သီလဝါတွင် စင်ကာပူ အခြေစိုက်ကုမ္ပဏီက ဒေါ်လာသန်း ၂၀၀ ကျော်တန် ဆီ၊ ဂျုံနှင့် ဆန်စက်ရုံများ တည်ဆောက်

သီလဝါတွင် စင်ကာပူ အခြေစိုက်ကုမ္ပဏီက ဒေါ်လာသန်း ၂၀၀ ကျော်တန် ဆီ၊ ဂျုံနှင့် ဆန်စက်ရုံများ တည်ဆောက် DICA

သီလဝါဆိပ်ကမ်းဖွံဖြိုး ရေး မြေနေရာရှိ မြေဧက ၁,၀၀၀ ၌ စင်ကာပူကုမ္ပဏီက ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိ ဆီ၊ ဂျုံနှင့် ဆန်စက်ရုံများကို ယမန် နေ့တွင် ဖွင့်လှစ်ခဲ့ သည်။


အဆိုပါ စီမံကိန်းသည် စင်ကာပူအခြေစိုက် Wilmar Myanmar ကုမ္ပဏီက ရင်းနှီးမြှုပ်နှံပြီး မြန်မာနိုင်ငံတွင် Meizan အမှတ်တံဆိပ် စားသောက်ကုန် များ ဖြန့်ဖြူးနေသော ကုမ္ပဏီ လည်းဖြစ်သည်။ အဆိုပါ ကုမ္ပဏီ၏ ဆီစက်ရုံသည် တစ်နေ့လျှင် ဆီတန်ချိန် ၄၆၀ မက်ထရစ်တန်၊ ဂျုံစက်ရုံသည် မက်ထရစ်တန် ၅၃၀ စတင်ထုတ်လုပ်မည် ဖြစ်သည်။ ဆန်စက်ကို အောက်တိုဘာ ၂၇ ရက်တွင်ပန္နက်ရိုက်ပြီး တည်ဆောက်ပြီးစီးပါက တစ်နေ့လျှင် မက်ထရစ်တန် ၁,၂၀၀ထုတ်လုပ်မည်ဟု ကုမ္ပ ဏီကသတင်းထုတ်ပြန်သည်။

 

 

‘‘မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသော ဆန်စက်ရုံ ဖြစ်လာမှာပါ။ တိုင်းဒေသကြီး၊ ပြည်နယ်တွေက စပါးတွေကို စိစစ် စစ်ဆေးပြီး ရင် ကြိတ်ခွဲကာ ပြည်တွင်းနဲ့ နိုင်ငံတကာကို ရောင်းချမှာပါ။ မြန်မာဆန်က အာရှနဲ့ အာဖရိဈေးကွက် တွေမှာ နာမည်ကောင်းရထားပါ တယ်’’ဟု ရန်ကုန်တိုင်းစိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီးဦးဟံထွန်းကပြောသည်။

 

 

စင်ကာပူ Wilmar ကုမ္ပဏီသည် ပြည်တွင်းမှ National Infrastructure Holdings ကုမ္ပဏီ၊ First Top Group ၊ Riceland ကုမ္ပဏီတို့နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ် သည်။ ‘‘မြန်မာနိုင်ငံရဲ့ တိုးတက်မှု မြန်ဆန်သော စီးပွားရေးနှင့် စိုက်ပျိုးရေး အလားအလာ ကောင်းများကိုလည်း ကျွန်တော်တို့ အပြည့်အ၀ ယုံကြည်ပါတယ်’’ဟု Wilmar ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် မစ္စတာ ကောက်ခွန်ဟောင်က ပြောသည်။

 

 

အဆိုပါ စီမံကိန်းတွင် စင်ကာပူကုမ္ပဏီက ဆိပ်ကမ်းတံတားတစ်ခုကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံမှ BOT (တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း)စနစ်ဖြင့် လည်ပတ်လုပ်ကိုင်နေသည်။ အဆိုပါဆိပ်ကမ်းကို ၂၀၁၈ တွင် ကုမ္ပဏီနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့သည်ဟု ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်း တွင်းဝန် ဦးဝင်းခန့်က ပြောသည်။

 

 

Wilmar ကုမ္ပဏီသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆိုင်ရာ လုပ်ငန်းစုဖြစ်ပြီး ၁၉၉၁ တွင် စင်ကာပူနိုင်ငံ၌ စတင်တည်ထောင် ခဲ့သည်။ ၎င်းသည် ဆီအုန်းစိုက် ပျိုးခြင်း၊ ဆီထွက်သီးနှံကြိတ် ခွဲခြင်း၊ ဆီသန့်စင်ခြင်း၊ သကြားကြိတ်ခွဲခြင်းနှင့် သန့်စင်ခြင်း၊ ဇီဝလောင်စာ၊ ဓာတ်မြေသြဇာ၊ ဂျုံနှင့် ဆန်စပါးစက် ရုံများစသည့် လုပ်ငန်းများ လုပ်ကိုင်နေသည်။

 

 

Source-7Day Daily

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

သီလဝါတြင္ စင္ကာပူ အေျခစိုက္ကုမၸဏီက ေဒၚလာသန္း ၂၀၀ ေက်ာ္တန္ ဆီ၊ ဂ်ဳံႏွင့္ ဆန္စက္႐ုံမ်ား တည္ေဆာက္

 

 

သီလဝါဆိပ္ကမ္းဖြံၿဖိဳး ေရး ေျမေနရာရွိ ေျမဧက ၁,၀၀၀ ၌ စင္ကာပူကုမၸဏီက ေဒၚလာ သန္း ၂၀၀ ေက်ာ္တန္ဖိုးရွိ ဆီ၊ ဂ်ဳံႏွင့္ ဆန္စက္႐ုံမ်ားကို ယမန္ ေန႔တြင္ ဖြင့္လွစ္ခဲ့ သည္။

 


အဆိုပါ စီမံကိန္းသည္ စင္ကာပူအေျခစိုက္ Wilmar Myanmar ကုမၸဏီက ရင္းႏွီးျမႇဳပ္ႏွံၿပီး ျမန္မာႏိုင္ငံတြင္ Meizan အမွတ္တံဆိပ္ စားေသာက္ကုန္ မ်ား ျဖန႔္ျဖဴးေနေသာ ကုမၸဏီ လည္းျဖစ္သည္။ အဆိုပါ ကုမၸဏီ၏ ဆီစက္႐ုံသည္ တစ္ေန႔လွ်င္ ဆီတန္ခ်ိန္ ၄၆၀ မက္ထရစ္တန္၊ ဂ်ဳံစက္႐ုံသည္ မက္ထရစ္တန္ ၅၃၀ စတင္ထုတ္လုပ္မည္ ျဖစ္သည္။ ဆန္စက္ကို ေအာက္တိုဘာ ၂၇ ရက္တြင္ပႏၷက္႐ိုက္ၿပီး တည္ေဆာက္ၿပီးစီးပါက တစ္ေန႔လွ်င္ မက္ထရစ္တန္ ၁,၂၀၀ထုတ္လုပ္မည္ဟု ကုမၸ ဏီကသတင္းထုတ္ျပန္သည္။

 

 

‘‘ျမန္မာႏိုင္ငံရဲ႕ အႀကီးမားဆုံးေသာ ဆန္စက္႐ုံ ျဖစ္လာမွာပါ။ တိုင္းေဒသႀကီး၊ ျပည္နယ္ေတြက စပါးေတြကို စိစစ္ စစ္ေဆးၿပီး ရင္ ႀကိတ္ခြဲကာ ျပည္တြင္းနဲ႔ ႏိုင္ငံတကာကို ေရာင္းခ်မွာပါ။ ျမန္မာဆန္က အာရွနဲ႔ အာဖရိေဈးကြက္ ေတြမွာ နာမည္ေကာင္းရထားပါ တယ္’’ဟု ရန္ကုန္တိုင္းစိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္ ဝန္ႀကီးဦးဟံထြန္းကေျပာသည္။

 

 

စင္ကာပူ Wilmar ကုမၸဏီသည္ ျပည္တြင္းမွ National Infrastructure Holdings ကုမၸဏီ၊ First Top Group ၊ Riceland ကုမၸဏီတို႔ႏွင့္ အက်ိဳးတူပူးေပါင္း ေဆာင္႐ြက္ျခင္းျဖစ္ သည္။ ‘‘ျမန္မာႏိုင္ငံရဲ႕ တိုးတက္မႈ ျမန္ဆန္ေသာ စီးပြားေရးႏွင့္ စိုက္ပ်ိဳးေရး အလားအလာ ေကာင္းမ်ားကိုလည္း ကြၽန္ေတာ္တို႔ အျပည့္အ၀ ယုံၾကည္ပါတယ္’’ဟု Wilmar ကုမၸဏီ အမႈေဆာင္အရာရွိခ်ဳပ္ မစၥတာ ေကာက္ခြန္ေဟာင္က ေျပာသည္။

 

 

အဆိုပါ စီမံကိန္းတြင္ စင္ကာပူကုမၸဏီက ဆိပ္ကမ္းတံတားတစ္ခုကို ျမန္မာ့ဆိပ္ကမ္း အာဏာပိုင္ထံမွ BOT (တည္ေဆာက္၊ လည္ပတ္၊ လႊဲေျပာင္း)စနစ္ျဖင့္ လည္ပတ္လုပ္ကိုင္ေနသည္။ အဆိုပါဆိပ္ကမ္းကို ၂၀၁၈ တြင္ ကုမၸဏီႏွင့္ ျမန္မာ့ဆိပ္ကမ္း အာဏာပိုင္အဖြဲ႕တို႔ လက္မွတ္ေရးထိုးခဲ့သည္ဟု ပို႔ေဆာင္ေရးႏွင့္ ဆက္ သြယ္ေရးဝန္ႀကီးဌာန၊ အၿမဲတမ္း တြင္းဝန္ ဦးဝင္းခန႔္က ေျပာသည္။

 

 

Wilmar ကုမၸဏီသည္ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းဆိုင္ရာ လုပ္ငန္းစုျဖစ္ၿပီး ၁၉၉၁ တြင္ စင္ကာပူႏိုင္ငံ၌ စတင္တည္ေထာင္ ခဲ့သည္။ ၎သည္ ဆီအုန္းစိုက္ ပ်ိဳးျခင္း၊ ဆီထြက္သီးႏွံႀကိတ္ ခြဲျခင္း၊ ဆီသန႔္စင္ျခင္း၊ သၾကားႀကိတ္ခြဲျခင္းႏွင့္ သန႔္စင္ျခင္း၊ ဇီဝေလာင္စာ၊ ဓာတ္ေျမၾသဇာ၊ ဂ်ဳံႏွင့္ ဆန္စပါးစက္ ႐ုံမ်ားစသည့္ လုပ္ငန္းမ်ား လုပ္ကိုင္ေနသည္။

 

 

Source-7Day Daily

Read 3059 times Last modified on Tuesday, 25 February 2020 16:31
Rate this item
(0 votes)