သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားများ အဆင်ပြေစေရန် ဆောင်ရွက်ပေးမည်

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားများ အဆင်ပြေစေရန် ဆောင်ရွက်ပေးမည် MOI

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း မန္တလေးမြို့မှ နေရပ်အသီးသီးသို့ ပြန်ကြမည့် ခရီးသွားများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ယာဉ်အသင်းများမှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီမှ အဝေးပြေးကားကွင်းရှိ ကော်မတီရုံးတွင် ဧပြီ ၉ ရက်မှ ၂၁ ရက်အထိ ယာဉ်လိုင်းအသင်းများနှင့် ပူးပေါင်းကာ ကားလက်မှတ် အခက်အခဲရှိသူများအတွက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

 

 

“သင်္ကြန်ကာလအတွင်းမှာ မန္တလေးမြို့ကနေ နေရပ် ပြန်မယ့်သူ၊ ခရီးထွက်မယ့်သူတွေအတွက် ကားလက်မှတ် အခက်အခဲမရှိအောင် ကျွန်တော်တို့ကိုယ်တိုင် ဧပြီ ၉ ရက် ကနေ ၂၁ ရက်အထိ ကားဝင်းက ကော်မတီရုံးမှာ သွားနေပြီး ကားလက်မှတ် မရရှိသူတွေအတွက် ခရီးသည်ကိုယ်တိုင် မှတ်ပုံတင်နဲ့ လာရောက်ပြောပြရင် လက်မှတ်ရရှိအောင် ဆောင်ရွက်ပေးသွားဖို့ စီစဉ်ထားပါတယ်။

 

 

ဒီလိုဆောင်ရွက်ပေးမယ်ဆိုတာကို ခရီးသည်တွေ သိရှိအောင်လည်း ကားကွင်းအဝင်ဝမှာရှိတဲ့ ယာဉ်လိုင်းများ ကြီးကြပ်ရေးအဖွဲ့ ရုံးရှေ့မှာ ဗီနိုင်းတွေနဲ့ ရေးသားကြေညာပြီး ချိတ်ဆွဲထားမှာ ဖြစ်ပါတယ်။

 

 

ကွန်ကရစ်ဖျော်စက်သုံး ကိရိယာများ လုပ်ငန်းပေါင်း ၁၀ ခုကို ရှာရန် နှိပ်ပါ

 

 

ဒါ့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း အဲဒီကာလမှာ ခရီးသွားတွေအဆင်ပြေအောင် ဆောင်ရွက်နိုင်ဖို့ ညွှန်ကြားချက်တွေ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေး သွားမှာဖြစ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောသည်။

 

 

မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီအနေဖြင့် သင်္ကြန်ကာလအတွင်း၌ ခရီးသွားပြည်သူများအတွက် မလိုလားအပ်သည့် ဆိုးကျိုး များနှင့် မှောင်ခိုရောင်းချမှုများ မဖြစ်ပေါ်စေရန် အွန်လိုင်းစနစ်ဖြင့် ကားလက်မှတ် ကြိုတင်မှာယူမှုများအား ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း သိရသည်။

 

 

“အရင်နှစ်တွေက ခုလို သင်္ကြန်ကာလမှာ ကားလက်မှတ် အခက်အခဲရှိသူတွေကို ကူညီနိုင်ဖို့ ယာဉ်အသင်းတိုင်းကို လက်မှတ် ငါးစောင်စီ ချန်ခိုင်းထားသလို စီးလုံးငှားပြီး ပို့ဆောင်ပေးနိုင်တဲ့အထိကို စီစဉ်ပေးခဲ့ပါတယ်။

 

 

ကျွန်တော်တို့ မန္တလေးရဲ့ထုံးစံက သင်္ကြန်မတိုင် ခင်မှာ ကားလက်မှတ်ခက်ခဲတာ မရှိဘူး။ သင်္ကြန်အပြီး ကာလမှာပဲ ပြန်တဲ့သူများတဲ့အတွက် ကားလက်မှတ် ခက်ခဲတာပါ။ ပြောရရင် မန္တလေးသင်္ကြန်ကို လာရောက် ဆင်နွှဲကြတာပေါ့။ ဒီနှစ်မှာ မန္တလေးသင်္ကြန်ပွဲတော်လည်း မရှိတဲ့အတွက် ခရီးသွားတွေအနေနဲ့ လက်မှတ်အခက်အခဲ သိပ်မရှိနိုင်ဘူး”ဟု ၎င်းက ပြောသည်။

 

 

ယခုနှစ်သင်္ကြန်ကာလအတွင်း မန္တလေးမြို့မှ ပြေးဆွဲမည့် ယာဉ်အစီးရေကို ဧပြီ ၉ ရက်မတိုင်မီ သိရှိစေရန် မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီက ယာဉ်လိုင်းအသင်းများထံမှ စာရင်းများကောက်ယူသွားမည် ဖြစ်သည်။

 

 

လက်ရှိတွင် မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းများမှ မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများသို့ ယာဉ်အသင်းပေါင်း ၅၀၀ ကျော်ဖြင့် ခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 

 

Source: Ministry of information

 

 

 

 

 

---Zawgyi---

 

 

သႀကၤန္ရံုးပိတ္ရက္ကာလအတြင္း ခရီးသြားမ်ား အဆင္ေျပေစရန္ ေဆာင္ရြက္ေပးမည္

 

 

သၾကၤန္႐ုံးပိတ္ရက္ကာလအတြင္း မႏၲေလးၿမိဳ႕မွ ေနရပ္အသီးသီးသို႔ ျပန္ၾကမည့္ ခရီးသြားမ်ား အဆင္ေျပစြာ သြားလာႏိုင္ေရးအတြက္ ယာဥ္အသင္းမ်ားမွ စီစဥ္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

 

 

မႏၲေလးတိုင္းေဒသႀကီး အေဝးေျပးယာဥ္လုပ္ငန္းမ်ား ႀကီးၾကပ္မႈ ေကာ္မတီမွ အေဝးေျပးကားကြင္းရွိ ေကာ္မတီ႐ုံးတြင္ ဧၿပီ ၉ ရက္မွ ၂၁ ရက္အထိ ယာဥ္လိုင္းအသင္းမ်ားႏွင့္ ပူးေပါင္းကာ ကားလက္မွတ္ အခက္အခဲရွိသူမ်ားအတြက္ ကူညီေဆာင္႐ြက္ေပးသြားမည္ ျဖစ္သည္။

 

 

“သၾကၤန္ကာလအတြင္းမွာ မႏၲေလးၿမိဳ႕ကေန ေနရပ္ ျပန္မယ့္သူ၊ ခရီးထြက္မယ့္သူေတြအတြက္ ကားလက္မွတ္ အခက္အခဲမရွိေအာင္ ကြၽန္ေတာ္တို႔ကိုယ္တိုင္ ဧၿပီ ၉ ရက္ ကေန ၂၁ ရက္အထိ ကားဝင္းက ေကာ္မတီ႐ုံးမွာ သြားေနၿပီး ကားလက္မွတ္ မရရွိသူေတြအတြက္ ခရီးသည္ကိုယ္တိုင္ မွတ္ပုံတင္နဲ႔ လာေရာက္ေျပာျပရင္ လက္မွတ္ရရွိေအာင္ ေဆာင္႐ြက္ေပးသြားဖို႔ စီစဥ္ထားပါတယ္။

 

 

ဒီလိုေဆာင္႐ြက္ေပးမယ္ဆိုတာကို ခရီးသည္ေတြ သိရွိေအာင္လည္း ကားကြင္းအဝင္ဝမွာရွိတဲ့ ယာဥ္လိုင္းမ်ား ႀကီးၾကပ္ေရးအဖြဲ႕ ႐ုံးေရွ႕မွာ ဗီႏိုင္းေတြနဲ႔ ေရးသားေၾကညာၿပီး ခ်ိတ္ဆြဲထားမွာ ျဖစ္ပါတယ္။

 

 

ဒါ့အျပင္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကလည္း အဲဒီကာလမွာ ခရီးသြားေတြအဆင္ေျပေအာင္ ေဆာင္႐ြက္ႏိုင္ဖို႔ ၫႊန္ၾကားခ်က္ေတြ အခ်ိန္နဲ႔တစ္ေျပးညီ ထုတ္ျပန္ေပး သြားမွာျဖစ္ပါတယ္”ဟု မႏၲေလးတိုင္းေဒသႀကီး အေဝးေျပးယာဥ္လုပ္ငန္းမ်ား ႀကီးၾကပ္မႈ ေကာ္မတီဥကၠ႒ ဦးေအာင္ေက်ာ္လင္းက ေျပာသည္။

 

 

မႏၲေလးတိုင္းေဒသႀကီး အေဝးေျပးယာဥ္လုပ္ငန္းမ်ား ႀကီးၾကပ္မႈေကာ္မတီအေနျဖင့္ သၾကၤန္ကာလအတြင္း၌ ခရီးသြားျပည္သူမ်ားအတြက္ မလိုလားအပ္သည့္ ဆိုးက်ိဳး မ်ားႏွင့္ ေမွာင္ခိုေရာင္းခ်မႈမ်ား မျဖစ္ေပၚေစရန္ အြန္လိုင္းစနစ္ျဖင့္ ကားလက္မွတ္ ႀကိဳတင္မွာယူမႈမ်ားအား ေဆာင္႐ြက္ေပးမည္မဟုတ္ေၾကာင္း သိရသည္။

 

 

“အရင္ႏွစ္ေတြက ခုလို သၾကၤန္ကာလမွာ ကားလက္မွတ္ အခက္အခဲရွိသူေတြကို ကူညီႏိုင္ဖို႔ ယာဥ္အသင္းတိုင္းကို လက္မွတ္ ငါးေစာင္စီ ခ်န္ခိုင္းထားသလို စီးလုံးငွားၿပီး ပို႔ေဆာင္ေပးႏိုင္တဲ့အထိကို စီစဥ္ေပးခဲ့ပါတယ္။

 

 

ကြၽန္ေတာ္တို႔ မႏၲေလးရဲ႕ထုံးစံက သၾကၤန္မတိုင္ ခင္မွာ ကားလက္မွတ္ခက္ခဲတာ မရွိဘူး။ သၾကၤန္အၿပီး ကာလမွာပဲ ျပန္တဲ့သူမ်ားတဲ့အတြက္ ကားလက္မွတ္ ခက္ခဲတာပါ။ ေျပာရရင္ မႏၲေလးသၾကၤန္ကို လာေရာက္ ဆင္ႏႊဲၾကတာေပါ့။ ဒီႏွစ္မွာ မႏၲေလးသၾကၤန္ပြဲေတာ္လည္း မရွိတဲ့အတြက္ ခရီးသြားေတြအေနနဲ႔ လက္မွတ္အခက္အခဲ သိပ္မရွိႏိုင္ဘူး”ဟု ၎က ေျပာသည္။

 

 

ယခုႏွစ္သၾကၤန္ကာလအတြင္း မႏၲေလးၿမိဳ႕မွ ေျပးဆြဲမည့္ ယာဥ္အစီးေရကို ဧၿပီ ၉ ရက္မတိုင္မီ သိရွိေစရန္ မႏၲေလးတိုင္းေဒသႀကီး အေဝးေျပးယာဥ္လုပ္ငန္းမ်ား ႀကီးၾကပ္မႈေကာ္မတီက ယာဥ္လိုင္းအသင္းမ်ားထံမွ စာရင္းမ်ားေကာက္ယူသြားမည္ ျဖစ္သည္။

 

 

လက္ရွိတြင္ မႏၲေလးၿမိဳ႕ရွိ အေဝးေျပးယာဥ္ရပ္နားစခန္းမ်ားမွ ျမန္မာျပည္အထက္ပိုင္းႏွင့္ ေအာက္ပိုင္းေဒသမ်ားသို႔ ယာဥ္အသင္းေပါင္း ၅၀၀ ေက်ာ္ျဖင့္ ခရီးစဥ္မ်ား ေျပးဆြဲေပးလ်က္ရွိေၾကာင္း သိရသည္။

 

 

Source: Ministry of information

 

 

Read 10479 times Last modified on Sunday, 29 March 2020 10:05
Rate this item
(0 votes)
Tagged under