မော်တော်ယာဉ်အစီး ၈၀ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူမည်

မော်တော်ယာဉ်အစီး ၈၀ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူမည် google

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မော်တော်ယာဉ် အစီး ၈၀ ကို မြန်မာငွေကျပ်ဖြင့် ဝယ်ယူရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းဖြစ်သည်။

 

အဆိုပါမော်တော်ယာဉ်အစီး ၈၀ မှာ-

 

(i) Single Cab (2020 Model, LHD, Brand New) - ၃ စီး


(ii) Double Cab (2020 Model, LHD, Brand New) - ၂၄ စီး


(iii) Extra Cab (2020 Model, LHD, Brand New) - ၄၄ စီး


(iv) Light Truck ( 2 Ton) (2020 Model, LHD, Brand New) - ၉ စီး

 

 

တင်ဒါပုံစံနှင့် စည်ကမ်းချက်များကို တစ်စောင်လျှင် ငွေကျပ် ၅ သောင်းနှုန်းဖြင့် နေပြည်တော်၊ ဗဟိုစက်ပစ္စည်းစာရင်းနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ပစ္စည်းထိန်းဌာနခွဲ၊ သဇင်ရုံလမ်း၊ (၅) ရပ်ကွက်တွင် ဝယ်ယူနိုင်ပါသည်။

 

 

ရေယိုစိမ့်မှုကာကွယ်ရေးပစ္စည်းများ လုပ်ငန်းပေါင်း ၂၇ ခုကို ရှာရန်နှိပ်ပါ

 

 

အဆိုပါလျှောက်လွှာများကို ၂၀၂၀ ခုနှစ် မတ်လ ၂၆ ရက်နေ့မှ စတင်ဝယ်ယူနိုင်မည်ဖြစပြီး၂၀၂၀ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထား၍ ဝယ်ယူနိုင်မည်ဖြစ်သည်။

 

 

တင်ဒါလျှောက်လွှာများကို ဗဟိုစက်ပစ္စည်းစာရင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်သို့ တင်သွင်းရမည်ဖြစ်သည်။

 

 

တင်ဒါလျှောက်လွှာများကို ၂၀၂၀ ခုနှစ် ဧပြီလ ၂၃ ရက် နံနက် ၁၀ နာရီတွင် တင်ဒါဖွင့်မည်ဖြစ်သည်။

 

 

အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၆၇-၃၄၀၆၀၈၈၊ ၀၆၇-၃၄၀၆၂၆၅၊ ၀၁-၆၅၁၄၁၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

 

 

 

---Zawgyi---

 

 


 

 


 

 


 






 


 

 


 

 


 

 


 

 


 

 


 

 

Read 14525 times
Rate this item
(0 votes)
Tagged under