ဒလသင်္ဘောကျင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်

ဒလသင်္ဘောကျင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် google

ဒလသင်္ဘောကျင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) မှ ဦးကျော်ထွေးက ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် သင်္ဘောကျင်းများအနက် ရှေးအကျဆုံးနှင့်အကြီးဆုံးဖြစ်သော ဒလသင်္ဘောကျင်းရှိ အဆောက်အအုံများအား သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ရှေးဟောင်းသမိုင်းဝင် ကမ္ဘာ့အမွေအနှစ်သတ်မှတ်နိုင်ရေး ဆောင်ရွက်ပေးရန်နှင့် သမိုင်းတန်ဖိုးကြီးလှသော သင်္ဘောကျင်းတစ်ခုလုံးကို ပြုပြင်မွမ်းမံထိန်းသိမ်းကာ ရေကြောင်းသမိုင်းပြတိုက် သို့မဟုတ် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့်စီမံကိန်းများ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းသည်။

 

 

လေအေးပေးစက် လုပ်ငန်းပေါင်း ၈၆၉ ခုကို ရှာရန်နှိပ်ပါ

 

 

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ဒလသင်္ဘောကျင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိသည့်အပြင် ဆက်စပ်ဧရိယာများတွင် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့် အစီအစဉ်များကိုပါ ဆက်လက်ဆောင်ရွက်သွားရန်ရှိသည့်အတွက် ဒလသင်္ဘောကျင်းရှိ အဆောက်အအုံများကို ရှေးဟောင်းသမိုင်းဝင်ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။

 

 

ဆက်လက်ပြီး ဒလသင်္ဘောကျင်းတွင် လက်ရှိဂိုဒေါင်အဖြစ် အသုံးပြုနေသော ရှေးဟောင်းအဆောက်အအုံတွင် Blue Plaque ကပ်ထားနိုင်ရေး နှင့် သင်္ဘောကျင်းအတွင်း ရေကြောင်းသမိုင်းပြတိုက်အဖြစ်ထားရှိရေးအစီအမံများနှင့် ပတ်သက်၍ Feasibility Study ဆောင်ရွက်မည့် ကုမ္ပဏီအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ Yangon Heritage Trust နှင့် မဲဆန္ဒနယ်ကိုယ်စားပြု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းတိုင်ပင်သွားစေမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

 

 

 

---Zawgyi---

 

 

ဒလသေဘၤာက်င္း အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္သြားမည္

 

 

ဒလသေဘၤာက်င္း အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္သြားရန္ စီစဥ္လ်က္ရွိေၾကာင္း ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးမွ သိရသည္။

 

 

ရန္ကုန္တိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္(၈) မွ ဦးေက်ာ္ေထြးက ျပည္တြင္းေရေၾကာင္း ပို႔ေဆာင္ေရးပိုင္ သေဘၤာက်င္းမ်ားအနက္ ေရွးအက်ဆုံးႏွင့္အႀကီးဆုံးျဖစ္ေသာ ဒလသေဘၤာက်င္းရွိ အေဆာက္အအုံမ်ားအား သတ္မွတ္ စံခ်ိန္စံၫႊန္းမ်ားႏွင့္အညီ ေရွးေဟာင္းသမိုင္းဝင္ ကမာၻ႔အေမြအႏွစ္သတ္မွတ္ႏိုင္ေရး ေဆာင္႐ြက္ေပးရန္ႏွင့္ သမိုင္းတန္ဖိုးႀကီးလွေသာ သေဘၤာက်င္းတစ္ခုလုံးကို ျပဳျပင္မြမ္းမံထိန္းသိမ္းကာ ေရေၾကာင္းသမိုင္းျပတိုက္ သို႔မဟုတ္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ အက်ိဳးရွိမည့္စီမံကိန္းမ်ား ခ်မွတ္ေဆာင္႐ြက္ေပးရန္ အစီအစဥ္ ရွိ/မရွိ ေမးျမန္းသည္။

 

 

အဆိုပါေမးခြန္းႏွင့္စပ္လ်ဥ္း၍ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးသာဦးက ဒလသေဘၤာက်င္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္သြားရန္ စီစဥ္လ်က္ရွိသည့္အျပင္ ဆက္စပ္ဧရိယာမ်ားတြင္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ အက်ိဳးရွိမည့္ အစီအစဥ္မ်ားကိုပါ ဆက္လက္ေဆာင္႐ြက္သြားရန္ရွိသည့္အတြက္ ဒလသေဘၤာက်င္းရွိ အေဆာက္အအုံမ်ားကို ေရွးေဟာင္းသမိုင္းဝင္ကမာၻ႔အေမြအႏွစ္အျဖစ္ သတ္မွတ္ရန္ အစီအစဥ္မရွိပါေၾကာင္း ေျဖၾကားသည္။

 

 

ဆက္လက္ၿပီး ဒလသေဘၤာက်င္းတြင္ လက္ရွိဂိုေဒါင္အျဖစ္ အသုံးျပဳေနေသာ ေရွးေဟာင္းအေဆာက္အအုံတြင္ Blue Plaque ကပ္ထားႏိုင္ေရး ႏွင့္ သေဘၤာက်င္းအတြင္း ေရေၾကာင္းသမိုင္းျပတိုက္အျဖစ္ထားရွိေရးအစီအမံမ်ားႏွင့္ ပတ္သက္၍ Feasibility Study ေဆာင္႐ြက္မည့္ ကုမၸဏီအဖြဲ႕ကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ Yangon Heritage Trust ႏွင့္ မဲဆႏၵနယ္ကိုယ္စားျပဳ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ညႇိႏႈိင္းတိုင္ပင္သြားေစမည္ ျဖစ္ပါေၾကာင္း ေျဖၾကားသည္။

 

 

Read 351 times
Rate this item
(0 votes)
Tagged under