ချင်းပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် ပေ ၄၀၀ အရှည် ကြိုးတံတား တည်ဆောက်နေ

ချင်းပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် ပေ ၄၀၀ အရှည် ကြိုးတံတား တည်ဆောက်နေ google

ချင်းပြည်နယ် မင်းတပ်ခရိုင် ကန်ပက်လက်မြို့နယ် ခေါက်ပုံကျင်းကျေးရွာတွင် ကြိုးတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံဖြိုးရေးစီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ လွှတ်တော်ရန်ပုံငွေ ကျပ်သိန်း ၄၀ နှင့် ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း ၅၀ စုစုပေါင်းငွေကျပ် သိန်း ၁၉၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါကြိုးတံတားအရှည်မှာ ၄၀၀ ပေ၊ အကျယ် ၄ ဒသမ ၅ ပေနှင့် အမြင့် ၃၀ ပေရှိပြီး တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

အတွင်းခန်းအလှပြင်ဆင်ရေး လုပ်ငန်းပေါင်း ၉၉၉ ခုကို ရှာရန်နှိပ်ပါ

 

 

'' ကန်ပလက်မြို့နယ်ဟာ တောင်ပေါ်ဒေသဖြစ်တာကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာတွေဟာ လမ်းပန်းဆက်သွယ်ရေး သွားလာရခက်ခဲပါတယ်။ ကြိုးတံတားတည်ဆောက်ခြင်း လုပ်ငန်းပြီးစီးပါက အဲဒီကျေးရွာအတွင်းမှာရှိတဲ့ စပ်စံကျင်းကျေးရွာ၊ အုံကျေးရွာ၊ အောက်ကန်ကျေးရွာ၊ ငအော်ကျင်းကျေးရွာရှိ အိမ်ခြေ ၉၂ အိမ် လူဦးရေ ၅၇၁ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေအတွက် အကျိုးပြုမှာ ဖြစ်ပါတယ် '' ဟု ကန်ပလက်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးထန်းအွမ်က ပြောသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

Read 381 times
Rate this item
(0 votes)
Tagged under