ျပည္ပရွိ အိမ္ရာစီမံကိန္းမ်ားကိုပါ ေရာင္းဝယ္ေပးမည့္ အက်ိဳးေဆာင္ကုမၸဏီေဈးကြက္တြင္း ဝင္ေရာက္

ျပည္ပရွိ အိမ္ရာစီမံကိန္းမ်ားကိုပါ ေရာင္းဝယ္ေပးမည့္ အက်ိဳးေဆာင္ကုမၸဏီေဈးကြက္တြင္း ဝင္ေရာက္ google

ျပည္တြင္းတြင္သာမက ႏိုင္ငံတကာရွိ အိမ္၊ ၿခံ၊ ေျမႏွင့္ အဆင့္ျမင့္ ကြန္ဒိုတိုက္ခန္းမ်ားကို ေရာင္း၊ ဝယ္၊ ငွားလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးေနသည့္JSS အက်ိဳးေဆာင္ကုမၸဏီ

 

အိမ္ၿခံေျမေဈးကြက္ထဲသို႔ ဝင္ေရာက္လာသည္။

ေနျပည္ေတာ္ ေကာင္စီနယ္ေျမဖြံံ႕ျဖိဳးတိုးတက္ေရးအတြက္ က်ပ္ ဘီလ်ံ ၆ဝ ေက်ာ္သုံးစြဲမည္

 


ယေန႔ေခတ္ေရစီးေၾကာင္းအရ ေငြေၾကး တတ္ႏိုင္ေသာ မိသားစုမ်ားမွာ အိမ္နီးခ်င္းႏိုင္ငံမ်ားသို႔ မၾကာခဏ သြားေရာက္လည္ပတ္ ေလ့ရွိၿပီး အိမ္ၿခံေျမ ေဈးကြက္ေကာင္းေသာ

 

ႏိုင္ငံမ်ားတြင္ ဒုတိယအိမ္အျဖစ္ သတ္မွတ္ ကာ ဝယ္ယူေနထိုင္လာၾကသည္ဟုJSS အက်ိဳးေဆာင္ကုမၸဏီမွ ဒါ႐ိုက္တာ မအိအိႏြယ္က ေျပာသည္။

 

"ျပည္တြင္းက အိမ္ရာစီမံကိန္းေတြကို ေတာ့ အဓိကထားေရာင္းေပးတယ္၊ ဒါ့ျပင္ ျပည္ပအိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ ဘန္ေကာက္၊ စင္ကာပူ၊ ေဟာင္ေကာင္၊UAE, UK ၊ မေလးရွားနဲ႔

 

ဂ်ပန္တို႔မွာရွိတဲ့ ကြန္ဒိုမီနီယံစီမံကိန္းေတြ ကိုပါ ယူေရာင္းေပးပါတယ္"ဟု ၎ကဆိုသည္။

 

အိမ္ၿခံေျမမ်ားေစ်းတက္လာေသာ္လည္း အေရာင္းအဝယ္ေအး

 


လက္ရွိတြင္JSS အက်ိဳးေဆာင္ကုမၸဏီမွ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံသား အမ်ားစုသြားေရာက္ေလ့ရွိၾကေသာ ေဆး႐ုံမ်ား၊ ေဈးဝယ္စင္တာမ်ား၊ လည္ပတ္စရာေနရာမ်ားႏွင့္

 

အနီးဆုံးတြင္ တည္ရွိေသာ စီမံကိန္းမ်ားကို စတင္ျပသေပးထားေၾကာင္း သိရသည္။

 

"အခ်ိဳ႕က က်န္းမာေရးအတြက္ သြားတယ္၊ တခ်ိဳ႕က ပညာေရးအတြက္၊ တခ်ိဳ႕က အလည္အပတ္ စသျဖင့္သြားၾကတာရွိတယ္၊ ဒါ့ျပင္ ရင္းႏွီးျမႇဳပ္ႏွံမႈအေနနဲ႔လည္း ျပည္ပကြန္ဒိုစီမံကိန္းေတြကို

 

အရင္ကထက္ စိတ္ဝင္တစားရွိၿပီး ဝယ္ယူလာၾကတာကို ေတြ႕ရတဲ့အတြက္ ဒီက႑ကိုလည္း ဝန္ေဆာင္မႈေပးဖို႔ စီစဥ္ခဲ့ တာျဖစ္ပါတယ္"ဟု မအိအိႏြယ္က ေျပာသည္။

 

သတ္မွတ္ခ်က္ မျပည့္မီပါက ကြန္ဒိုအေဆာက္အအုံအျဖစ္မွ ပယ္ဖ်က္မည္

 

JSS ကုမၸဏီမွ ျပည္တြင္းျပည္ပမွ ကြန္ဒိုပေရာဂ်က္မ်ားသာမက တိုက္ခန္းမ်ား၊ မီနီကြန္ဒိုႏွင့္ ကြန္ဒိုအခန္းမ်ား၊ လုံးခ်င္းတိုက္အိမ္မ်ား၊ အေရာင္းျပခန္းမ်ား၊ ႐ုံးခန္းမ်ား၊ ဂိုေဒါင္မ်ားႏွင့္

 

စက္႐ုံမ်ားအတြက္ ေရာင္း၊ ဝယ္၊ ငွား ဝန္ေဆာင္မႈမ်ားကို ျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။

 

 

အိမ္ၿခံေျမေဈးကြက္အေနအထားအရ ေကာင္းမြန္ေနသည့္အခ်ိန္မဟုတ္ေသာ္လည္းလက္ရွိအေနအထားအရ အေကာင္းဆုံးဝန္ေဆာင္မႈေပးသြားမည္ျဖစ္ၿပီး အဓိကအားျဖင့္

 

ဝယ္သူမ်ား စိတ္ေက်နပ္မႈရရွိေစေရးကို အဓိကဦးစားေပး လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း မအိအိႏြယ္က ဆိုသည္။

 

ဝန္ေဆာင္မႈေပးရာတြင္ လြယ္ကူအဆင္ေျပေစရန္ ဘာသာစကား သုံးမ်ိဳး တတ္ကြၽမ္းသည့္ ဝန္ထမ္းမ်ားျဖင့္ ဝန္ေဆာင္မႈေပးသြား မည္ျဖစ္ၿပီး အထူးဝန္ေဆာင္မႈအေနျဖင့္

 

ဝယ္ယူၿပီးေနာက္ ဝန္ေဆာင္မႈကို အခမဲ့ေပးသြားမည္ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။

 

JSSအက်ိဳးေဆာင္ကုမၸဏီကို ၂၀၁၉ ခုႏွစ္ ဇြန္လကစတင္ တည္ေထာင္ခဲ့ၿပီး အိမ္ၿခံေျမေရာင္း၊ ဝယ္၊ ငွားလုပ္ငန္းမ်ားအျပင္ ျပည္တြင္း၊ျပည္ပအိမ္ၿခံေျမ ရင္းႏွီးျမႇဳပ္ႏွံလိုသူမ်ား

 

အတြက္ ေဆြးေႏြးတိုင္ပင္ျခင္း လုပ္ငန္းမ်ား ကိုလည္း  ဝန္ေဆာင္မႈေပးလ်က္ရွိသည္။ 

 

Source- The Myanmar Time

 

Myanmar Builders Guide

 

 

 

 

ပြည်တွင်းတွင်သာမက နိုင်ငံတကာရှိ အိမ်၊ ခြံ၊ မြေနှင့် အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများကို ရောင်း၊ ဝယ်၊ ငှားလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့်JSS အကျိုးဆောင်ကုမ္ပဏီ

 

အိမ်ခြံမြေဈေးကွက်ထဲသို့ ဝင်ရောက်လာသည်။

 


ယနေ့ခေတ်ရေစီးကြောင်းအရ ငွေကြေး တတ်နိုင်သော မိသားစုများမှာ အိမ်နီးချင်းနိုင်ငံများသို့ မကြာခဏ သွားရောက်လည်ပတ် လေ့ရှိပြီး အိမ်ခြံမြေ ဈေးကွက်ကောင်းသော

 

နိုင်ငံများတွင် ဒုတိယအိမ်အဖြစ် သတ်မှတ် ကာ ဝယ်ယူနေထိုင်လာကြသည်ဟုJSS အကျိုးဆောင်ကုမ္ပဏီမှ ဒါရိုက်တာ မအိအိနွယ်က ပြောသည်။

 

"ပြည်တွင်းက အိမ်ရာစီမံကိန်းတွေကို တော့ အဓိကထားရောင်းပေးတယ်၊ ဒါ့ပြင် ပြည်ပအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘန်ကောက်၊ စင်ကာပူ၊ ဟောင်ကောင်၊UAE, UK ၊

 

မလေးရှားနဲ့ ဂျပန်တို့မှာရှိတဲ့ ကွန်ဒိုမီနီယံစီမံကိန်းတွေ ကိုပါ ယူရောင်းပေးပါတယ်"ဟု ၎င်းကဆိုသည်။

 


လက်ရှိတွင်JSS အကျိုးဆောင်ကုမ္ပဏီမှ ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံသား အများစုသွားရောက်လေ့ရှိကြသော ဆေးရုံများ၊ ဈေးဝယ်စင်တာများ၊ လည်ပတ်စရာနေရာများနှင့်

 

အနီးဆုံးတွင် တည်ရှိသော စီမံကိန်းများကို စတင်ပြသပေးထားကြောင်း သိရသည်။

 

"အချို့က ကျန်းမာရေးအတွက် သွားတယ်၊ တချို့က ပညာရေးအတွက်၊ တချို့က အလည်အပတ် စသဖြင့်သွားကြတာရှိတယ်၊ ဒါ့ပြင် ရင်းနှီးမြှုပ်နှံမှုအနေနဲ့လည်း ပြည်ပကွန်ဒိုစီမံကိန်းတွေကို

 

အရင်ကထက် စိတ်ဝင်တစားရှိပြီး ဝယ်ယူလာကြတာကို တွေ့ရတဲ့အတွက် ဒီကဏ္ဍကိုလည်း ဝန်ဆောင်မှုပေးဖို့ စီစဉ်ခဲ့ တာဖြစ်ပါတယ်"ဟု မအိအိနွယ်က ပြောသည်။

 

JSS ကုမ္ပဏီမှ ပြည်တွင်းပြည်ပမှ ကွန်ဒိုပရောဂျက်များသာမက တိုက်ခန်းများ၊ မီနီကွန်ဒိုနှင့် ကွန်ဒိုအခန်းများ၊ လုံးချင်းတိုက်အိမ်များ၊ အရောင်းပြခန်းများ၊ ရုံးခန်းများ၊

 

ဂိုဒေါင်များနှင့် စက်ရုံများအတွက် ရောင်း၊ ဝယ်၊ ငှား ဝန်ဆောင်မှုများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

 

အိမ်ခြံမြေဈေးကွက်အနေအထားအရ ကောင်းမွန်နေသည့်အချိန်မဟုတ်သော်လည်းလက်ရှိအနေအထားအရ အကောင်းဆုံးဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး အဓိကအားဖြင့်

 

ဝယ်သူများ စိတ်ကျေနပ်မှုရရှိစေရေးကို အဓိကဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း မအိအိနွယ်က ဆိုသည်။

 

ဝန်ဆောင်မှုပေးရာတွင် လွယ်ကူအဆင်ပြေစေရန် ဘာသာစကား သုံးမျိုး တတ်ကျွမ်းသည့် ဝန်ထမ်းများဖြင့် ဝန်ဆောင်မှုပေးသွား မည်ဖြစ်ပြီး အထူးဝန်ဆောင်မှုအနေဖြင့်

 

ဝယ်ယူပြီးနောက် ဝန်ဆောင်မှုကို အခမဲ့ပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

 

JSSအကျိုးဆောင်ကုမ္ပဏီကို ၂၀၁၉ ခုနှစ် ဇွန်လကစတင် တည်ထောင်ခဲ့ပြီး အိမ်ခြံမြေရောင်း၊ ဝယ်၊ ငှားလုပ်ငန်းများအပြင် ပြည်တွင်း၊ပြည်ပအိမ်ခြံမြေ ရင်းနှီးမြှုပ်နှံလိုသူများ

 

အတွက် ဆွေးနွေးတိုင်ပင်ခြင်း လုပ်ငန်းများ ကိုလည်း ာ ဝန်ဆောင်မှုပေးလျက်ရှိသည်။ 

Read 178 times Last modified on Friday, 08 November 2019 16:19
Rate this item
(0 votes)