ပုသိမ္တံတားအမွတ္(၂) စီမံကိန္းဧရိယာတြင္ ပါဝင္ေသာ ေျမယာမ်ားကို စိစစ္ၿပီး ေလ်ာ္ေၾကးေပးမည္

ပုသိမ္တံတားအမွတ္(၂) စီမံကိန္းဧရိယာတြင္ ပါဝင္ေသာ ေျမယာမ်ားကို စိစစ္ၿပီး ေလ်ာ္ေၾကးေပးမည္ GOOGLE

ပုသိမ္တံတားအမွတ္(၂) တည္ေဆာက္ေရး စီမံကိန္းတြင္ ပါဝင္ေသာ ေျမယာမ်ားအတြက္ ေျမသိမ္းဆည္းျခင္း၊ ျပန္လည္ေန ရာခ်ထားျခင္းႏွင့္ ျပန္လည္ထူ ေထာင္ျခင္းမ်ားကို ဥပေဒႏွင့္အညီ စိစစ္ေဆာင္႐ြက္ေနၿပီး ရသင့္၊ရထိုက္သူမ်ားကို ေလ်ာ္ေၾကးအ ျမန္ဆုံးေပးအပ္ရန္ ေဆာင္႐ြက္ နေၾကာင္း

ပုသိမ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမႉး ဦးရာဇာေအးက ႏိုဝင္ဘာ ၄ ရက္က ပုသိမ္ ၿမိဳ႕ ကမ္းနားလမ္းရွိ တံတားအထူး အဖြဲ႕ ၁၆ ႐ုံး အစည္းအေဝးခန္း မတြင္ ေျပာၾကားခဲ့သည္။

 

ပုသိမ္တံတားစီမံကိန္းမွာ၂၀၁၈ ႏိုဝင္ဘာကစတင္ခဲ့ၿပီး တံတားတည္ေဆာက္ရန္ လိုအပ္ေသာ ေျမအက်ယ္အဝန္းကို လမ္းအလယ္မွေန၍ တစ္ဖက္လွ်င္ ေပ၄၀ စီသတ္မွတ္ထားသည္။

ယင္းစီမံကိန္းဧရိယာအတြင္းပုသိမ္ၿမိဳ႕တစ္ဖက္ကမ္း အမွတ္(၉)ရပ္ကြက္၊ စိန္ကုန္းရပ္မွ လူေနအိမ္ႏွင့္ အေဆာက္အအုံ ၄၉ လုံး ပါဝင္ေနေၾကာင္း အဆိုပါ တံတားဦးစီးဌာန မွတ္တမ္းအရ သိရသည္။

 

ထိုစီမံကိန္းဧရိယာအတြင္း ပါ ဝင္သည့္ လူေနအိမ္ႏွင့္အေဆာက္ အအုံ ေျပာင္းေ႐ႊ႕ဖ်က္သိမ္းစရိတ္ က်ပ္ ၂,၅၈၈ သိန္းေက်ာ္ကို ၂၀၁၈ဒီဇင္ဘာက ျပည္ေထာင္စုအစိုးရ ခြင့္ျပဳခ်က္ျဖင့္ တံတားဦးစီးဌာန က နစ္နာသူမ်ားထံ ေပးေလ်ာ္ခဲ့ ေၾကာင္း မွတ္တမ္းမ်ားအရ သိရသည္။

သို႔ေသာ္ ပါဝင္သည့္ ေျမယာမ်ားအတြက္ တစ္ႏွစ္ခန႔္ၾကာျမင့္သည့္တိုင္ ေလ်ာ္ေၾကးနစ္နာ ေၾကးမ်ား မရရွိသျဖင့္ ေဒသခံ အခ်ိဳ႕၏ ေဝဖန္မႈမ်ား ရွိခဲ့သည္။

 

ႏွစ္ေပါင္း ၁၆၀ ေက်ာ္ရွိၿပီျဖစ္သည့္ ဒလသေဘၤာက်င္းအဆင့္ျမႇင့္တင္ရာတြင္ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးစီမံကိန္းမ်ား ထည့္သြင္းသြားမည္

 

‘‘ဘာလို႔ ေျမယာေလ်ာ္ေၾကး ေပးဖို႔ ၾကန႔္ၾကာေနရတာလဲဆိုရင္ ေျမယာ လုပ္ထုံးလုပ္နည္းအရ ကြၽန္ေတာ္တို႔က စိစစ္တယ္၊ ေျမ ယာေဈးႏႈန္းေတြ ေရးဆြဲရပါ တယ္။ ဒီလိုေရးဆြဲထားတာကို လည္း ျပည္ေထာင္စုအဆင့္အ ထိ တင္ျပရတာေတြ ရွိပါတယ္။ တစ္နည္းေျပာရရင္ လုပ္ထုံးလုပ္ နည္းေတြအတိုင္း ေဆာင္႐ြက္ေန ရတာမို႔ ၾကန႔္ၾကာေနရတာ ျဖစ္ပါ တယ္’’ဟု ဦးရာဇာေအးက ေျပာ သည္။ ထို႔အျပင္ ေျမယာေလ်ာ္ ေၾကးေပးရန္ တံတားဦးစီးဌာန တြင္ လုံေလာက္ေသာ ရန္ပုံေငြ အသင့္ရွိၿပီးျဖစ္သည္ဟု ၎ကဆို သည္။

 

ေျမတန္ဖိုးသတ္မွတ္ႏႈန္း ကို ျပည္ေထာင္စုအစိုးရက ခြင့္ ျပဳပါက အေထာက္အထားျဖင့္ တင္ျပလာသူမ်ားအား ေပးအပ္ ရန္ စီစဥ္ထားေၾကာင္း ဦးရာဇာ ေအးက ေျပာသည္။ သို႔ေသာ္ ေျမပိုင္ဆိုင္မႈႏွင့္ပတ္သက္၍ အျငင္း ပြားမႈမ်ားရွိပါက တရား႐ုံး အဆုံးအျဖတ္ျဖင့္ ရသင့္သူ အားေပးအပ္မည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

 

‘‘တံတားတည္ေဆာက္ေရး နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔အေနနဲ႔ ေျပာစရာမရွိပါဘူး။ ေဒသဖြံ႕ၿဖိဳး မွာမို႔ ကြၽန္ေတာ္တို႔က ဝမ္းသာတာ ပါ။ သို႔ေလာ သို႔ေလာ ကြၽန္ေတာ္ တို႔ျဖစ္ေနတာ မရွိပါဘူး။ ဒါေပမဲ့ ေလ်ာ္ေၾကးနဲ႔ပတ္သက္ၿပီး ကြၽန္ ေတာ္တို႔ နစ္နာေနတာေတြ အ မ်ားႀကီးပါ။ ကြၽန္ေတာ္တို႔ ေနခဲ့ တာႏွစ္ေပါင္းၾကာပါၿပီ။ ေလ်ာ္ တဲ့အခ်ိန္က်ရင္ေတာ့ ပြင့္လင္း ျမင္သာျဖစ္ေအာင္ေတာ့ လုပ္ေပး ပါ’’ဟု စီမံကိန္းဧရိယာအတြင္း ပါဝင္သည့္ ေဒသခံ ကိုေအာင္ ျမတ္သူက ေျပာသည္။

 

ခ်ဥ္းကပ္လမ္းအပါအဝင္ က်ပ္ ၂၁၁ သန္း ကုန္ က်မည္ဟု ခန႔္မွန္းထားေသာ ပုသိမ္တံတားအမွတ္(၂) ကို ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္ တြင္ အၿပီးတည္ေဆာက္ရန္ စီစဥ္ ထားေၾကာင္း သိရသည္။

<<<UNICODE>>>

 

ပုသိမ်တံတားအမှတ်(၂) တည်ဆောက်ရေး စီမံကိန်းတွင် ပါဝင်သော မြေယာများအတွက် မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေ ရာချထားခြင်းနှင့် ပြန်လည်ထူ ထောင်ခြင်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်နေပြီး ရသင့်၊ရထိုက်သူများကို လျော်ကြေးအ မြန်ဆုံးပေးအပ်ရန် ဆောင်ရွက် နေကြောင်း

ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူး ဦးရာဇာအေးက နိုဝင်ဘာ ၄ ရက်က ပုသိမ် မြို့ ကမ်းနားလမ်းရှိ တံတားအထူး အဖွဲ့ ၁၆ ရုံး အစည်းအဝေးခန်း မတွင် ပြောကြားခဲ့သည်။

 

ပုသိမ်တံတားစီမံကိန်းမှာ၂၀၁၈ နိုဝင်ဘာကစတင်ခဲ့ပြီး တံတားတည်ဆောက်ရန် လိုအပ်သော မြေအကျယ်အဝန်းကို လမ်းအလယ်မှနေ၍ တစ်ဖက်လျှင် ပေ၄၀ စီသတ်မှတ်ထားသည်။

ယင်းစီမံကိန်းဧရိယာအတွင်းပုသိမ်မြို့တစ်ဖက်ကမ်း အမှတ်(၉)ရပ်ကွက်၊ စိန်ကုန်းရပ်မှ လူနေအိမ်နှင့် အဆောက်အအုံ ၄၉ လုံး ပါဝင်နေကြောင်း အဆိုပါ တံတားဦးစီးဌာန မှတ်တမ်းအရ သိရသည်။

 

ထိုစီမံကိန်းဧရိယာအတွင်း ပါ ဝင်သည့် လူနေအိမ်နှင့်အဆောက် အအုံ ပြောင်းရွှေ့ဖျက်သိမ်းစရိတ် ကျပ် ၂,၅၈၈ သိန်းကျော်ကို ၂၀၁၈ဒီဇင်ဘာက ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်ဖြင့် တံတားဦးစီးဌာန က နစ်နာသူများထံ ပေးလျော်ခဲ့ ကြောင်း မှတ်တမ်းများအရ သိရသည်။

သို့သော် ပါဝင်သည့် မြေယာများအတွက် တစ်နှစ်ခန့်ကြာမြင့်သည့်တိုင် လျော်ကြေးနစ်နာ ကြေးများ မရရှိသဖြင့် ဒေသခံ အချို့၏ ဝေဖန်မှုများ ရှိခဲ့သည်။

 

အငြိမ်းစားယူမည့် ဝန်ထမ်းများအတွက် တစ်နှစ်လျှင် အိမ်ရာလိုအပ်ချက် ၁၃၀၀၀ ယူနစ်ကျော် ဆောက်လုပ်ပေးရမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး လွှတ်တော်၌ဖြေကြား

 

‘‘ဘာလို့ မြေယာလျော်ကြေး ပေးဖို့ ကြန့်ကြာနေရတာလဲဆိုရင် မြေယာ လုပ်ထုံးလုပ်နည်းအရ ကျွန်တော်တို့က စိစစ်တယ်၊ မြေ ယာဈေးနှုန်းတွေ ရေးဆွဲရပါ တယ်။ ဒီလိုရေးဆွဲထားတာကို လည်း ပြည်ထောင်စုအဆင့်အ ထိ တင်ပြရတာတွေ ရှိပါတယ်။ တစ်နည်းပြောရရင် လုပ်ထုံးလုပ် နည်းတွေအတိုင်း ဆောင်ရွက်နေ ရတာမို့ ကြန့်ကြာနေရတာ ဖြစ်ပါ တယ်’’ဟု ဦးရာဇာအေးက ပြော သည်။ ထို့အပြင် မြေယာလျော် ကြေးပေးရန် တံတားဦးစီးဌာန တွင် လုံလောက်သော ရန်ပုံငွေ အသင့်ရှိပြီးဖြစ်သည်ဟု ၎င်းကဆို သည်။

 

မြေတန်ဖိုးသတ်မှတ်နှုန်း ကို ပြည်ထောင်စုအစိုးရက ခွင့် ပြုပါက အထောက်အထားဖြင့် တင်ပြလာသူများအား ပေးအပ် ရန် စီစဉ်ထားကြောင်း ဦးရာဇာ အေးက ပြောသည်။ သို့သော် မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်း ပွားမှုများရှိပါက တရားရုံး အဆုံးအဖြတ်ဖြင့် ရသင့်သူ အားပေးအပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

 

‘‘တံတားတည်ဆောက်ရေး နဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ပြောစရာမရှိပါဘူး။ ဒေသဖွံ့ဖြိုး မှာမို့ ကျွန်တော်တို့က ဝမ်းသာတာ ပါ။ သို့လော သို့လော ကျွန်တော် တို့ဖြစ်နေတာ မရှိပါဘူး။ ဒါပေမဲ့ လျော်ကြေးနဲ့ပတ်သက်ပြီး ကျွန် တော်တို့ နစ်နာနေတာတွေ အ များကြီးပါ။ ကျွန်တော်တို့ နေခဲ့ တာနှစ်ပေါင်းကြာပါပြီ။ လျော် တဲ့အချိန်ကျရင်တော့ ပွင့်လင်း မြင်သာဖြစ်အောင်တော့ လုပ်ပေး ပါ’’ဟု စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် ဒေသခံ ကိုအောင် မြတ်သူက ပြောသည်။

 

ချဉ်းကပ်လမ်းအပါအဝင် ကျပ် ၂၁၁ သန်း ကုန် ကျမည်ဟု ခန့်မှန်းထားသော ပုသိမ်တံတားအမှတ်(၂) ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် တွင် အပြီးတည်ဆောက်ရန် စီစဉ် ထားကြောင်း သိရသည်။

 

Source: 7 Day news

Myanmar Builders Guide

Read 671 times
Rate this item
(0 votes)