တာချီလိတ်မြို့ မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်ရှိ အန္တရာယ်ရှိသည့်သစ်ပင်များ ကို ထိုင်းစည်ပင်က လာရောက်ခုတ်ထွင်ရှင်းလင်းပေးမည် google
မန္တလေးတိုင်း (၈)မြို့နယ်တွင် ဝန်ထမ်းအိမ်ရာများ တည်ဆောက်မည်
က ပြောကြားသည်။
သတ်မှတ်ချက် မပြည့်မီပါက ကွန်ဒိုအဆောက်အအုံအဖြစ်မှ ပယ်ဖျက်မည်
Source-Democracy Today
Myanmar Builders Guide
တာချီလိတ်မြို့ မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်ရှိ အန္တရာယ်ရှိသည့်သစ်ပင်များ ကို ထိုင်းစည်ပင်က လာရောက်ခုတ်ထွင်ရှင်းလင်းပေးမည်
တာချီလိတ်၊ နိုဝင်ဘာ ၆ - ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီ လိတ်မြို့၊ မြန်မာ-ထိုင်း ချစ်ကြည် ရေး တံတားအမှတ်(၁)ပေါ်ရှိ အန္တရာယ်ရှိသည့် သစ်ပင်များကို
ယခုလအတွင်း ထိုင်းနိုင်ငံမှ လာ ရောက်ခုတ်ထွင် ရှင်းလင်း ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသစ်ပင်များခုတ်ထွင် ရှင်းလင်းရေးအတွက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးခင် မောင်တင့်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်လဝကမှူးနှင့် တာ ဝန်ရှိများ၊
ထိုင်းနိုင်ငံဘက်မှ တာ ဝန်ရှိသူများသည် နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်းက တာချီလိတ် မြို့၊ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)ပေါ်ရှိ အန္တရာယ်ရှိအ
ပင်များရှိသည့် နေရာများသို့ လာ ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။
"ဒီသစ်ပင်ခုတ်ဖို့ကို ဝန်ကြီး ချုပ်ကလည်း ခွင့်ပြုလိုက်ပါပြီ။ စည် ပင်ဝန်ကြီးလည်း လုပ်ဖို့ပြောသွား ပြီ။ ဒါကိုဒီဘက်က အချိန်ဆွဲ နေ တဲ့ပုံပေါက်လို့ ဒီနေ့ထပ်ပြီး လော လိုက်တာပေါ့။
ထိုင်းစည်ပင်က လာခုတ်ပေးမှာပါ။ နောက်ပြီး တ ခြား အန္တရာယ်ရှိနိုင်တဲ့ အပင်တွေ ကိုလည်းခုတ်ဖို့ ညွှန်ကြားထားပါ တယ် " ဟုပြည်နယ် လွှတ်တော်
ကိုယ်စားလှယ်ဦးခင်မောင်တင့် က ပြောကြားသည်။
မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၁)ပေါ်ရှိ မြန်မာ ဘက်အဝင်တံတားအတက်မှ မြန်မာ မုခ်ဦးနားအထိ အန္တရာယ်ရှိနိုင် သည့် အပင်ငါးပင်ရှိပြီး အဆိုပါ
သစ်ပင်များကို နိုဝင်ဘာ ၁၇ ရက် တွင် ထိုင်းနိုင်ငံမှကျွမ်းကျင်ပညာ ရှင်များက လာရောက်ခုတ်ထွင် ကြမည်ဖြစ်သည်။
"အဲဒီသစ်ပင်ခြောက်ကြီးကို အရင်နှစ်ကတည်းက ခုတ်ဖို့သက် ဆိုင်ရာတွေနဲ့ ညှိနှိုင်းကြိုးစားခဲ့ တယ်။ ဒါပေမဲ့အကြောင်းအမျိုး မျိုးကြောင့် မဖြစ်ခဲ့ဘူး။ ဒီသစ်ပင် ခြောက်ကြီးက
ချစ်ကြည်ရေးတံ တား(၁)နဲ့ တာလော့ဈေးမှာ ဖြတ် သန်းသွားလာတဲ့ ဈေးရောင်း၊ ဈေး ဝယ်နဲ့ နိုင်ငံခြားသားတွေအတွက် အန္တရာယ်ရှိနိုင်တယ်။ သစ်ပင်ကြီး ကျိုးကျခဲ့ရင်
ဈေးဆိုင်ခန်းတွေထိ ခိုက်နစ်နာနိုင်တယ်" ဟု တာလော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသက် ထွဋ်ဦးက ပြောကြားသည်။
သစ်ပင်ခုတ်ထွင် ရှင်းလင်း သည့်အချိန်အတွင်း လျှပ်စစ်မီး ခေတ္တဖြတ်တောက်ထားမည်ဖြစ် ပြီး နှစ်နိုင်ငံသွားလာသူများအ တွက် တစ်နာရီခြားတစ်ခါ လမ်း
အပိတ်အဖွင့်လုပ်ပေးမည်ဖြစ် ကြောင်းသိရသည်။
Read 247 times
Rate this item
(0 votes)