောင်းချသူထံမှ ယင်းမြေကွက်နှင့်စပ်လျဉ်းသော အထူးကိုယ်စားလှယ်လွှဲစာ (Special Power) ကို ရယူထားပါက ဝယ်ယူသူက ဂရန်လျှောက်ထားခြင်း စာချုပ်စာတမ်းပြုလုပ်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

 

 

၆။ ပါမစ်မြေကွက်ဝယ်ယူရာတွင် ရောင်းချသူ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူနှင့် သန်းခေါင်းစာရင်းမိတ္တူတို့ကိုပါ ရယူထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဂရန်လျှောက်ထားသည့် အခါ သက်ဆိုင်ရာက ပါမစ်မြေ ကွက်ရှိသူ၏နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူနှင့် သန်းခေါင်စာရင်း မိတ္တူတို့ကို တောင်းပါက အသင့်တင်ပြနိုင်ရန် ဖြစ်ပါသည်။

 

Source : DVB Law Lab

 

Myanmar Builders Guide

 

---Zawgyi---

 

ပါမစ္(Permit) ျဖင့္ခ်ထားေပးေသာ ေျမကြက္ကို ဝယ္ရာတြင္ သတိျပဳသင့္ေသာကိစၥရပ္မ်ား

 

၁။ ၿမိဳ႕သစ္မ်ားတြင္ သက္ဆိုင္ရာက ကနဦးအေနျဖင့္ ပါမစ္ျဖင့္ ေျမကြက္ခ်ထားျခင္းျဖစ္ပါသည္။ ေျမဂရန္ကို ေနာက္မွ ဆက္လက္ထုတ္ေပးျခင္း ျပဳပါသည္။ ေျမကြက္တြင္ ေနထိုင္ခြင့္ပါမစ္ ရရွိသူတို႔က မေနထိုင္လို၍ ငွား ရမ္းျခင္း လြႊဲေျပာင္းေရာင္းခ်ျခင္း ျပဳလုပ္ၾကသည္လည္းရွိပါသည္။

 

 

၂။ ပါမစ္ေျမကြက္ေပၚ ႏွစ္ခ်ဳပ္ျဖင့္ ငွားရမ္းေနထိုင္ျခင္းမွာ ျပႆနာမရွိႏိုင္ပါ။

 

 

၃။ ပါမစ္ေျမကြက္ကို ဝယ္ယူရာတြင္ ပါမစ္တြင္လႊဲေျပာင္း ေရာင္းခ်ခြင့္ျပဳ မျပဳကို စီစစ္ၿပီးမွ ဝယ္ယူသင့္ပါသည္။ ပါမစ္တြင္ ေျမကြက္ကို လႊဲေျပာင္းေရာင္းခ်ခြင့္ရွိသည္ဟု ပါရွိပါက ျပင္ပလူတစ္ဦးအေနျဖင့္ ဝယ္ယူႏိုင္ပါသည္။

 

 

၄။ ပါမစ္တြင္ လႊဲေျပာင္းေရာင္းခ်ခြင့္မျပဳဟု ေဖာ္ျပပါရွိပါက ျပင္ပပုဂၢိဳလ္အေနျဖင့္ ဝယ္ယူရန္မသင့္ပါ။ အေၾကာင္းမွာ ဂရန္ေလွ်ာက္ထားသည့္အခါ သက္ဆိုင္ရာက ဝယ္ယူေနထိုင္သူ ျပင္ပပုဂၢိဳလ္အား ဂရန္ထုတ္ မေပးပါက ယင္းေျမကြက္အေပၚ ပိုင္ဆိုင္မႈ ရရွိမည္မဟုတ္ပါ။

 

 

၅။ ပါမစ္ေျမကြက္ကို ဝယ္ယူရာတြင္ မွတ္ပုံတင္စာခ်ဳပ္ျပဳလုပ္ႏိုင္ခြင့္မရွိသျဖင့္ ေနထိုင္ခြင့္ သက္သက္ျဖင့္ ဝယ္ယူပါက ျပႆနာရွိႏိုင္မည္ မဟုတ္ေသာ္လည္း ေနာင္တစ္ခ်ိန္တြင္ ျပန္လည္ေရာင္းခ်ပါက မွတ္ပုံတင္ စာခ်ဳပ္မရွိသျဖင့္ အရပ္စာခ်ဳပ္ျဖင့္သာ ေရာင္းခ်ႏိုင္မည္ျဖစ္၍ တန္ရာတန္ဖိုးရရွိ ႏိုင္မည္မဟုတ္ပါ။ ပါမစ္ေျမကြက္ေရာင္းခ်သူက ဂရန္ေလွ်ာက္ထားေပးပါက ယင္းဂရန္ရရွိသည့္အခါ ပါမစ္အမည္ေပါက္သူႏွင့္ ဝယ္သူတို႔အေနျဖင့္ မွတ္ပုံတင္ခ်ဳပ္ စာတမ္းခ်ဳပ္ဆိုႏိုင္မည္ျဖစ္ပါသည္။

 

 

ေျမကြက္မ်ားအေနျဖင့္ တစ္ႏွစ္ထက္တစ္ႏွစ္ ကာလတန္ေၾကးျဖင့္တက္သျဖင့္ ဝယ္ယူသည့္အခ်ိန္က ေပါက္ေဈးႏွင့္ မွတ္ပုံတင္သည့္အခါ ျဖစ္ေပၚေနေသာ ေပါက္ေဈးတို႔ ကြာဟခ်က္ရွိေနသျဖင့္ ပါမစ္အမည္ေပါက္သူက ထပ္မံ၍ ေငြတိုးေတာင္းလာမည္ကိစၥရပ္ ေပၚ ေပါက္ႏိုင္ေၾကာင္း ဝယ္သူအေနျဖင့္ သတိထားသင့္ပါသည္။ သို႔ျဖစ္ရကား ပါမစ္ေျမကြက္ကို ဝယ္ယူရာတြင္ ေရာင္းခ်သူထံမွ ယင္းေျမကြက္ႏွင့္စပ္လ်ဥ္းေသာ အထူးကိုယ္စားလွယ္လႊဲစာ (Special Power) ကို ရယူထားပါက ဝယ္ယူသူက ဂရန္ေလွ်ာက္ထားျခင္း စာခ်ဳပ္စာတမ္းျပဳလုပ္ျခင္းတို႔ကို ျပဳလုပ္ႏိုင္မည္ျဖစ္ပါသည္။

 

 

၆။ ပါမစ္ေျမကြက္ဝယ္ယူရာတြင္ ေရာင္းခ်သူ၏ ႏိုင္ငံသားစိစစ္ေရးကဒ္ျပားမိတၱဴႏွင့္ သန္းေခါင္းစာရင္းမိတၱဴတို႔ကိုပါ ရယူထားသင့္ပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဂရန္ေလွ်ာက္ထားသည့္ အခါ သက္ဆိုင္ရာက ပါမစ္ေျမ ကြက္ရွိသူ၏ႏိုင္ငံသားစိစစ္ေရးကဒ္ျပားမိတၱဴႏွင့္ သန္းေခါင္စာရင္း မိတၱဴတို႔ကို ေတာင္းပါက အသင့္တင္ျပႏိုင္ရန္ ျဖစ္ပါသည္။

 

Source : DVB Law Lab

Read 703 times Last modified on Monday, 03 February 2020 16:41
Rate this item
(0 votes)
Tagged under