မလေးရှားတွင် ဆောက်လုပ်ရေးလုပ်ငန်း ပြည်ပလုပ်သားများ အဆောင်မှာ ကိုဗစ်ကူးစက်

မလေးရှားတွင် ဆောက်လုပ်ရေးလုပ်ငန်း ပြည်ပလုပ်သားများ အဆောင်မှာ ကိုဗစ်ကူးစက်

အကြီးတန်း၀ န်ကြီး(အခြေခံအဆောက်အအုံ) Fadillah Yusof သည် ကန်ထရိုက်တာများအား သူတို့၏လုပ်သားများကို နေရာထိုင်ခင်းများ လိုအပ်သလိုပေးအပ်ရန် အတွက်

တာ၀န်ရှိသူများအားအာဏာပိုင်များ၏ လမ်းညွှန်ချက်များနှင့် ဥပဒေများနှင့် ကိုက်ညီစေရန် သတိပေးခဲ့သည်။

ကွာလာလမ်ပူရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လူ ၄၄ ဦး ပါ ၀ င်သည့် နောက်ဆုံးဖြစ်ပွားသည့် Covid-19 အစုအပြုံ ကူးစက်မှုနှင့် ပတ်သက်၍ ပြည်ပလုပ်သား ၄၃ ဦး နှင့် နိုင်ငံသားလုံခြုံရေးအစောင့်တစ်ဦးနှင့်ပတ်သက်ပြီး Fadillah က ယခုလို သတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

Covid-19 စစ်ဆေးမှုအတွက် ကန်ထရိုက်တာသည် အလုပ်စတင်ရန် ပြင်ဆင်မှုများအနေဖြင့်အလုပ်သမား ၄၀၀ ကို စေလွှတ်ပြီးနောက် ၎င်းအတည်ပြု လူနာများကို တွေ့ရှိခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းအတွက် စံလည်ပတ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများ (SOPs) အရ ဆေးစစ်ဆေးပေးခြင်း လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ယခုကာလသည် အသွားအလာ ကန့်သတ် သတ်မှတ်ချက် conditional movement control order (CMCO) ပြုထားသည့် ကာလဖြစ်သည်။
အတည်ပြုလူနာများကို ရှာဖွေတွေ့ရှိချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းသည် စတင်လည်ပတ်ခြင်း မပြုသေးခင်မှာ ဖြစ်ကြောင်း Fadillah က ပြောကြားခဲ့သည်။

သူက ပြောကြားသည်မှာ အလုပ်သမားများ၏ kongsi (နေထိုင်ရာအဆောင်) အပါအ၀င် လုပ်ငန်းခွင်နေရာကို သန့်ရှင်းရေးနှင့် ပိုးသတ်ရန်အတွက် ပိတ်ထားရန် ညွှန်ကြားထားခြင်းဖြစ်သည်။

အလုပ်သမား ၂၀၀ ခန့် quarantine ဝင်နေကြပြီး ၄၄ ဦး ဆေးကုသမှု ခံယူနေရသည်။

အလုပ်သမားများသည် သူတို့နေထိုင်ရာနေရာတွင် ပူးပူးကပ်ကပ် နေထိုင်ကြရသဖြင့်
လူလူချင်း ဝေးကွာခြင်းကို မဖြစ်နိုင်ကြောင်း သူက ပြောကြားခဲ့သည်။

စုစုပေါင်းလုပ်သား ၂၂၈ ယောက်သည် ဆောက်လုပ်ရေးနေရာနှင့် ကပ်လျက်တွင် တည်ရှိသည့် kongsi (နေထိုင်ရာအဆောင်) တွင် နေထိုင်ကြသည်။

၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သော ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအစီအစဉ်သည် အလုပ်သမားများ၏ နေရာထိုင်ခင်းအတွက် အနိမ့်ဆုံးစံသတ်မှတ်ချက်ကို အလေးထားပြဌာန်းခဲ့သည်။

ဤလိုအပ်ချက်များကို မလေးရှားရှိ ဆောက်လုပ်ရေးလုပ်သားများ အဆင်ပြေချောမွေ့စေရန်နှင့်နေထိုင်ရန် စံနှုန်းနှင့် အလုပ်သမားများ၏ အနိမ့်ဆုံးအိမ်ရာနှင့် သာယာအဆင်ပြေမှုများ အက်ဥပဒေ (အက်ဥပဒေ ၄၆၆) တွင် ဖော်ပြထားသည်။

“ ဥပဒေက အလုပ်သမားတွေကို လုံလောက်တဲ့ သာယာအဆင်ပြေမှုများနဲ့ သင့်တော်တဲ့နေရာထိုင်ခင်းပေးထားတာ သေချာစေဖို့မှာ အလုပ်ရှင်တွေရဲ့တာဝန်ဖြစ်တယ်လို့ ပြဌာန်းပေးထားတယ်" ဟု သူက ရှင်းပြသည်။

 

အကြီးတန်းဝန်ကြီး (အခြေခံအဆောက်အအုံ) Fadillah Yusof ။

အလုပ်သမားများ နေထိုင်ရာနေရာများတွင် Covid-19 ပျံ့နှံ့ခြင်း မရှိစေရန် CMCO နှင့်အတူအခြား SOP များနှင့်အတူ ဤလိုအပ်ချက်ကို ပိုမို၍ အားဖြည့်တင်းပေးနေသည်။

သူက သက်ဆိုင်ရာဥပဒေနှင့် SOP များကို လိုက်နာရန်ပျက်ကွက်ခဲ့သည့် ကန်ထရိုက်တာများ လုပ်န်းများ ပြန်လည်လည်ပတ်ခြင်းကို တားမြစ်မည်ဖြစ်ပြီး ၎င်းတို့အား အရေးယူမှုများပင် ပြုလုပ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ဘုတ်အဖွဲ့ Construction Industry Development Board ((CIDB) သည် ကန်ထရိုက်တာ၏ လုပ်ငန်းမှတ်ပုံတင်ကို ရပ်ဆိုင်းနိုင်သည် သို့မဟုတ် ဖျက်သိမ်းနိုင်သည်ဟု ဆိုသည်။

Fovillah ကပြောကြားရာတွင် Covid-19 လွန်ကာလ ရှေ့သို့ဆက်သွားခြင်းသည် ဆောက်လုပ်ရေးကုမ္ပဏီများအတွက် စျေးပေါသော နိုင်ငံခြားလုပ်သားများအစား ကျွမ်းကျင်လုပ်သားများ၊ နိုင်ငံသားလုပ်သားများအတွက် ရင်းနှီးမြှုပ်နှံခြင်းနှင့် စက်မှုဆိုင်ရာ အဆောက်အအုံစနစ် Industrialised Building System (IBS) အပါအ၀င် နည်းပညာများ သုံးစွဲခြင်းတို့ ပြုကြရမည်ဟု သူက ဆိုသည်။

 

ZAWGYI

 

 

မေလးရွားတြင္ ေဆာက္လုပ္ေရးလုပ္သားမ်ား အေဆာင္မွာ ကိုဗစ္ကူးစက္

အႀကီးတန္း၀ န္ႀကီး(အေျခခံအေဆာက္အအုံ) Fadillah Yusof သည္ ကန္ထ႐ိုက္တာမ်ားအား သူတို႔၏လုပ္သားမ်ားကို ေနရာထိုင္ခင္းမ်ား လိုအပ္သလိုေပးအပ္ရန္ တာ၀န္ရွိသူမ်ားအားအာဏာပိုင္မ်ား၏ လမ္းၫႊန္ခ်က္မ်ားႏွင့္ ဥပေဒမ်ားႏွင့္ ကိုက္ညီေစရန္ သတိေပးခဲ့သည္။

ကြာလာလမ္ပူရွိ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွ လူ ၄၄ ဦး ပါ ၀ င္သည့္ ေနာက္ဆုံးျဖစ္ပြားသည့္ Covid-19 အစုအၿပဳံ ကူးစက္မႈႏွင့္ ပတ္သက္၍ ျပည္ပလုပ္သား ၄၃ ဦး ႏွင့္ ႏိုင္ငံသားလုံၿခဳံေရးအေစာင့္တစ္ဦးႏွင့္ပတ္သက္ၿပီး Fadillah က ယခုလို သတိေပးေျပာၾကားခဲ့ျခင္း ျဖစ္သည္။

Covid-19 စစ္ေဆးမႈအတြက္ ကန္ထ႐ိုက္တာသည္ အလုပ္စတင္ရန္ ျပင္ဆင္မႈမ်ားအေနျဖင့္အလုပ္သမား ၄၀၀ ကို ေစလႊတ္ၿပီးေနာက္ ၎အတည္ျပဳ လူနာမ်ားကို ေတြ႕ရွိခဲ့သည္။

ေဆာက္လုပ္ေရးလုပ္ငန္းအတြက္ စံလည္ပတ္မႈဆိုင္ရာလုပ္ထုံးလုပ္နည္းမ်ား (SOPs) အရ ေဆးစစ္ေဆးေပးျခင္း လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။ ယခုကာလသည္ အသြားအလာ ကန႔္သတ္ သတ္မွတ္ခ်က္ conditional movement control order (CMCO) ျပဳထားသည့္ ကာလျဖစ္သည္။
အတည္ျပဳလူနာမ်ားကို ရွာေဖြေတြ႕ရွိခ်ိန္တြင္ ေဆာက္လုပ္ေရးလုပ္ငန္းသည္ စတင္လည္ပတ္ျခင္း မျပဳေသးခင္မွာ ျဖစ္ေၾကာင္း Fadillah က ေျပာၾကားခဲ့သည္။

သူက ေျပာၾကားသည္မွာ အလုပ္သမားမ်ား၏ kongsi (ေနထိုင္ရာအေဆာင္) အပါအ၀င္ လုပ္ငန္းခြင္ေနရာကို သန႔္ရွင္းေရးႏွင့္ ပိုးသတ္ရန္အတြက္ ပိတ္ထားရန္ ၫႊန္ၾကားထားျခင္းျဖစ္သည္။

အလုပ္သမား ၂၀၀ ခန႔္ quarantine ဝင္ေနၾကၿပီး ၄၄ ဦး ေဆးကုသမႈ ခံယူေနရသည္။

အလုပ္သမားမ်ားသည္ သူတို႔ေနထိုင္ရာေနရာတြင္ ပူးပူးကပ္ကပ္ ေနထိုင္ၾကရသျဖင့္
လူလူခ်င္း ေဝးကြာျခင္းကို မျဖစ္ႏိုင္ေၾကာင္း သူက ေျပာၾကားခဲ့သည္။

စုစုေပါင္းလုပ္သား ၂၂၈ ေယာက္သည္ ေဆာက္လုပ္ေရးေနရာႏွင့္ ကပ္လ်က္တြင္ တည္ရွိသည့္ kongsi (ေနထိုင္ရာအေဆာင္) တြင္ ေနထိုင္ၾကသည္။

၂၀၁၆ ခုႏွစ္တြင္ စတင္ခဲ့ေသာ ေဆာက္လုပ္ေရးလုပ္ငန္းဆိုင္ရာ ျပဳျပင္ေျပာင္းလဲေရးအစီအစဥ္သည္ အလုပ္သမားမ်ား၏ ေနရာထိုင္ခင္းအတြက္ အနိမ့္ဆုံးစံသတ္မွတ္ခ်က္ကို အေလးထားျပဌာန္းခဲ့သည္။

ဤလိုအပ္ခ်က္မ်ားကို မေလးရွားရွိ ေဆာက္လုပ္ေရးလုပ္သားမ်ား အဆင္ေျပေခ်ာေမြ႕ေစရန္ႏွင့္ေနထိုင္ရန္ စံႏႈန္းႏွင့္ အလုပ္သမားမ်ား၏ အနိမ့္ဆုံးအိမ္ရာႏွင့္ သာယာအဆင္ေျပမႈမ်ား အက္ဥပေဒ (အက္ဥပေဒ ၄၆၆) တြင္ ေဖာ္ျပထားသည္။

“ ဥပေဒက အလုပ္သမားေတြကို လုံေလာက္တဲ့ သာယာအဆင္ေျပမႈမ်ားနဲ႔ သင့္ေတာ္တဲ့ေနရာထိုင္ခင္းေပးထားတာ ေသခ်ာေစဖို႔မွာ အလုပ္ရွင္ေတြရဲ႕တာဝန္ျဖစ္တယ္လို႔ ျပဌာန္းေပးထားတယ္" ဟု သူက ရွင္းျပသည္။

အလုပ္သမားမ်ား ေနထိုင္ရာေနရာမ်ားတြင္ Covid-19 ပ်ံ႕ႏွံ႔ျခင္း မရွိေစရန္ CMCO ႏွင့္အတူအျခား SOP မ်ားႏွင့္အတူ ဤလိုအပ္ခ်က္ကို ပိုမို၍ အားျဖည့္တင္းေပးေနသည္။

သူက သက္ဆိုင္ရာဥပေဒႏွင့္ SOP မ်ားကို လိုက္နာရန္ပ်က္ကြက္ခဲ့သည့္ ကန္ထ႐ိုက္တာမ်ား လုပ္န္းမ်ား ျပန္လည္လည္ပတ္ျခင္းကို တားျမစ္မည္ျဖစ္ၿပီး ၎တို႔အား အေရးယူမႈမ်ားပင္ ျပဳလုပ္လိမ့္မည္ဟု ေျပာၾကားခဲ့သည္။

ေဆာက္လုပ္ေရးလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္မႈ ဘုတ္အဖြဲ႕ Construction Industry Development Board ((CIDB) သည္ ကန္ထ႐ိုက္တာ၏ လုပ္ငန္းမွတ္ပုံတင္ကို ရပ္ဆိုင္းႏိုင္သည္ သို႔မဟုတ္ ဖ်က္သိမ္းႏိုင္သည္ဟု ဆိုသည္။

Fovillah ကေျပာၾကားရာတြင္ Covid-19 လြန္ကာလ ေရွ႕သို႔ဆက္သြားျခင္းသည္ ေဆာက္လုပ္ေရးကုမၸဏီမ်ားအတြက္ ေစ်းေပါေသာ ႏိုင္ငံျခားလုပ္သားမ်ားအစား ကြၽမ္းက်င္လုပ္သားမ်ား၊ ႏိုင္ငံသားလုပ္သားမ်ားအတြက္ ရင္းႏွီးျမႇဳပ္ႏွံျခင္းႏွင့္ စက္မႈဆိုင္ရာ အေဆာက္အအုံစနစ္ Industrialised Building System (IBS) အပါအ၀င္ နည္းပညာမ်ား သုံးစြဲျခင္းတို႔ ျပဳၾကရမည္ဟု သူက ဆိုသည္။

 

Read 369 times Last modified on Wednesday, 27 May 2020 09:41
Rate this item
(0 votes)