Covid-19 တွေ့ရှိသူ ပုဂ္ဂလိကဆေးခန်းရှိရာ အင်းယားလိတ်ဟိုတယ်ဝန်းကို Lockdown ချ

Covid-19 တွေ့ရှိသူ ပုဂ္ဂလိကဆေးခန်းရှိရာ အင်းယားလိတ်ဟိုတယ်ဝန်းကို Lockdown ချ google

ယနေ့ညတွင် အသစ်ထပ်မံတွေ့ရှိခဲ့သော COVID-19 ရောဂါပိုးတွေ့ရှိသူ အလုပ်လုပ်ကိုင်သည့် ပုဂ္ဂလိက ဆေးခန်းရှိရာ အင်းယားလိတ်ဟိုတယ်ဝန်းကို Lockdown လုပ်ရန် ဆောင်ရွက်လျက်ရှိနေကြောင်း မရမ်းကုန်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးရန်ရှင်းက ဧရာဝတီသို့ အတည်ပြုပြောသည်။

 

အသက် ၄၅ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးသည် ရန်ကုန်မြို့နယ် မရမ်းကုန်းမြို့နယ် အင်းယားလိတ် ဟိုတယ်ဝန်း အတွင်းရှိ နိုင်ငံခြားသားများကို ကျန်းမာရေးဝန်ဆောင်မှုပေးနေသော International SOS Clinic တွင် အလုပ်လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

 

ဦးရန်ရှင်းက “SOS ဆေးခန်းက အဲ့ဒီဝင်းထဲမှာဆိုတော့ လိုအပ်သလို Lockdown လုပ်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

 

>>>ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းများ ချက်ချင်းပိတ်သိမ်းမည့် အစီအစဉ်မရှိသေး<<<

 

အဆိုပါလူနာ၏ နေအိမ်သည် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဆရာစံမြောက်အနောက်ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က အတည်ပြုသည်။

 

လက်ရှိအချိန်တွင် လူနာ၏နေအိမ်သို့ သွားရောက်စစ်ဆေးရာတွင် ယင်းနေအိမ်သည် ပိတ်ထားကာ ၎င်းတို့မိသားစု မနေထိုင်သည်မှာ နှစ်လနီးပါးရှိနေပြီဟု အိမ်နီးချင်များက ပြောကြကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ယင်းနေရာသို့ ရောက်ရှိနေသော ဧရာဝတီ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

 

ယင်းကိစ္စ နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဧရာဝတီက သီးခြားအတည်ပြုချက်တော့ မရရှိသေးပေ။

 

ဥပဒေအကြံပေးလုပ်ငန်းပေါင်း ၁၄၉ ခုကို ရှာရန်နှိပ်ပါ

 

သို့သော်လည်း International SOS Clinic Yangon ကလည်း ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာတာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်ကို လိုက်နာသွားမည်ဖြစ်ပြီး ဆေးခန်းကို သတ်မှတ်ပေးထားသော ကာလအထိ ပိတ်ပေးသွားမည်ဖြစ်ကြောင်း ဆေးခန်းဖွင့်လှစ်သည့်အချိန်တွင် တယ်လီဖုန်းဖြင့်သာ ဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လွန်ခဲ့သော မိနစ်ပိုင်းက ဆေးခန်း၏ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ကြေညာခဲ့သည်။

 

ယနေ့ည ရောဂါပိုးတွေ့ရှိသူသည် (၂၇-၃-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း စသော လက္ခဏာများ ခံစားခဲ့ရသဖြင့် (၃၀-၃-၂၀၂၀) ရက်နေ့တွင် ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်ပြသခဲ့ရာ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးသို့ ညွှန်းပို့ခဲ့၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိကာ ဆေးကုသမှုဆောင်ရွက်ခဲ့ပြီး ယခုတွင် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

 

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် COVID 19 ရောဂါပိုးတွေ့ရှိသူ ၁၅ ဦးအထိရှိလားပြီး နိုင်ငံခြားသား ၄ ဦး နှင့် မြန်မာနိုင်ငံသား ၁၁ ဦးဖြစ်ကာ ယနေ့မနက်၌ COVID 19 ရောဂါပိုး ကူးစက်ခံထားရသည့် မြန်မာနိုင်ငံသား တစ်ဦး သေဆုံးသွားပြီဖြစ်သည်။

 

Source: burma irrawaddy

 

 

---Zawgyi---

 

Covid-19 ေတြ႕ရွိသူ ပုဂၢလိကေဆးခန္းရွိရာ အင္းယားလိတ္ဟိုတယ္ဝန္းကို Lockdown ခ်

 

ယေန႔ညတြင္ အသစ္ထပ္မံေတြ႕ရွိခဲ့ေသာ COVID-19 ေရာဂါပိုးေတြ႕ရွိသူ အလုပ္လုပ္ကိုင္သည့္ ပုဂၢလိက ေဆးခန္းရွိရာ အင္းယားလိတ္ဟိုတယ္ဝန္းကို Lockdown လုပ္ရန္ ေဆာင္႐ြက္လ်က္ရွိေနေၾကာင္း မရမ္းကုန္းၿမိဳ႕နယ္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ဦးရန္ရွင္းက ဧရာဝတီသို႔ အတည္ျပဳေျပာသည္။

 

အသက္ ၄၅ ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသမီးသည္ ရန္ကုန္ၿမိဳ႕နယ္ မရမ္းကုန္းၿမိဳ႕နယ္ အင္းယားလိတ္ ဟိုတယ္ဝန္း အတြင္းရွိ ႏိုင္ငံျခားသားမ်ားကို က်န္းမာေရးဝန္ေဆာင္မႈေပးေနေသာ International SOS Clinic တြင္ အလုပ္လုပ္ကိုင္သူျဖစ္ေၾကာင္း သိရသည္။

 

ဦးရန္ရွင္းက “SOS ေဆးခန္းက အဲ့ဒီဝင္းထဲမွာဆိုေတာ့ လိုအပ္သလို Lockdown လုပ္ဖို႔ ေဆာင္႐ြက္ေနပါတယ္” ဟု ေျပာသည္။

 

အဆိုပါလူနာ၏ ေနအိမ္သည္ ရန္ကုန္တိုင္း ဗဟန္းၿမိဳ႕နယ္ ဆရာစံေျမာက္အေနာက္ရပ္ကြက္တြင္ ေနထိုင္သူျဖစ္ေၾကာင္း ဗဟန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းျမင့္က အတည္ျပဳသည္။

 

လက္ရွိအခ်ိန္တြင္ လူနာ၏ေနအိမ္သို႔ သြားေရာက္စစ္ေဆးရာတြင္ ယင္းေနအိမ္သည္ ပိတ္ထားကာ ၎တို႔မိသားစု မေနထိုင္သည္မွာ ႏွစ္လနီးပါးရွိေနၿပီဟု အိမ္နီးခ်င္မ်ားက ေျပာၾကေၾကာင္း သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ ယင္းေနရာသို႔ ေရာက္ရွိေနေသာ ဧရာဝတီ၏ သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

 

ယင္းကိစၥ ႏွင့္ ပတ္သက္ၿပီး သက္ဆိုင္ရာ တာဝန္ရွိသူမ်ား ႏွင့္ ဧရာဝတီက သီးျခားအတည္ျပဳခ်က္ေတာ့ မရရွိေသးေပ။

 

သို႔ေသာ္လည္း International SOS Clinic Yangon ကလည္း ထိုျဖစ္စဥ္ႏွင့္ ပတ္သက္၍ ျမန္မာတာဝန္ရွိသူမ်ား၏ ဆုံးျဖတ္ခ်က္ကို လိုက္နာသြားမည္ျဖစ္ၿပီး ေဆးခန္းကို သတ္မွတ္ေပးထားေသာ ကာလအထိ ပိတ္ေပးသြားမည္ျဖစ္ေၾကာင္း ေဆးခန္းဖြင့္လွစ္သည့္အခ်ိန္တြင္ တယ္လီဖုန္းျဖင့္သာ ဆက္သြယ္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း လြန္ခဲ့ေသာ မိနစ္ပိုင္းက ေဆးခန္း၏ လူမႈကြန္ရက္စာမ်က္ႏွာမွ တဆင့္ ေၾကညာခဲ့သည္။

 

ယေန႔ည ေရာဂါပိုးေတြ႕ရွိသူသည္ (၂၇-၃-၂၀၂၀) ရက္ေန႔တြင္ ဖ်ားျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေခ်ာင္းဆိုးျခင္း စေသာ လကၡဏာမ်ား ခံစားခဲ့ရသျဖင့္ (၃၀-၃-၂၀၂၀) ရက္ေန႔တြင္ ဗဟန္းၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနသို႔ သြားေရာက္ျပသခဲ့ရာ ရန္ကုန္အေနာက္ပိုင္းေဆး႐ုံႀကီးသို႔ ၫႊန္းပို႔ခဲ့၍ ေစာင့္ၾကည့္လူနာအျဖစ္ သီးသန႔္ထားရွိကာ ေဆးကုသမႈေဆာင္႐ြက္ခဲ့ၿပီး ယခုတြင္ ေဝဘာဂီအထူးကုေဆး႐ုံႀကီးသို႔ ေျပာင္းေ႐ႊ႕ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိၿပီး လတ္တေလာ က်န္းမာေရးအေျခအေနမွာ ေကာင္းမြန္လ်က္ရွိပါသည္။

 

လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံတြင္ COVID 19 ေရာဂါပိုးေတြ႕ရွိသူ ၁၅ ဦးအထိရွိလားၿပီး ႏိုင္ငံျခားသား ၄ ဦး ႏွင့္ ျမန္မာႏိုင္ငံသား ၁၁ ဦးျဖစ္ကာ ယေန႔မနက္၌ COVID 19 ေရာဂါပိုး ကူးစက္ခံထားရသည့္ ျမန္မာႏိုင္ငံသား တစ္ဦး ေသဆုံးသြားၿပီျဖစ္သည္။

 

Source: burma irrawaddy

 

Read 669 times
Rate this item
(0 votes)
Tagged under