ဘိလပ်မြေလုပ်ငန်းရဲ့ အားသာချက်များနှင့် အားနည်းချက်များ

ဘိလပ်မြေလုပ်ငန်းရဲ့ အားသာချက်များနှင့် အားနည်းချက်များ

စီးပွားရေးလုပ်ငန်းတွေ အတွက် စျေးကွက်ရှာဖွေရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းတွေကို စီမံရန် လုပ်ငန်းအခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာဖို့ အရေးကြီးပါတယ်။

 

၎င်းခွဲခြမ်းစိတ်ဖြာမှုဆိုတာကတော့ စီးပွားရေး သို့မဟုတ် တခြားနယ်ပယ်တွေမှာ “ အားသာချက်များနှင့် အားနည်းချက်များ”ကို ဆန်းစစ်ခြင်းပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ဘိလပ်မြေလုပ်ငန်းရဲ့ အားသာချက်နှင့် အားနည်းချက်ကို ဆန်းစစ်ထားတာပဲ ဖြစ်ပါတယ်။

 

အားသာချက်များ

 

ဘိလပ်မြေလုပ်ငန်းမှာ အားသာချက်များစွာရှိပါတယ်။ ဘိလပ်မြေဆိုတာက ဆောက်လုပ်ရေးလုပ်ငန်းရဲ့ အရေးပါတဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါတယ်။ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေ အားလုံးနီးပါးက ၎င်းရဲ့ အုတ်မြစ်အတွက် ဘိလပ်မြေအပေါ် မှီခိုနေမယ်ဆိုတာ အသေချာပါပဲ။

 

ဘိလပ်မြေလုပ်ငန်းက နှစ်စဉ်ဘိလပ်မြေတင်ပို့နိုင်မှုဖြင့် တိုင်းတာတဲ့ဒေါ်လာ ၁၀ ဘီလီယံတန် လုပ်ငန်းဖြစ်ပါတယ်။ ဘိလပ်မြေက အစိုင်အခဲပစ္စည်းဖြစ်ပြီး ဖောက်သည်များအနေနဲ့ ထုတ်ကုန်နှင့် ပတ်သက်ပြီး စောဒကတက်မှု နည်းပါးတဲ့ ဆောက်လုပ်ရေး ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

 

ဒေသဆိုင်ရာ ဖြန့်ဖြူးရေးစက်ရုံတွေက မည်သည့် ၀ယ်သူမဆို ဘိလပ်မြေကို အကန့်အသတ်မရှိ ကျယ်ပြန့်စွာ ရောင်းချနိုင်ကြပါတယ်။ ဈေးနှုန်းက အချိန်နဲ့လိုက်ပြီး အတက်အကျရှိသော်လည်း ပေါများတဲ့ ထုတ်ကုန်တစ်ခုလို့ ဆိုနိုင်ပါတယ်။

 

အားနည်းချက်

 

ဘိလပ်မြေလုပ်ငန်းနဲ့ ပတ်သက်ပြီး အားနည်းချက်က မရှိသလောက်ရှားပါးပါတယ်။ ပြောရမယ်ဆိုရင် ချို့ယွင်းချက်အနည်းငယ်တော့ ရှိနေပါတယ်။ အမြတ်အစွန်းများရဖို့ ဘိလပ်မြေလုပ်ငန်းက ဆောက်လုပ်ရေး အလုပ်တွေအပေါ်မှာ မှီခိုနေရပါတယ်။

 

ဆောက်လုပ်ရေးလုပ်ငန်းမရှိပါက ဘိလပ်မြေလုပ်ငန်းလည်း ရှိမှာ မဟုတ်ပါဘူး။ သို့သော် ဘိလပ်မြေလုပ်ငန်းက ရာသီဥတုအပေါ်များစွာ မှီခိုနေပါသေးတယ်။ မေလမှ အောက်တိုဘာလအတွင်း ဘိလပ်မြေထုတ်လုပ်မှုရဲ့ သုံးပုံနှစ်ပုံခန့်က ဘိလပ်မြေ ထုတ်လုပ်လေ့ရှိပါတယ်။

 

ဘိလပ်မြေထုတ်လုပ်သူတွေက ဝယ်လိုအားကို ဖြည့်ဆည်းရန် ဘိလပ်မြေကို ထုတ်လုပ်ရန်နှင့် သိုလှောင်ရန် ဆောင်းတွင်းလတွေကို အသုံးပြုလေ့ရှိပါတယ်။ အခြားအားနည်းချက်တစ်ခုကတော့ သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစရိတ်ပဲ ဖြစ်ပါတယ်။

 

ဘိလပ်မြေ သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစရိတ် မြင့်မားခြင်းကြောင့် အမြတ်အစွန်းများများရစေဖို့အတွက် ဈေးကွက်မြှင့်တင်ပြီး ကမ္ဘာအနှံ့ ဖြန့်ချီဖို့က အတားအစီးတစ်ခု သဖွယ် ဖြစ်နေပါတယ်။ ရေကြောင်းဖြင့် ဘိလပ်မြေသယ်ယူပို့ဆောင်ရေးက ၎င်းကိုရောင်းချခြင်းမှရရှိသော အမြတ်ငွေတွေထက် ပိုကုန်ကျစေပါတယ်။

 

Source:BizFluent

Read 514 times
Rate this item
(0 votes)
Tagged under