ပြည်ပကုန်သွယ်မှုတွင် အလားအလာကောင်းများ ရှိနေသဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှု လျာထားချက်သည် ယခင်နှစ် လျာထားချက်ဒေါ်လာ ၃၁ ဘီလျံထက် ကျော်လွန်နိုင်ကြောင်း အမြဲတမ်း အတွင်းဝန် ပြောကြား

ပြည်ပကုန်သွယ်မှုတွင် အလားအလာကောင်းများ ရှိနေသဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှု လျာထားချက်သည် ယခင်နှစ် လျာထားချက်ဒေါ်လာ ၃၁ ဘီလျံထက် ကျော်လွန်နိုင်ကြောင်း အမြဲတမ်း အတွင်းဝန် ပြောကြား GOOGLE

ပြည်ပကုန်သွယ်မှုတွင် အလားအလာကောင်းများရှိနေသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်သည် ယခင်နှစ်လျာထားချက် ဒေါ်လာ ၃၁ ဘီလျံထက် ကျော်လွန်နိုင်ကြောင်း အောက်တိုဘာ ၂၂ ရက်က ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပသည့် The Global Value Chain and Economic Development, ADB - Asian Think Tank Development Forum 2019 တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောကြားသည်။

 


“အခုတော့ ပြင်ဆင်နေပါပြီ။ ကျွန်တော် တို့က နှစ်စဉ်တော့ ဒေါ်လာဘီလျံ ၃၀ ကျော် ပေါ့။ မနှစ်ကတော့ ဒေါ်လာဘီလျံ ၃၁ ဘီလျံ လောက်မှန်းတာ။ ၃၄ဒသမ၉ ဘီလျံ လောက် ရတော့ သုံးဘီလျံလောက်တော့ ပိုရတာပေါ့။ ဒီနှစ်လည်း ပြင်ဆင်တွက်ချက်နေတယ်။ ဒီ ထက်ပိုတိုးအောင် ကြိုးစားမှာ။ ဒီလိုအခြေ အနေကောင်းတွေကို ပိုလုပ်နိုင်သမျှတိုး တက်လာမှာပါ။ အလားအလာကောင်းတွေ က တော့အများကြီးရှိပါတယ်” ဟု အမြဲတမ်းအတွင်းဝန်ဦးအောင်စိုးက ပြောကြားသည်။

 

 

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန်နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီ လျံ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိအောင် ဆောင် ရွက်သွားရန် ခန့်မှန်း လျာထားခဲ့ခြင်း ဖြစ်သည်။

 

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၉၇၉ ဘီလျံအထိရရှိ ခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် အမေရိကန် ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် ပိုမိုရရှိခဲ့ ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

 

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန် မျှော်မှန်းထားခဲ့ရာ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် စုစုပေါင်း ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဘီလျံနီးအထိရရှိ ခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံခန့်အထိ ပိုမို ရရှိခဲ့ခြင်းဖြစ်သည်။

 

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံရရှိရန် မျှော်မှန်းထားခဲ့ရာ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ၁၈ ဘီလျံကျော်ရရှိခဲ့ပြီး ခန့်မှန်း လျာထားချက်ထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော်ပိုမိုရရှိခဲ့သည်။

 

 

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိကတင်ပို့နေသည့် ပို့ကုန်များမှာ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားပစ္စည်းများ စသည်တို့ကို တင်ပို့နေခြင်းဖြစ်သည်။

 

 

မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း ပစ္စည်း စသည်တို့ကို အဓိက တင်သွင်းနေခြင်း ဖြစ်သည်။

 

 

Source: Eleven media

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ျပည္ပကုန္သြယ္မႈတြင္ အလားအလာေကာင္းမ်ား ရွိေနသျဖင့္ ၂၀၁၉-၂၀၂၀ဘ႑ာႏွစ္အတြက္ ကုန္သြယ္မႈ လ်ာထားခ်က္သည္ ယခင္ႏွစ္ လ်ာထားခ်က္ေဒၚလာ ၃၁ ဘီလ်ံထက္ ေက်ာ္လြန္ႏိုင္ေၾကာင္း အၿမဲတမ္း အတြင္းဝန္ ေျပာၾကား

 

 

ျပည္ပကုန္သြယ္မႈတြင္ အလားအလာေကာင္းမ်ားရွိေနသျဖင့္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြက္ ကုန္သြယ္မႈလ်ာထားခ်က္သည္ ယခင္ႏွစ္လ်ာထားခ်က္ ေဒၚလာ ၃၁ ဘီလ်ံထက္ ေက်ာ္လြန္ႏိုင္ေၾကာင္း ေအာက္တိုဘာ ၂၂ ရက္က ရန္ကုန္ၿမိဳ႕ရွိ Park Royal Hotel ၌ က်င္းပသည့္ The Global Value Chain and Economic Development, ADB - Asian Think Tank Development Forum 2019 တြင္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္စိုးက ေျပာၾကားသည္။

 


“အခုေတာ့ ျပင္ဆင္ေနပါၿပီ။ ကြၽန္ေတာ္ တို႔က ႏွစ္စဥ္ေတာ့ ေဒၚလာဘီလ်ံ ၃၀ ေက်ာ္ ေပါ့။ မႏွစ္ကေတာ့ ေဒၚလာဘီလ်ံ ၃၁ ဘီလ်ံ ေလာက္မွန္းတာ။ ၃၄ဒသမ၉ ဘီလ်ံ ေလာက္ ရေတာ့ သုံးဘီလ်ံေလာက္ေတာ့ ပိုရတာေပါ့။ ဒီႏွစ္လည္း ျပင္ဆင္တြက္ခ်က္ေနတယ္။ ဒီ ထက္ပိုတိုးေအာင္ ႀကိဳးစားမွာ။ ဒီလိုအေျခ အေနေကာင္းေတြကို ပိုလုပ္ႏိုင္သမွ်တိုး တက္လာမွာပါ။ အလားအလာေကာင္းေတြ က ေတာ့အမ်ားႀကီးရွိပါတယ္” ဟု အၿမဲတမ္းအတြင္းဝန္ဦးေအာင္စိုးက ေျပာၾကားသည္။

 

 

ၿပီးခဲ့သည့္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ျပည္ပပို႔ကုန္တန္ဖိုး အေမရိကန္ေဒၚလာ ၁၅ ဒသမ ၃ ဘီလ်ံရရွိရန္ႏွင့္ သြင္းကုန္တန္ဖိုး အေမရိကန္ေဒၚလာ ၁၅ ဒသမ ၈ ဘီ လ်ံ စုစုေပါင္းကုန္သြယ္မႈပမာဏ အေမရိကန္ ေဒၚလာ ၃၁ ဒသမ ၁ ဘီလ်ံရရွိေအာင္ ေဆာင္ ႐ြက္သြားရန္ ခန႔္မွန္း လ်ာထားခဲ့ျခင္း ျဖစ္သည္။

 

 

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ကုန္ဆုံးခ်ိန္တြင္ စုစုေပါင္းကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ ၃၄ ဒသမ ၉၇၉ ဘီလ်ံအထိရရွိ ခဲ့ၿပီး ခန႔္မွန္းလ်ာထားခ်က္ထက္ အေမရိကန္ ေဒၚလာ ၃ ဒသမ ၈ ဘီလ်ံေက်ာ္ ပိုမိုရရွိခဲ့ ျခင္းျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည့္ စာရင္းမ်ားအရ သိရသည္။

 

 

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ျပည္ပပို႔ကုန္တန္ဖိုး အေမရိကန္ေဒၚလာ ၁၅ ဒသမ ၃ ဘီလ်ံရရွိရန္ ေမွ်ာ္မွန္းထားခဲ့ရာ ဘ႑ာႏွစ္ကုန္ဆုံးခ်ိန္တြင္ စုစုေပါင္း ပို႔ကုန္တင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၁၇ ဘီလ်ံနီးအထိရရွိ ခဲ့ၿပီး ခန႔္မွန္းလ်ာထားခ်က္ထက္ အေမရိကန္ေဒၚလာ ၁ ဒသမ ၇ ဘီလ်ံခန႔္အထိ ပိုမို ရရွိခဲ့ျခင္းျဖစ္သည္။

 

 

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ သြင္းကုန္တန္ဖိုး အေမရိကန္ေဒၚလာ ၁၅ ဒသမ ၈ ဘီလ်ံရရွိရန္ ေမွ်ာ္မွန္းထားခဲ့ရာ ဘ႑ာႏွစ္ကုန္ဆုံးခ်ိန္တြင္ ၁၈ ဘီလ်ံေက်ာ္ရရွိခဲ့ၿပီး ခန႔္မွန္း လ်ာထားခ်က္ထက္ အေမရိကန္ေဒၚလာ ၂ ဒသမ ၂ ဘီလ်ံေက်ာ္ပိုမိုရရွိခဲ့သည္။

 

 

လက္ရွိတြင္ ျမန္မာႏိုင္ငံမွ ျပည္ပသို႔ အဓိကတင္ပို႔ေနသည့္ ပို႔ကုန္မ်ားမွာ လယ္ယာထြက္ပစၥည္း၊ တိရစာၦန္ထြက္ပစၥည္း၊ ေရထြက္ပစၥည္း၊ သစ္ေတာထြက္ပစၥည္း၊ သတၱဳတြင္းထြက္ပစၥည္း၊ စက္မႈကုန္ေခ်ာ (CMP) ႏွင့္ အျခားပစၥည္းမ်ား စသည္တို႔ကို တင္ပို႔ေနျခင္းျဖစ္သည္။

 

 

ျမန္မာႏိုင္ငံအေနျဖင့္ ျပည္ပမွ ရင္းႏွီးျမႇဳပ္ႏွံမႈကုန္ပစၥည္း၊ လုပ္ငန္းသုံးကုန္ၾကမ္း ပစၥည္း၊ လူသုံးကုန္ပစၥည္း၊ CMP ကုန္ၾကမ္း ပစၥည္း စသည္တို႔ကို အဓိက တင္သြင္းေနျခင္း ျဖစ္သည္။

 

 

Source: Eleven media

Read 1630 times Last modified on Tuesday, 25 February 2020 17:15
Rate this item
(0 votes)
Tagged under