ရှမ်းပြည်နယ်တွင် ကျေးရွာဖွံဖြိုးရေးစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀၀ ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်

ရှမ်းပြည်နယ်တွင် ကျေးရွာဖွံဖြိုးရေးစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀၀ ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည် google

ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံဖြိုးရေးစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀၀ ကို ကျေးရွာ ၁၅ ရွာသို့ ရန်ပုံငွေကျပ် သိန်း ၁၀၀ စီ တာဝန်ရှိသူများက ကျေးရွာကော်မတီများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။

 

ထိုရန်ပုံငွေဖြင့် လွယ်ပေါ၊ ချမ်းခူ၊ ဖူးလောင်း၊ ပြင်ဆောင်၊ ဘလဘလို၊ သိကျိတ်၊ ဆင်ခွန်လလျှ၊ ဆင်ကွင်းကံပွင့်၊ လွယ်လုံ၊ နန်းကဲ၊ ကံထန်း၊ ယန်းယော၊ လအိ၊ တီးခူနှင့် ကံဒူးကျေးရွာတို့တွင် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်သည်။

 

 

ယင်းကျေးရွာများတွင် ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်း၊ ကျေးရွာချင်းဆက် လမ်းခင်းခြင်း၊ စိမ့်စမ်းရေသွယ်ယူခြင်း၊ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်း၊ ကျေးရွာတွင်းလမ်း ကျောက်ချောခင်းခြင်းနှင့် ရေအားလျှပ်စစ်တည်ဆောက်ခြင်း စသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

 

လယ်သမားသုံး စက်ကိရိယာပစ္စည်းများ ၁၁၂ ခုကိုရှာရန်နှိပ်ပါ

 

 

ကျေးရွာဖွံဖြိုးရေးစီမံကိန်းရန်ပုံငွေများ သုံးစွဲရာတွင် မြို့နယ်ရုံးအဖွဲ့မှ နည်းပညာနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်၍ ကျေးရွာပြည်သူများကိုယ်တိုင် မိမိကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက်များကို ဝိုင်းဝန်းဖော်ထုတ်ရွေးချယ်ပြီး လုပ်ငန်းအစီအစဉ်များရေးဆွဲ၍ ငွေကြေးကိုင်တွယ်သုံးစွဲခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းများကို ဒေသခံများကိုယ်တိုင် ဆောက်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။

 

 

ကျေးရွာဖွံဖြိုးရေးစီမံကိန်းရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ ရက်နံနက်ပိုင်းတွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi--

 

ရွမ္းျပည္နယ္တြင္ ေက်းရြာဖြံၿဖိဳးေရးစီမံကိန္းရန္ပံုေငြ က်ပ္သိန္း ၁၅၀၀ ျဖင့္ တည္ေဆာက္ေရးလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ ေဆာင္ရြက္္မည္

 

 

ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ဖယ္ခံုၿမိဳ႕နယ္ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနက ေက်းရြာဖြံၿဖိဳးေရးစီမံကိန္းရန္ပံုေငြ က်ပ္သိန္း ၁၅၀၀ ကို ေက်းရြာ ၁၅ ရြာသို႔ ရန္ပံုေငြက်ပ္ သိန္း ၁၀၀ စီ တာဝန္ရွိသူမ်ားက ေက်းရြာေကာ္မတီမ်ားထံ ေပးအပ္ခဲ့ေၾကာင္းသိရသည္။

 

 

ထိုရန္ပံုေငြျဖင့္ လြယ္ေပါ၊ ခ်မ္းခူ၊ ဖူးေလာင္း၊ ျပင္ေဆာင္၊ ဘလဘလို၊ သိက်ိတ္၊ ဆင္ခြန္လလွ်၊ ဆင္ကြင္းကံပြင့္၊ လြယ္လံု၊ နန္းကဲ၊ ကံထန္း၊ ယန္းေယာ၊ လအိ၊ တီးခူႏွင့္ ကံဒူးေက်းရြာတို႔တြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို ေဆာင္ရြက္သြားမည္ ျဖစ္သည္။

 

 

ယင္းေက်းရြာမ်ားတြင္ ဘက္စံုသံုးခန္းမ တည္ေဆာက္ျခင္း၊ ေက်းရြာခ်င္းဆက္ လမ္းခင္းျခင္း၊ စိမ့္စမ္းေရသြယ္ယူျခင္း၊ ေက်းရြာခ်င္းဆက္လမ္း ကြန္ကရစ္ခင္းျခင္း၊ ေက်းရြာတြင္းလမ္း ေက်ာက္ေခ်ာခင္းျခင္းႏွင့္ ေရအားလွ်ပ္စစ္တည္ေဆာက္ျခင္း စသည့္ လုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

 

 

ေက်းရြာဖြံၿဖိဳးေရးစီမံကိန္းရန္ပံုေငြမ်ား သံုးစြဲရာတြင္ ၿမိဳ႕နယ္ရံုးအဖြဲ႔မွ နည္းပညာႏွင့္ လုပ္ငန္းေဆာင္ရြက္မႈမ်ားကို ႀကီးႀကပ္၍ ေက်းရြာျပည္သူမ်ားကိုယ္တိုင္ မိမိေက်းရြာ၏ ဖြံ႕ျဖိဳးတိုးတက္ေရးအတြက္ အဓိက လိုအပ္ခ်က္မ်ားကို ဝိုင္းဝန္းေဖာ္ထုတ္ေရြးခ်ယ္ၿပီး လုပ္ငန္းအစီအစဥ္မ်ားေရးဆြဲ၍ ေငြေၾကးကိုင္တြယ္သံုးစြဲျခင္း၊ လုပ္ငန္းေဆာင္ရြက္ျခင္းမ်ားကို ေဒသခံမ်ားကိုယ္တိုင္ ေဆာက္ရြက္ၾကရမည္ျဖစ္ေၾကာင္း သိရသည္။

 

 

ေက်းရြာဖြံၿဖိဳးေရးစီမံကိန္းရန္ပံုေငြ ေပးအပ္ပြဲအခမ္းအနားကို ေဖေဖာ္ဝါရီလ ၁၄ ရက္နံနက္ပိုင္းတြင္ ၿမိဳ႕နယ္ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနရံုးခန္းမ၌ က်င္းပခဲ့ေၾကာင္း သိရသည္။

 

Read 339 times
Rate this item
(0 votes)
Tagged under