လျှပ်စစ်ဓာတ်အားကို ပင်လယ်ရေအောက်ကေဘယ်ကြိုးဖြင့် စင်ကာပူသို့ တင်ပို့ရန် သြစတြေးလျစီစဉ်

လျှပ်စစ်ဓာတ်အားကို ပင်လယ်ရေအောက်ကေဘယ်ကြိုးဖြင့် စင်ကာပူသို့ တင်ပို့ရန် သြစတြေးလျစီစဉ်

၃.၈၀၀ ကီလိုမီတာ ရေအောက်ကေဘယ်ကြိုးမှ တစ်ဆင့် သြစတြေးလျရှိ ဧရာမနေရောင်ခြည်စွမ်းအင်

ထုတ်လုပ်မှုတစ်ခုမှ စင်ကာပူသို့ လျှပ်စစ်ဓာတ်အား တင်ပို့ရန် ရည်မှန်းချက်ကြီးမားသော အစီအစဉ်အတွက် မကြာမီ ဆာဗေးလုပ်ငန်းကို စတင်တော့မည်ဖြစ်သည်။

Atlassian ပူးတွဲတည်ထောင်သူ Mike Cannon-Brookes နှင့် Fortescue Metals ကိုတည်ထောင်သူ Andrew Forrest တို့က ကျောထောက်နောက်ခံပေးထားသည့် Sun Cable စီမံကိန်းအား ဩစတေးလျ Perth မြို့ အခြေစိုက် Guardian Geomatics အား မြင့်မားသော ဗို့အားနှင့် လျှပ်စီးကေဘယ်အတွက် လမ်းကြောင်းရှာဖွေရန် စာချုပ်ချုပ်ဆိုခဲ့သည်။ 
“ ဒီကနဦး စစ်တမ်းဟာ အာရှသို့ နေရောင်ခြည် တင်ပို့ပေးမယ့် ဒေါ်လာဘီလီယံချီသောစီမံကိန်းဆီသို့ အဓိကခြေလှမ်း ဖြစ်ပါတယ်" ဟု Guardian Geomatics သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီမံကိန်းသည် စင်ကာပူနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်၏ ငါးပုံတစ်ပုံကို စွမ်းအင်ဖြည့်ဆည်းပေးနိုင်ပြီး သဘာဝဓာတ်ငွေ့တင်သွင်းမှုအပေါ် မှီခိုမှုကို လျှော့ချနိုင်သည်ဟု Sun Cable ကပြောကြားသည်။ စင်ကာပူအပြင် အင်ဒိုနီးရှားနှင့် ချိတ်ဆက်ရန်လည်း အစီအစဉ်ရှိသည်။

Cannon-Brookes နှင့် Forrest တို့နှင့် ချိတ်ဆက်ထားသောရန်ပုံငွေများသည် ပြီးခဲ့သည့်နိုဝင်ဘာလက စီမံကိန်းအတွက် အရင်းအနှီး တိုးမြှင့်ခဲ့သည်။ စုစုပေါင်း အရင်းအနှီး ကုန်ကျစရိတ်ကို (ဒေါ်လာ ၁၃.၁ ဘီလီယံ) ရှိမည် ဖြစ်ပြီး စီးပွားဖြစ် လုပ်ကိုင်ခြင်းကို ၂၀၂၇ ခုနှစ်တွင် စတင်မည်ဖြစ်သည်။

သြစတြေးလျနိုင်ငံ မြောက်ပိုင်းနယ်မြေ ဒါဝင်မြို့အနီးတွင် ၅၀ မဂ္ဂါဝပ် ကြီးမားသည့် ဘက်ထရီတပ်ဆင်ရန် ကုမ္ပဏီက လုပ်ဆောင်နေသည်။ အဆိုပါစက်ရုံသည် ပြည်တွင်း power grid သို့အရန်၀ န်ဆောင်မှုများကို စစချင်းမှာ ထောက်ပံ့ပေးလိမ့်မည် ဖြစ်သော်လည်း နောက်ဆုံးတွင်သြစတြေးလျ - အာဆီယံ ပါဝါဆက်သွယ်ရေးစီမံကိန်းကို ထောက်ပံ့ရန်အတွက် ပိုမိုကြီးမားသောသိုလှောင်မှုစနစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မည်။ ဆောက်လုပ်ရေးကို ၂၀၂၁ ခုနှစ်တွင်စတင်ရန်လျာထားပြီး ၂၀၂၂ ခုနှစ်တွင် ဘက်ထရီကို စတင်အသုံးပြုရန် လျာထားသည်။

https://www.bangkokpost.com/

ZAWGYI








Read 864 times Last modified on Wednesday, 27 May 2020 12:29
Rate this item
(0 votes)