အသစ္ထြက္လာတဲ့ အိမ္ၿခံေျမ ရာျဖတ္ႏႈန္းထားေတြမွာ ႏွစ္ဆခန႔္အထိ ျမင့္တက္လာတဲ့ ေနရာေတြရွိ 

အသစ္ထြက္လာတဲ့  အိမ္ၿခံေျမ  ရာျဖတ္ႏႈန္းထားေတြမွာ  ႏွစ္ဆခန႔္အထိ   ျမင့္တက္လာတဲ့ ေနရာေတြရွိ  google

မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕က ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ အတြက္ အသစ္ထုတ္ျပန္လိုက္တဲ့ရာျဖတ္ ေဈးႏႈန္းေတြမွာ အခ်ိဳ႕ေနရာေတြက ယခင္ ႏွစ္ကထက္ ၁ဝဝရာခိုင္ႏႈန္းအထိ

 

ျမင့္တက္ လာၿပီး အခ်ိဳ႕ေနရာေတြမွာလည္း ၂၅ ရာ ခိုင္ႏႈန္းကေနအထက္ ျမင့္တက္ခဲ့တဲ့ အ တြက္ အိမ္ၿခံေျမေဈးကြက္ေအးေနဆဲျဖစ္ တယ္လို႔ မႏၲေလးၿမိဳ႕အိမ္ၿခံေျမ အက်ိဳး ေဆာင္

 

လုပ္ငန္းရွင္ေတြဆီက  သိရပါ တယ္။

 

အိႏၵိယ-ျမန္မာ-ထိုင္း အေဝးေျပးလမ္းမစီမံကိန္း ၿပီးေျမာက္ေအာင္ ဆက္လက္ လုပ္ေဆာင္မည္ျဖစ္ၿပီး ကေမာၻဒီးယား-လာအို-ဗီယက္နမ္ႏိုင္ငံမ်ားသို႔ ဆက္လက္တိုးခ်ဲ႕ လုပ္ေဆာင္မည္

 

ျပည္ေထာင္စုအစိုးရက အခြန္ႏႈန္း  ထားေတြေလွ်ာ့ခ်လိုက္တဲ့အတြက္ အိမ္ၿခံ ေျမေဈးကြက္အေရာင္းအဝယ္ ေကာင္း လာမယ္လို႔ခန႔္မွန္းခဲ့ၾကေပမဲ့ တိုင္းေဒသ ႀကီး အစိုးရက သတ္မွတ္တဲ့

 

ရာျဖတ္ႏႈန္း ထားေတြေၾကာင့္ အေရာင္းအဝယ္ ထင္ သေလာက္ ျဖစ္မလာဘူးလို႔ ဖိုးလမင္းအိမ္ ၿခံေျမ အက်ိဳးေဆာင္လုပ္ငန္း မန္ေနးဂ်င္း  ဒါ႐ိုက္တာဦးဝ∞စိုးက ေျပာပါတယ္။

 

 

သူက “အိမ္ၿခံေျမေဈးကြက္က ေကာင္း မလာေသးဘူး၊ ခုလက္ရွိ တိုင္းေဒသႀကီး အစိုးရက ထြက္လာတဲ့ ရာျဖတ္ႏႈန္းထား ေတြကို ေလ့လာၿပီးသေလာက္ ၁ဝဝ ရာခိုင္ႏႈန္းအထိ တက္သြားတဲ့ေနရာ

 

 

ရွိတယ္၊ အျခားေနရာေတြမွာလဲ ၂၅ ရာ ခိုင္ႏႈန္း ကေန အထက္ကို ျမင့္တက္ခဲ့တယ္၊အဲဒါ ေၾကာင့္ အေရာင္းအဝယ္ကေတာ့ ျဖစ္ လာတာနည္းေသးတယ္”လို႔ ေျပာပါတယ္။

 

 

ျပည္ႀကီးမ်က္ရွင္  ရပ္ကြက္အတြင္း လမ္းပိုင္းအခ်ိဳ႕မွာ ယခင္ႏွစ္က တစ္ဧကစံ ႏႈန္း က်ပ္ သိန္း ၁၈,ဝဝဝရွိခဲ့ၿပီး အခုႏွစ္မွာ ေတာ့ သိန္း၃၆,ဝဝဝအထိျမင့္တက္ခဲ့တာ ကို ေတြ႕ရပါတယ္။

 

အဲသည္လိုရာခိုင္ႏႈန္း အမ်ားအျပား ျမင့္တက္လာတာေတြကို ေျဖေလွ်ာ့ေပးဖို႔ လာမယ့္ တစ္ပတ္အ တြင္းမွာ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကို စာတင္ျပမယ္လို႔ သိရပါတယ္။

 

အခြန္ႏႈန္းထားမ်ားေလ်ာ့က်မႈေၾကာင့္ အိမ္ၿခံေျမေဈးကြက္ ေကာင္းမလာေသး ေပမဲ့ ယခင္က အေရာင္းအဝယ္ျပဳလုပ္ ထားၿပီး SP/GP ေတြနဲ႔ လက္ဝယ္ကိုင္ ေဆာင္ထားတဲ့

 

ေျမကြက္ေတြ အခြန္ေဆာင္ တာမ်ားလာတာ ေတြ႕ရတယ္လို႔ ေ႐ႊ မႏၲေလးအိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္း က မန္ေနးဂ်င္းဒါ႐ိုက္တာ ဦးေနလင္း ေအာင္က ေျပာပါတယ္။

 

သူက“ခုအေရာင္းအဝယ္ျဖစ္ေနတာ ေတြက ငါးေထာင္တန္ကေန ေအာက္ေဈး ေတြျဖစ္တယ္၊ ေဈးနည္းေလ အျဖစ္မ်ား ေလပဲ၊ ျဖစ္တယ္ဆိုတာကလဲ အရင္လို ပိုလို႔လွ်ံလို႔ဝယ္တာမ်ိဳး

 

မဟုတ္ေတာ့ဘဲ လို အပ္လို႔ေနဖို႔ဝယ္တာမ်ိဳးေတြ မ်ားတယ္၊ အိမ္ၿခံေျမေဈးကြက္ျပန္ေကာင္းလာဖို႔က ရာျဖတ္ႏႈန္းထားေလွ်ာ့ဖို႔ တစ္နည္းရွိတယ္၊ ေနာက္တစ္နည္းကေတာ့  ဘဏ္တိုးႏႈန္း ေတြ

 

ေလွ်ာ့ခ်ေပးဖို႔လိုတယ္”လို႔ ေျပာပါ တယ္။

 

သံတြဲၿမိဳ႕မွ ေဂၚရင္ဂ်ီကၽြန္းအထိ ကမ္းေျခပတ္လမ္းကို ၂၀၂၀ ျပည့္ႏွစ္အတြင္း အၿပီးလုပ္ေဆာင္မည္

 

အရင္က တစ္က်ပ္ကေနသိန္း ၃ဝဝ အ ထိ အခြန္ ၁၅ရာခိုင္ႏႈန္း၊ က်ပ္သိန္း ၃ဝဝ အ ထက္ ကေန က်ပ္သိန္း ၁ဝဝဝ အထိ အခြန္ ၂၀ ရာခိုင္ႏႈန္း၊ က်ပ္သိန္း ၁ဝဝဝ အထက္ ကို အခြန္ ၃၀

 

ရာခိုင္ႏႈန္းသတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။ အခုေလွ်ာ့ခ်လိုက္တဲ့ႏႈန္း ထားကေတာ့ တစ္က်ပ္ကေန က်ပ္သိန္း ၁ဝဝဝအထိကို အခြန္ သုံးရာခိုင္ႏႈန္း၊ က်ပ္ သိန္း ၁ဝဝဝကေန က်ပ္သိန္း ၃ဝဝဝ

 

အထိ အခြန္ ငါးရာခိုင္ႏႈန္း၊ က်ပ္သိန္း ၃ဝဝဝ အ ထက္ကေန က်ပ္သိန္း ၁၀,ဝဝဝ အထိ အ ခြန္ ၁၀ ရာခိုင္ႏႈန္း၊ က်ပ္သိန္း ၁၀,ဝဝဝ အ ထက္ကေန က်ပ္သိန္း ၃၀,ဝဝဝအထိ အ ခြန္ ၁၅

 

ရာခိုင္ႏႈန္း၊ က်ပ္သိန္း ၃၀,ဝဝဝ အထက္ဆိုရင္ အခြန္ ၃၀ ရာခိုင္ႏႈန္းအထိ ေျပာင္းလဲ သတ္မွတ္လိုက္တာျဖစ္ပါ တယ္။

 

Source- Kumudra

 

Myanmar Builders Guide

 

<<<<Unicode>>>>

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွက် အသစ်ထုတ်ပြန်လိုက်တဲ့ရာဖြတ် ဈေးနှုန်းတွေမှာ အချို့နေရာတွေက ယခင် နှစ်ကထက် ၁ဝဝရာခိုင်နှုန်းအထိ

 

မြင့်တက် လာပြီး အချို့နေရာတွေမှာလည်း ၂၅ ရာ ခိုင်နှုန်းကနေအထက် မြင့်တက်ခဲ့တဲ့ အ တွက် အိမ်ခြံမြေဈေးကွက်အေးနေဆဲဖြစ် တယ်လို့ မန္တလေးမြို့အိမ်ခြံမြေ အကျိုး ဆောင် လုပ်ငန်း

 

ရှင်တွေဆီက  သိရပါ တယ်။

 

ပြည်ထောင်စုအစိုးရက အခွန်နှုန်း  ထားတွေလျှော့ချလိုက်တဲ့အတွက် အိမ်ခြံ မြေဈေးကွက်အရောင်းအဝယ် ကောင်း လာမယ်လို့ခန့်မှန်းခဲ့ကြပေမဲ့ တိုင်းဒေသ ကြီး အစိုးရက သတ်မှတ်တဲ့

 

ရာဖြတ်နှုန်း ထားတွေကြောင့် အရောင်းအဝယ် ထင် သလောက် ဖြစ်မလာဘူးလို့ ဖိုးလမင်းအိမ် ခြံမြေ အကျိုးဆောင်လုပ်ငန်း မန်နေးဂျင်း  ဒါရိုက်တာဦးဝ∞စိုးက ပြောပါတယ်။

 

 

သူက “အိမ်ခြံမြေဈေးကွက်က ကောင်း မလာသေးဘူး၊ ခုလက်ရှိ တိုင်းဒေသကြီး အစိုးရက ထွက်လာတဲ့ ရာဖြတ်နှုန်းထား တွေကို လေ့လာပြီးသလောက် ၁ဝဝ ရာခိုင်နှုန်းအထိ တက်သွားတဲ့

 

နေရာရှိတယ်၊ အခြားနေရာတွေမှာလဲ ၂၅ ရာ ခိုင်နှုန်း ကနေ အထက်ကို မြင့်တက်ခဲ့တယ်၊အဲဒါ ကြောင့် အရောင်းအဝယ်ကတော့ ဖြစ် လာတာနည်းသေးတယ်”လို့ ပြောပါတယ်။

 

 

ပြည်ကြီးမျက်ရှင်  ရပ်ကွက်အတွင်း လမ်းပိုင်းအချို့မှာ ယခင်နှစ်က တစ်ဧကစံ နှုန်း ကျပ် သိန်း ၁၈,ဝဝဝရှိခဲ့ပြီး အခုနှစ်မှာ တော့ သိန်း၃၆,ဝဝဝအထိမြင့်တက်ခဲ့တာ ကို တွေ့ရပါတယ်။

 

အဲသည်လိုရာခိုင်နှုန်း အများအပြား မြင့်တက်လာတာတွေကို ဖြေလျှော့ပေးဖို့ လာမယ့် တစ်ပတ်အ တွင်းမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို စာတင်ပြမယ်လို့ သိရပါတယ်။

 

 

အခွန်နှုန်းထားများလျော့ကျမှုကြောင့် အိမ်ခြံမြေဈေးကွက် ကောင်းမလာသေး ပေမဲ့ ယခင်က အရောင်းအဝယ်ပြုလုပ် ထားပြီး SP/GP တွေနဲ့ လက်ဝယ်ကိုင် ဆောင်ထားတဲ့ မြေကွက်တွေ

 

အခွန်ဆောင် တာများလာတာ တွေ့ရတယ်လို့ ရွှေ မန္တလေးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း က မန်နေးဂျင်းဒါရိုက်တာ ဦးနေလင်း အောင်က ပြောပါတယ်။

 

သူက“ခုအရောင်းအဝယ်ဖြစ်နေတာ တွေက ငါးထောင်တန်ကနေ အောက်ဈေး တွေဖြစ်တယ်၊ ဈေးနည်းလေ အဖြစ်များ လေပဲ၊ ဖြစ်တယ်ဆိုတာကလဲ အရင်လို ပိုလို့လျှံလို့ဝယ်တာမျိုး မဟုတ်

 

တော့ဘဲ လို အပ်လို့နေဖို့ဝယ်တာမျိုးတွေ များတယ်၊ အိမ်ခြံမြေဈေးကွက်ပြန်ကောင်းလာဖို့က ရာဖြတ်နှုန်းထားလျှော့ဖို့ တစ်နည်းရှိတယ်၊ နောက်တစ်နည်းကတော့  ဘဏ်တိုးနှုန်း တွေ

 

လျှော့ချပေးဖို့လိုတယ်”လို့ ပြောပါ တယ်။

 

အရင်က တစ်ကျပ်ကနေသိန်း ၃ဝဝ အ ထိ အခွန် ၁၅ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ အ ထက် ကနေ ကျပ်သိန်း ၁ဝဝဝ အထိ အခွန် ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁ဝဝဝ အထက် ကို အခွန် ၃၀

 

ရာခိုင်နှုန်းသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အခုလျှော့ချလိုက်တဲ့နှုန်း ထားကတော့ တစ်ကျပ်ကနေ ကျပ်သိန်း ၁ဝဝဝအထိကို အခွန် သုံးရာခိုင်နှုန်း၊ ကျပ် သိန်း ၁ဝဝဝကနေ ကျပ်သိန်း ၃ဝဝဝ

 

အထိ အခွန် ငါးရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝဝ အ ထက်ကနေ ကျပ်သိန်း ၁၀,ဝဝဝ အထိ အ ခွန် ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀,ဝဝဝ အ ထက်ကနေ ကျပ်သိန်း ၃၀,ဝဝဝအထိ အ ခွန် ၁၅

 

ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀,ဝဝဝ အထက်ဆိုရင် အခွန် ၃၀ ရာခိုင်နှုန်းအထိ ပြောင်းလဲ သတ်မှတ်လိုက်တာဖြစ်ပါ တယ်။

 

Read 10677 times
Rate this item
(0 votes)