ဒလတံတားတည်ဆောက်ရေး ဘိုးပိုင်လုပ်ငန်းဆောင်ရွက်စဉ် ရန်ကုန်မြစ်အတွင်း ခြေချော်ပြုတ်ကျသော တရုတ်နိုင်ငံသားအား ရှာဖွေတွေ့ရှိ

ဒလတံတားတည်ဆောက်ရေး ဘိုးပိုင်လုပ်ငန်းဆောင်ရွက်စဉ် ရန်ကုန်မြစ်အတွင်း ခြေချော်ပြုတ်ကျသော တရုတ်နိုင်ငံသားအား ရှာဖွေတွေ့ရှိ

မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားတည်ဆောက်ရေး လုပ်ငန်းခွင်ဖြစ်သည့် ဒလဘက်ခြမ်း ရှိ

ပင်မတံတား ရေလယ်တိုင်အတွက် ဘိုးပိုင်လုပ်ငန်းဆောင်ရွက်နေစဉ် ဇွန်လ ၂၈ ရက်နေ့ ည ၉ နာရီ အချိန်က ညဆိုင်း ပင်မတံတားရေလယ်တိုင် တည်ဆောက်ရေးအဖွဲ့ခေါင်းဆောင် တရုတ်နိုင်ငံသားတစ်ဦး မြစ်အတွင်း ခြေချော်၍ ပြုတ်ကျမှုဖြစ်ပွားခဲ့ရာ ယနေ့ မွန်းလွဲ ၂ နာရီက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ရှာဖွေရေး ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၃)ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ ရေကြောင်းရဲတပ်ဖွဲ့စု (ရန်ကုန်) မှ ရဲအုပ်ကျော်မိုးဟိန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဗိုလ်တထောင်မြို့နယ် ရဲစခန်းမှ ဒုရဲအုပ်မျိုးမင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တံတားစီမံကိန်း တည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါသည့် Speed Boat (၂)စီး၊ ဒလမြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေရေး လှေငယ်(၁)စီး၊ 

 

မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ စက်တပ်သမ္ဗန် (၁)စီး တို့ဖြင့် ရန်ကုန်မြစ်အတွင်း ပိုက်စိပ်တိုက် ရှာဖွေခဲ့ရာ ယနေ့မွန်းလွဲပိုင်း ၂ နာရီ အချိန်တွင် ကမာကသွယ် စက်တပ်သမ္ဗန်ကူးတို့ဆိပ်အနီး တွေ့ရှိခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက အဆိုပါ တရုတ်အမျိုးသား(အလောင်း)အား စက်လှေဖြင့် ဝါးတန်းဆိပ်ကမ်းသို့ သယ်ယူခဲ့ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကနဦးသိရသည်။

 

moi.gov.mm

Read 1137 times Last modified on Monday, 06 July 2020 12:18
Rate this item
(1 Vote)