မင်းဘူး-အမ်း-စစ်တွေ လမ်း အဆင့်မြှင့်တင်

မင်းဘူး-အမ်း-စစ်တွေ လမ်း အဆင့်မြှင့်တင်

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ချမှတ် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများအနက် တစ်ခု ဖြစ်သည့် မင်းဘူး-အမ်း-စစ်တွေ လမ်း အဆင့်မြှင့်တင်ခြင်းသည် နေပြည်တော်-မကွေးမှ ဝင်ရောက်နိုင်သော မင်းဘူး-အမ်း-စစ်တွေ လမ်းဖြစ်ပြီး 

မင်းဘူးမှ ရခိုင်ပြည်နယ်၊ စစ်တွေ အထိ လမ်းအရှည် (၃၀၂) မိုင် (၄) ဖာလုံ ရှိသည်။ မင်းဘူး-အမ်းလမ်းအပိုင်းသည် (၁၀၃) မိုင်( ၁) ဖာလုံရှိပြီး အမ်းမှ စစ်တွေအထိ စုစုပေါင်း လမ်းအရှည် (၁၉၉) မိုင် (၃) ဖာလုံလမ်းအရှည်ရှိသည်။
အဆိုပါလမ်းသည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မြောက်ဦးခရိုင်၊ စစ်တွေ ခရိုင်တို့ကို ဖြတ်သန်း ဖောက်လုပ် ထားခြင်းဖြစ်သည်။
လမ်းတိုးတက်မှု အခြေအနေမှာ မင်းဘူးမှ အမ်းအထိ ကတ္တရာ လမ်း (၁၀၃/၁) မိုင်ရှိသည်။ အမ်း-စစ်တွေ လမ်းပိုင်းတွင် ကွန်ကရစ်လမ်း (၁၁၁/၄) မိုင်၊ ကတ္တရာလမ်း (၈၅/၇) မိုင်နှင့် မြို့တွင်းအပိုင်း နိုင်လွန်ကတ္တရာလမ်း (၂/၀) မိုင်အထိ လမ်းတိုး တက်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။
ယခင်က မင်းဘူးမှ စစ်တွေသို့ ယာဉ်မောင်းချိန် (၁၅) နာရီခန့်ရှိပြီး ယခုအခါ (၁၀) နာရီ ဖြင့် အရောက်သွားနိုင်ပြီ ဖြစ်သည်။ ရန်ကုန်-စစ်တွေလမ်း (အမ်း-စစ်တွေအပိုင်း) မင်းပြားမြို့အနီး မိုင်တိုင် (၉၁/၂) ရှိ ရာမောင်ကြိုးတံတား ဘေးတွင် တံတားဦးစီး ဌာနက (၁၂၈၄) ပေ အရှည်ရှိသော ရာမောင်တံတားသစ်ကြီးကို တည်ဆောက်လျက်ရှိရာ ယခုအခါ တံတားပြီးစီးမှု (၈၀) ရာခိုင်နှုန်းကျော် ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။
နေပြည်တော်-မကွေးမှ ဝင်ရောက်နိုင်သော မင်းဘူး-အမ်း-စစ်တွေလမ်းကို အသုံးပြုပြီး ရခိုင်ပြည်နယ်မှ ထွက်ရှိသော ပင်လယ်ထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် ဒေသထွက်ကုန်များကို မြန်မာနိုင်ငံအတွင်း ဒေသ အသီးသီးသို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ခြင်းကြောင့် ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေပြီး လူနေမှုဘဝများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေမည် ဖြစ်သည်။

MRTV

Read 438 times
Rate this item
(0 votes)