ကန်ဒေါ်လာ ၂.၁၅ ဘီလီယံ အကုန်ကျခံ တည်ဆောက်မည့် ရန်ကုန်ဘူတာကြီး စီမံကိန်း

ကန်ဒေါ်လာ ၂.၁၅ ဘီလီယံ အကုန်ကျခံ တည်ဆောက်မည့် ရန်ကုန်ဘူတာကြီး စီမံကိန်း

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် တည်ရှိသည့် ရန်ကုန်ဘူတာကြီး ဖွံ့ဖြိုးရေး စီမံကိန်းကို (၂၀၁၉- ၂၀၂၀) ဘဏ္ဍာနှစ်တွင် စတင်ခဲ့ပြီး (၂၀၂၆- ၂၀၂၇) ဘဏ္ဍာနှစ်တွင် ပြီးဆုံးမည်ဟု ခန့်မှန်းထားသည်။ 

 

အဆိုပါ ဖွံ့ဖြိုးရေး စီမံကိန်းကို မြန်မာ့မီးရထား၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က တာဝန်ခံအဖြစ် ဆောင်ရွက်ခြင်း ဖြစ်ပြီး လက်ရှိတွင် ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်လျက် ရှိကာ ကုန်ကျစရိတ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၁၅ ဘီလီယံခန့် လျာထားကြောင်း သိရသည်။

 

ရန်ကုန်မြို့လယ်ရှိ ၂၅.၇ ဟက်တာ ကျယ်ဝန်းသော နေရာတွင် ရန်ကုန်ဘူတာကြီးကို အိမ်ရာနှင့် စီးပွားရေးစင်တာများ ပါ၀င်သော ဗဟိုသယ်ယူပို့ဆောင်ရေး အချက်အချာနေရာအသစ်တစ်ခုအဖြစ် ပြောင်းလဲ လုပ်ဆောင်မည် ဖြစ်သည်။

 

ရန်ကုန်ဘူတာကြီးကို ၁၉၅၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုခတ်ကအတိုင်း ရှေးပုံစံမပျက်အောင် ပြန်လည် တည်ဆောက်မည် ဖြစ်ကာ ရထားလမ်းပေါ်တွင် တည်ဆောက်ထားသော ဘူတာရုံအသစ်နှင့် ချိတ်ဆက်ခြင်းအားဖြင့် အမွေအနှစ်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို ရောနှော ပေါင်းစပ်သွားစေမည် ဖြစ်သည်။

 

စီးပွားရေး အဆောက်အအုံများ၊ ဈေးဝယ်စင်တာများ၊ ဟိုတယ်များနှင့် အိမ်ရာတိုက်ခန်းများအပြင် စိမ်းလန်းသောဥယျာဉ်နှင့် ရထားလမ်းပြတိုက်တို့ ပါ၀င်မည် ဖြစ်ပြီး မှုဖွံ့ဖြိုးတိုးတက်မှုဇုန် (၆) ခု ပါဝင်သည်။

 

ရန်ကုန်ဘူတာကြီး ရထားလမ်းနှင့် အခြားအနီးအနားရှိ အထင်ကရအဆောက်အအုံများ၏ အမွေအနှစ်တန်ဖိုးကို ထိန်းသိမ်းထားနိုင်ရုံသာမကပဲ စီမံကိန်းသည် လုံခြုံစိတ်ချရသော၊ အကျိုးရှိစွာနှင့် အဆင်ပြေသော သယ်ယူပို့ဆောင်ရေးအဖြစ် ပံ့ပိုးပေးလိမ့်မည် ဖြစ်သည်။

 

၎င်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးအကူးအပြောင်းကာလကို ဦးတည်သည့် ဖွံ့ဖြိုးမှုတစ်ခု ဖြစ်လာနိုင်ပြီး အထူးသဖြင့် ရထားလမ်းတစ်လျောက်တွင် လူနေအိမ်များသာမကပဲ စီးပွားရေးနှင့် အပန်းဖြေနေရာများကို သယ်ဆောင်လာလိမ့်မည်။

 

စီမံကိန်းအကြောင်း အသေးစိတ်ကို မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးညီညီဆွေ၊ ဖုန်းနံပါတ်: 067 77025၊ အီးမေးလ်: This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

 

Su Mon Oo ( Mine )

Read 6392 times
Rate this item
(2 votes)