ကွန်ကရစ်လောင်းရာတွင်သိထားသင့်သည့်အချက်များ(၂)

ကွန်ကရစ်လောင်းရာတွင်သိထားသင့်သည့်အချက်များ(၂) google

concrete projects ကြီးများကို မှန်ကန်စွာဆောင်ရွက်နိုင်ရန် အခြေခံသဘောတရား ၁၂ ချက်ထဲမှ (၆) ချက်ကိုထပ်မံဖော်ပြပေးလိုက်ပါတယ်။

7. Screed the top of the concrete.

 

Screed လုပ်သည်ဆိုသည်မှာ ပါရာတုန်းကလေးတေပေးပြီးမှ နံရံမှာ ပလာစတာကပ်ပြီး ချောခြင်း၊ topping လောင်းခြင်းဖြစ်ပါသည်။


ထို့အပြင် သစ်သားချောင်းဘေး၂ဖက်ခံပြီး အလယ်ကွန်ကရစ်ကို ပတ်တန်းဖြင့်ရိုက်ရပါသည်။


သစ်သားချောင်းအစား aluminium square pipe များ၊ hollow pipe များကိုလည်းအသုံးပြုနိုင်ပါသည်။

 

 

အင်ဂျင်နီယာများသညထိုပါရာတုန်းများ၊ ပတ်တန်းများကို စိတ်ဝင်စားရင် စိတ်ဝင်စားသလို၊အလုပ်သမားများကလည်း

 

ကျွမ်းကျင်လျှင်ကျွမ်းကျင်သလို ကွန်ကရစ်ကြမ်းသည့်စံချိန်စံညွန်းပြည့်မှီပြီး

 

လက်ရာကောင်းကို ရရှိနိုင်သည့်အပြင် ကုန်ကျစရိတ်ကိုလည်းများစွာလျှော့ချနိုင်ပါသည်။

 

8. Trowelling -လက်ပွတ်နဲ့ ဖိသိပ်ချောပါ။

 

ထို့နောက် cover guide rail ကိုအမှီပြု ပြီးမျဉ်းတန်နဲ့ ရိုက်တုန်းနဲ့ ရိုက်ညှိ ဆွဲရပါမည်။

 

ထိုအခါ level အလိုက်compacted ကြမ်းချောရပါမည်။


ထို level အလိုက်ကြမ်းချောကို ချောညက်သွားရန်နှင့် compaction ထပ်ရရန်အတွက် လက်ပွတ်နဲ့ ဖိသိပ်ဆွဲဖွတ်လုပ်ရပါ့မည်။


ထိုအခြေအနေသည်အလွန်လက်ဝင်သည့်အတွက် ကွန်ကရစ်မအိပ်ခင် ပြီးအောင်လုပ်ဖို့ သွက်သွက်လုပ်ဖို့လိုပါသည်။


Floating process - လက်ပွတ်နဲ့ လုပ်ငန်းဆောင်ရွက်တဲ့အခါ လုပ်ငန်းစဉ် ၂ - မျိုးရှိပါတယ်။ ပထမ တခုကတော့ bull float လို့ခေါ်သည့် လက်ပွတ်ကြီးနဲ့ပွတ်ခြင်းဖြစ်ပါသည်။


ရည်ရွယ်ချက်မှာ course aggregate များကို အောက်သို့ရောက်သွားအောင် ရိုက်ချလိုက်ပြီး အပေါ်ကို အနှစ်တက်လာအောင် ဖြစ်ပါတယ်။

 

bull float ကို ဆွဲတဲ့အခါ မိမိဘက်ကို ကြွစေပြီး၊ တွန်းတဲ့အခါ ရှေ့ဘက်ကို ကြွစေမှာဖြစ်ပါတယ်။


magnesium hand float သည်လုပ်ရကိုင်ရ အဆင်ပြေပါတယ်။ ထို bull float ကြီးနဲ့ ချောညှိပြီးတဲ့နောက်တွင်

 

water bleeding ဖြစ်လာသည့်အခါ၊ hand float နှင့် တံမျက်စည်း လှဲသလို လှဲပြီး ထွက်လာသည့်ရေတွေကို

 

လိုချင်သည့်နေရာရောက်အောင်ပွတ်ရမည် ဖြစ်သည်။

 

9. Make control joints

Rebar မပါသော၊ ကွန်ကရစ်ကြမ်းခင်းများခင်းတဲ့အခါ၊ ကွဲတတ်သောကြောင့် groover ဖြင့် ၅ပေ လောက် ၆ပေ လောက်

 

ကွန်ကရစ်အထူအပါးပေါ်မူတည်ပြီး ခြားခြားပြီး ဖြတ်ပေးရပါမည်။


ကွန်ကရစ်လမ်းမှာတော့အထူ ၈-လက်မလောက် ရှိသည့်အတွက် ၂၅ - ပေလျှင် contraction joint တခုစီနှင့်

 

ပေ ၁၀၀ လျှင် expension joint တခုစီ ထည့်ကြပါသည်။


groover နဲ့ခွဲသည့်အခါ ညီညီညာညာ ကြည့်ကောင်းစေရန်သစ်ဖြင့်ဖြစ်စေ၊ အလူမီနီယံနဲ့ဖြစ်စေ ပြုလုပ်ထားသော

 

straight edge နဲ့ ဖိပြီးမှ ခွဲရပါ့မည်။ ကွန်ကရစ်ထုရဲ့ ၄ပုံ ၁ပုံ နက်အောင် ခွဲပေးရမှာဖြစ်ပြီး အပူအအေးပြောင်းလဲပါက

 

ကွန်ကရစ်ကွဲသည့်အခါ ထိုနေရာက ကွဲအောင် စီမံထားသည့်အတွက် control joint လို့ခေါ်ခြင်းဖြစ်ပါသည်။


contraction joint ဆိုသည်မှာအေးရင်ကွဲဖို့ဖြစ်ပြီး၊ expension joint ဆိုတာ ပူရင်ဆန့်ဖို့ ဖြစ်ပါတယ်။

 

10. Create traction -

တံမြတ်စည်းတစ်ချောင်းဖြင့်ကွန်ကရစ်မျက်နှာပြင်တွင်မိမိနှစ်သက်ရာ ဒီဇိုင်းအမျိုးမျိုးပေါ်လာအောင်ပုံဖော်လှည်းကျင်းနိုင်ပါသည်။

 

ထိုသို့ လှည်းကျင်ပုံဖော်ထားခြင်းဖြင့် မိုးရာသီတွင် ကွန်ကရစ်ကြမ်းခင်းများ ရေ စိုသောအခါ ချေချော်ခြင်း မဖြစ်နိုင်တော့ပါ။

 

နဲနဲသာ ကြမ်တမ်းသော မျက်နှာပြင်ကို အလိုရှိပါက soft brush - ဘရပ်ပျော့ပျော့လေးကို အသုံးပြုနိုင်ပါသည်။

 

မျက်နှာပြင်ချောချောကို အလိုရှိပါက သံလက်ပွတ်ဖြင့် ဝိုက်ပြီး တော့ပွတ်ပေးနိုင်ပါသည်။

 

မျက်နှာပြင်မှာ ရေတင်နေလို့ groove - ဂျိုင့်မြောင်းကလေးများ ဆွဲမည်ဆိုပါကသိပ်အနက်ကြီးမဆွဲရပါဘူး။

 

တံမြတ်လှဲတဲ့အခါ ကျောက်စရစ်ခဲများပါမလာအောင် အချိန်မစောင့်ဘဲ လောပြီးတော့မလှဲသင့်ပါဘူး။

 

ထိုသို့ကျောက်စရစ်ခဲများပါလာမည်ပါက magnesium floater လက်ပွတ်နဲ့ ပြန်ချောပြီးမှ အချိန်နဲနဲ ထပ်စောင့်ပြီး တံမြတ်လှဲပုံဖော်ရမည်ဖြစ်သည်။

 

11. Cure and seal the concrete.

curing အမျိုးမျိုးရှိသည့်အနက်ရေလောင်းပြီး curing ပြုလုပ်မည်ဆိုပါကကွန်ကရစ်သွန်းလောင်းပြီးနောက် ၂၈ - ရက် အထိပြုလုပ်သင့်ပါသည်။

 

သို့သော်လည်း ၇ ရက်တောင် အနိုင်နိုင် ရေလောင်းပြီး curing ပြုလုပ်ကြပါသည်။

 

မည်သို့ပင်ဆိုစေကာမူ ကွန်ကရစ်လောင်းပြီးပြီးခြင်းမည့်သည့်အချိန်တွင် ဦးစွာ curing ပြု လုပ်မည်ဟု ဆုံးဖြတ်ခြင်းသည် အရေးကြီးပါသည်။

 

ပညာရှင်ပီပီ ဆောင်ရွက်ခွင့်ရသော လုပ်ငန်းများတွင်၊ အထဲကရေကလည်း အပြင်ထွက်မသွားစေသော အပြင်ကရေက လည်း အထဲ ဝင်မလာစေနိုင်သော၊

 

sealing - ခေါ်၊ ရေလုံစေတပ်သော၊ အတားအဆီးကို၊ ကွန်ကရစ် သွန်းလောင်းပြီးလျှင်ပြီးခြင်းစောလျင်စွာဆောင်ရွက်နိုင်ခြင်း

 

12. Maintain your concrete.

လောင်းထားသောကွန်ကရစ်သည်ကောင်းမွန်နေပါကပြု ပြင်ထိန်းသိမ်းဖို့ လိုအပ်ပါသည်။

 

အနည်းဆုံးတော့ ဆပ်ပြာရည်ဖြင့်ပွတ်တိုက်ဆေးကြောပေးခြင်းဖြင့်သန့်ရှင်းသပ်ရပ်သည့် ကွန်ကရစ်ကြမ်းခင်းကို မြင်ရတွေ့ရမည်ဖြစ်ပါသည်။


၅ - နှစ်တကြိမ်လောက် seal coat တင်ပေးမည်ဆိုပါက ကွန်ကရစ်အသားထည်ပျက်စီးခြင်းကို ကာကွယ်နိုင်ပါသည်။

 

Myanmar Builders Guide

 

Zawgyi

ကြြန္ကရစ္ေလာင္းရာတြင္သိထားသင့္သည့္အခ်က္မ်ား(၂)

 

concrete projects ႀကီးမ်ားကို မွန္ကန္စြာေဆာင္ရြက္ႏုိင္ရန္ အေျခခံသေဘာတရား ၁၂ ခ်က္ထဲမွ (၆) ခ်က္ကိုေဖာ္ျပေပးလုိက္ပါတယ္။

 

7. Screed the top of the concrete.

Screed လုပ္သည္ဆိုသည္မွာ ပါရာတုန္းကေလးေတေပးၿပီးမွ နံရံမွာ ပလာစတာကပ္ၿပီး ေခ်ာျခင္း၊ topping ေလာင္းျခင္းျဖစ္ပါသည္။


ထို႔အျပင္ သစ္သားေခ်ာင္းေဘး၂ဖက္ခံၿပီး အလယ္ကြန္ကရစ္ကို ပတ္တန္းျဖင့္ရိုက္ရပါသည္။


သစ္သားေခ်ာင္းအစား aluminium square pipe မ်ား၊ hollow pipe မ်ားကိုလည္းအသံုးျပဳႏိုင္ပါသည္။ အင္ဂ်င္နီယာမ်ားသညထုိပါရာတုန္းမ်ား၊ ပတ္တန္းမ်ားကို စိတ္ဝင္စားရင္ စိတ္ဝင္စားသလို၊ အလုပ္သမားမ်ားကလည္း ကၽြမ္းက်င္လွ်င္ကၽြမ္းက်င္သလို ကြန္ကရစ္ၾကမ္းသည့္စံခ်ိန္စံညြန္းျပည့္မွီၿပီး လက္ရာေကာင္းကို ရရွိႏိုင္သည့္အျပင္ ကုန္က်စရိတ္ကိုလည္းမ်ားစြာေလွ်ာ့ခ်ႏိုင္ပါသည္။

 

8. Trowelling -လက္ပြတ္နဲ႔ ဖိသိပ္ေခ်ာပါ။

ထို႕ေနာက္ cover guide rail ကိုအမွီျပဳ ၿပီးမ်ဥ္းတန္နဲ႔ ရိုက္တုန္းနဲ႔ ရိုက္ညႇိ ဆြဲရပါမည္။


ထိုအခါ level အလုိက္compacted ၾကမ္းေခ်ာရပါမည္။


ထို level အလုိက္ၾကမ္းေခ်ာကို ေခ်ာညက္သြားရန္ႏွင့္ compaction ထပ္ရရန္အတြက္ လက္ပြတ္နဲ႔ ဖိသိပ္ဆြဲဖြတ္လုပ္ရပါ့မည္။


ထုိအေျခအေနသည္အလြန္လက္ဝင္သည့္အတြက္ ကြန္ကရစ္မအိပ္ခင္ ၿပီးေအာင္လုပ္ဖို႔ သြက္သြက္လုပ္ဖို႔လိုပါသည္။


Floating process - လက္ပြတ္နဲ႔ လုပ္ငန္းေဆာင္ရြက္တဲ့အခါ လုပ္ငန္းစဥ္ ၂ - မ်ိဳးရွိပါတယ္။ ပထမ တခုကေတာ့ bull float လို႔ေခၚသည့္ လက္ပြတ္ႀကီးနဲ႔ပြတ္ျခင္းျဖစ္ပါသည္။


ရည္ရြယ္ခ်က္မွာ course aggregate မ်ားကို ေအာက္သို႔ေရာက္သြားေအာင္ ရိုက္ခ်လိုက္ၿပီး အေပၚကို အႏွစ္တက္လာေအာင္ ျဖစ္ပါတယ္။ bull float ကို ဆြဲတဲ့အခါ မိမိဘက္ကို ႂကြေစၿပီး၊ တြန္းတဲ့အခါ ေရွ႕ဘက္ကို ႂကြေစမွာျဖစ္ပါတယ္။


magnesium hand float သည္လုပ္ရကိုင္ရ အဆင္ေျပပါတယ္။ ထုိ bull float ႀကီးနဲ႔ ေခ်ာညႇိၿပီးတဲ့ေနာက္တြင္ water bleeding ျဖစ္လာသည့္အခါ၊ hand float ႏွင့္ တံမ်က္စည္း လွဲသလို လွဲၿပီး ထြက္လာသည့္ေရေတြကို လိုခ်င္သည့္ေနရာေရာက္ေအာင္ပြတ္ရမည္ ျဖစ္သည္။

 

 

9. Make control joints


Rebar မပါေသာ၊ ကြန္ကရစ္ၾကမ္းခင္းမ်ားခင္းတဲ့အခါ၊ ကြဲတတ္ေသာေၾကာင့္ groover ျဖင့္ ၅ေပ ေလာက္ ၆ေပ ေလာက္ ကြန္ကရစ္အထူအပါးေပၚမူတည္ၿပီး ျခားျခားၿပီး ျဖတ္ေပးရပါမည္။
ကြန္ကရစ္လမ္းမွာေတာ့အထူ ၈-လက္မေလာက္ ရွိသည့္အတြက္ ၂၅ - ေပလွ်င္ contraction joint တခုစီႏွင့္ ေပ ၁၀၀ လွ်င္ expension joint တခုစီ ထည့္ၾကပါသည္။


groover နဲ႔ခြဲသည့္အခါ ညီညီညာညာ ၾကည့္ေကာင္းေစရန္သစ္ျဖင့္ျဖစ္ေစ၊ အလူမီနီယံနဲ႔ျဖစ္ေစ ျပဳလုပ္ထားေသာ straight edge နဲ႔ ဖိၿပီးမွ ခြဲရပါ့မည္။ ကြန္ကရစ္ထုရဲ႕ ၄ပံု ၁ပံု နက္ေအာင္ ခြဲေပးရမွာျဖစ္ၿပီး အပူအေအးေျပာင္းလဲပါက ကြန္ကရစ္ကြဲသည့္အခါ ထုိေနရာက ကြဲေအာင္ စီမံထားသည့့္အတြက္ control joint လို႔ေခၚျခင္းျဖစ္ပါသည္။


contraction joint ဆိုသည္မွာေအးရင္ကြဲဖို႔ျဖစ္ၿပီး၊ expension joint ဆိုတာ ပူရင္ဆန္႕ဖို႔ ျဖစ္ပါတယ္။

 

 

10. Create traction -

တံျမတ္စည္းတစ္ေခ်ာင္းျဖင့္ကြန္ကရစ္မ်က္ႏွာျပင္တြင္မိမိႏွစ္သက္ရာ ဒီဇိုင္းအမ်ိဳးမ်ိဳးေပၚလာေအာင္ပံုေဖာ္လွည္းက်င္းႏိုင္ပါသည္။ ထိုသို႔ လွည္းက်င္ပံုေဖာ္ထားျခင္းျဖင့္ မိုးရာသီတြင္ ကြန္ကရစ္ၾကမ္းခင္းမ်ား ေရ စိုေသာအခါ ေခ်ေခ်ာ္ျခင္း မျဖစ္ႏိုင္ေတာ့ပါ။ နဲနဲသာ ၾကမ္တမ္းေသာ မ်က္ႏွာျပင္ကို အလိုရွိပါက soft brush - ဘရပ္ေပ်ာ့ေပ်ာ့ေလးကို အသံုးျပဳႏိုင္ပါသည္။ မ်က္ႏွာျပင္ေခ်ာေခ်ာကို အလိုရွိပါက သံလက္ပြတ္ျဖင့္ ဝိုက္ၿပီး ေတာ့ပြတ္ေပးႏိုင္ပါသည္။ မ်က္ႏွာျပင္မွာ ေရတင္ေနလို႔ groove - ဂ်ိဳင့္ေျမာင္းကေလးမ်ား ဆြဲမည္ဆိုပါကသိပ္အနက္ႀကီးမဆြဲရပါဘူး။ တံျမတ္္လွဲတဲ့အခါ ေက်ာက္စရစ္ခဲမ်ားပါမလာေအာင္ အခ်ိန္မေစာင့္ဘဲ ေလာၿပီးေတာ့မလွဲသင့္ပါဘူး။ ထုိသုိ႕ေက်ာက္စရစ္ခဲမ်ားပါလာမည္ပါက magnesium floater လက္ပြတ္နဲ႔ ျပန္ေခ်ာၿပီးမွ အခ်ိန္နဲနဲ ထပ္ေစာင့္ၿပီး တံျမတ္လွဲပံုေဖာ္ရမည္ျဖစ္သည္။

 

 

11. Cure and seal the concrete.

curing အမ်ိဳးမ်ိဳးရွိသည့္အနက္ေရေလာင္းၿပီး curing ျပဳလုပ္မည္ဆိုပါကကြန္ကရစ္သြန္းေလာင္းၿပီးေနာက္ ၂၈ - ရက္ အထိျပဳလုပ္သင့္ပါသည္။ သို႔ေသာ္လည္း ၇ ရက္ေတာင္ အႏိုင္ႏိုင္ ေရေလာင္းၿပီး curing ျပဳလုပ္ၾကပါသည္။ မည္သို႔ပင္ဆိုေစကာမူ ကြန္ကရစ္ေလာင္းၿပီးၿပီးျခင္းမည့္သည့္အခ်ိန္တြင္ ဦးစြာ curing ျပဳ လုပ္မည္ဟု ဆံုးျဖတ္ျခင္းသည္ အေရးႀကီးပါသည္။ ပညာရွင္ပီပီ ေဆာင္ရြက္ခြင့္ရေသာ လုပ္ငန္းမ်ားတြင္၊ အထဲကေရကလည္း အျပင္ထြက္မသြားေစေသာ အျပင္ကေရက လည္း အထဲ ဝင္မလာေစႏိုင္ေသာ၊ sealing - ေခၚ၊ ေရလံုေစတပ္ေသာ၊ အတားအဆီးကို၊ ကြန္ကရစ္ သြန္းေလာင္းၿပီးလွ်င္ၿပီးျခင္းေစာလ်င္စြာေဆာင္ရြက္နိုင္ျခင္း

 


12. Maintain your concrete.

ေလာင္းထားေသာကြန္ကရစ္သည္ေကာင္းမြန္ေနပါကျပဳ ျပင္ထိန္းသိမ္းဖို႕ လိုအပ္ပါသည္။ အနည္းဆံုးေတာ့ ဆပ္ျပာရည္ျဖင့္ပြတ္တိုက္ေဆးေၾကာေပးျခင္းျဖင့္သန္႔ရွင္းသပ္ရပ္သည့္ ကြန္ကရစ္ၾကမ္းခင္းကို ျမင္ရေတြ႕ရမည္ျဖစ္ပါသည္။


၅ - ႏွစ္တႀကိမ္ေလာက္ seal coat တင္ေပးမည္ဆိုပါက ကြန္ကရစ္အသားထည္ပ်က္စီးျခင္းကို ကာကြယ္ႏိုင္ပါသည္။

 

Read 587 times Last modified on Monday, 03 February 2020 16:58
Rate this item
(1 Vote)
Tagged under