ရန်ကုန်လေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင် လေယာဉ်များ ဆိုက်ရောက်ခွင့် ရပ်ဆိုင်းမည်

ရန်ကုန်လေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင် လေယာဉ်များ ဆိုက်ရောက်ခွင့် ရပ်ဆိုင်းမည် google

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မြန်မာနိုင်ငံအတွင်းရှိ လေဆိပ်များတွင် အပြည်အပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို မတ်လ ၃၀ ရက် မြန်မာနိုင်ငံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်မှ စတင်ရပ်ဆိုင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

(COVID-19) ရောဂါပြန့်ပွားမှု ကာကွယ်ရေးစီမံချက်အနေဖြင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယခင်ဆင်းသက်ပျံသန်းခွင့်ပြုထားသော နိုင်ငံတကာလေကြောင်းခရီးစဉ်များအားလုံးကို ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါ ယာယီဆိုင်းငံ့ချက်သည် ကယ်ဆယ်ရေးလေယာဉ်များ၊ ကုန်တင်လေယာဉ်များ၊ ဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးလေယာဉ်များနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အထူးခွင့်ပြုမည့် လေယာဉ်များ မပါဝင်ကြောင်း သိရသည်။

 

 

သို့သော် လေယာဉ်များအနေဖြင့် ညရပ်နားမှုရှိခဲ့ပါက လေယာဉ်ပေါ်တွင် လိုက်ပါလာသော လေယာဉ်အမှုထမ်း၊ ဝန်ထမ်းများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ သီးသန့်စောင့်ကြပ်ကြည့်ရှုမှုကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။

 

 

မီးဖိုချောင်သုံးပစ္စည်း လုပ်ငန်းပေါင်း ၇ ခုကို ရှာရန်နှိပ်ပါ

 

 

အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့် ရပ်ဆိုင်းခြင်းကို ဧပြီလ ၁၃ ရက်အထိ သတ်မှတ်ထားကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စီမံခန့်ခွဲလျက်ရှိသော Yangon Aerodrome Co., Ltd ၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

 


ယခုလက်ရှိတွင် (COVID-19) ရောဂါ ဖြစ်ပွားသူ ၁၀ ဦးရှိ၍ စောင့်ကြည့်လူနာ ၄၇၅ ဦး ရှိနေပြီဖြစ်သည်။

 

 

Source: MOI

 

 

 

 

 

---Zawgyi---

 

 

ရန္ကုန္ေလဆိပ္၌ အျပည္ျပည္ဆိုင္ရာခရီးသည္တင္ ေလယာဥ္မ်ား ဆိုက္ေရာက္ခြင့္ ရပ္ဆိုင္းမည္

 

 

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ႏွင့္ ျမန္မာႏိုင္ငံအတြင္းရွိ ေလဆိပ္မ်ားတြင္ အျပည္အျပည္ဆိုင္ရာ ခရီးသည္တင္ေလယာဥ္မ်ား ဆိုက္ေရာက္ခြင့္ကို မတ္လ ၃၀ ရက္ ျမန္မာႏိုင္ငံေတာ္ခ်ိန္ ၂၃ နာရီ ၅၉ မိနစ္မွ စတင္ရပ္ဆိုင္းမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံက်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနႏွင့္ ေလေၾကာင္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနတို႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။

 

 

(COVID-19) ေရာဂါျပန္႔ပြားမႈ ကာကြယ္ေရးစီမံခ်က္အေနျဖင့္ ေလေၾကာင္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ယခင္ဆင္းသက္ပ်ံသန္းခြင့္ျပဳထားေသာ ႏုိင္ငံတကာေလေၾကာင္းခရီးစဥ္မ်ားအားလံုးကို ဆိုင္းငံ့လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

 

 

အဆိုပါ ယာယီဆိုင္းင့့ံခ်က္သည္ ကယ္ဆယ္ေရးေလယာဥ္မ်ား၊ ကုန္တင္ေလယာဥ္မ်ား၊ ေဆးဘက္ဆိုင္ရာကယ္ဆယ္ေရးေလယာဥ္မ်ားႏွင့္ ေလေၾကာင္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ အထူးခြင့္ျပဳမည့္ ေလယာဥ္မ်ား မပါဝင္ေၾကာင္း သိရသည္။

 

 

သို႔ေသာ္ ေလယာဥ္မ်ားအေနျဖင့္ ညရပ္နားမႈရွိခဲ့ပါက ေလယာဥ္ေပၚတြင္ လိုက္ပါလာေသာ ေလယာဥ္အမႈထမ္း၊ ဝန္ထမ္းမ်ားသည္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ သတ္မွတ္ခ်က္မ်ားႏွင့္အညီ သီးသန္႕ေစာင့္ၾကပ္ၾကည့္ရႈမႈကို လိ္ုက္နာရမည္ျဖစ္ေၾကာင္း သိရသည္။

 

 

အျပည္ျပည္ဆိုင္ရာ ခရီးသည္တင္ေလယာဥ္မ်ား ဆိုက္ေရာက္ခြင့္ ရပ္ဆိုင္းျခင္းကို ဧၿပီလ ၁၃ ရက္အထိ သတ္မွတ္ထားေၾကာင္း ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို စီမံခန္႔ခြဲလ်က္ရွိေသာ Yangon Aerodrome Co., Ltd ၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

 

 

ယခုလက္ရွိတြင္ (COVID-19) ေရာဂါ ျဖစ္ပြားသူ ၁၀ ဦးရွိ၍ ေစာင့္ၾကည့္လူနာ ၄၇၅ ဦး ရွိေနၿပီျဖစ္သည္။

 

 

Source: MOI

 

 

Read 2943 times Last modified on Monday, 30 March 2020 10:51
Rate this item
(0 votes)