တာမွေဈေးသစ်တည်ဆောက်ရေး တောင်းဆိုချက်များ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးမည်

တာမွေဈေးသစ်တည်ဆောက်ရေး တောင်းဆိုချက်များ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးမည် google

ယာယီဈေးအဖြစ် ဖွင့်လှစ်ထားသည့် တာမွေဈေးကို အဆင့်မြင့်ဈေးသစ်အဖြစ် တည်ဆောက်ရာတွင် ဈေးသူ၊ဈေးသားများ၏ အကြံပြုတောင်းဆိုချက်များကို ဥပဒေ ဘောင်အတွင်းမှ ဖြေရှင်းညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

 

ဈေးသစ်တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ ဈေးသူ၊ ဈေးသားများက ဈေးတည်ဆောက်မှုပုံစံတွင် အောက်ခြေ basement မထည့်သွင်းရေး၊ပတ်ပတ်လည်ဝင်ပေါက်များထားရှိပေးရေး၊ မြေညီထပ်အမြင့်ကို ပေ ၂၀ ထားရှိပေးရေး အစရှိသည့် တည်ဆောက်ရေးဆိုင်ရာ အချက် ရှစ်ချက်ကို တောင်းဆိုခဲ့ကြသည်။

 

 

ဈေးသူ၊ ဈေးသားများက တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ၎င်းတို့၏ လိုလားချက်များကို ဆွေးနွေးရာတွင် မိမိတို့ ဆွေးနွေးပိုင်ခွင့်ရှိသော ဥပဒေဘောင်အတွင်းမှ ဆွေးနွေးပေးကြရန်နှင့် တာဝန်ရှိသူများအနေဖြင့်လည်း ပြည်သူလူထု၏ သဘောဆန္ဒများကို လိုက်လျောဆောင်ရွက်ရာတွင် ဥပဒေနှင့် ညီညွတ်သော အချက်များကိုသာ ဥပဒေဘောင်ကို မကျော်လွန်ဘဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

 


"ဥပဒေကို လိုက်နာတတ်တဲ့ နိုင်ငံသားတွေဖြစ်ဖို့ လိုအပ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ တိုးတက်နေတာ ဥပဒေကို သိရှိလိုက်နာကြလို့ ဖြစ်ပါတယ်။

 

 

အခု တာမွေ ဈေးသစ်ကို တည်ဆောက်ရာမှာ ဈေးသူ၊ ဈေးသားတွေအနေနဲ့ မိမိသက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေဘောင်အတွင်းက အကြံပြုပြောဆိုပေးကြပါ"ဟု ဦးဖြိုးမင်းသိန်း က ပြောသည်။

 

 

အစိုးရအနေဖြင့် ဈေးတည်ဆောက်ရေးလုပ်ငန်းများ ကို ဆောင်ရွက်ရာတွင် ဈေးသူ၊ ဈေးသားများအပေါ် ယခုထက်ပို၍ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆောင်ရွက် စေလိုကြောင်း၊ ယင်းအပြင် လက်ရှိမြေပြင်အနေအထား များကိုလည်း ကွင်းဆင်းကြည့်ရှုပြီး ပြည်သူ့အသံကို နားထောင်စေလိုကြောင်း တာမွေဈေးကော်မတီဝင် ဦးဇော်ဝင်းက ပြောသည်။

 

 

"ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်တွေထဲကဥပဒေနဲ့အညီ ညှိပေးလို့ရတဲ့အချက်တွေကို ညှိပေးစေချင်ပါတယ်။ ဥပဒေကို ကောင်းကောင်းနားမလည်ပေမဲ့ ဥပဒေအတိုင်းလုပ်ဆောင်တာကို လက်ခံပါတယ်။ ဈေးသစ်ကြီး တည်ဆောက်တာကိုလည်း ကြိုဆိုပါတယ်" ဟု ဦးဇော်ဝင်း ကပြောသည်။

 

 

တာမွေဈေးသစ်တည်ဆောက်ရေးအတွက် မြန်မာ နိုင်ငံ ဗိသုကာကောင်စီ၊ အင်ဂျင်နီယာကောင်စီတို့နှင့် တွေ့ဆုံညှိနှိုင်းကာ မြေပြင်အနေအထားနှင့် သင့်လျော်သည့် အဆောက်အအုံဒီဇိုင်းကို အသေးစိတ် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယခုတောင်းဆိုသည့် ဆောက်လုပ်ရေးဆိုင်ရာ အချက်များကို ညှိနှိုင်းပေးမည်ဆိုပါက လွှတ်တော်သို့ ပြန်လည်တင်ပြရမည့်အချက် အပါအဝင် အဆင့်ဆင့်လုပ်ဆောင်ရမည့် အချက်များစွာရှိနေသေး သည့်အတွက် ညှိနှိုင်းပေးရန်မဖြစ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမ·း ဒေါ်လှိုင်မော်ဦးက ပြောသည်။

 

 

"ဒီဇိုင်းမဆွဲခင်မှာ ဈေးသူ၊ ဈေးသားတွေနဲ့ တွေ့ဆုံပြီး တောင်းဆိုချက်တွေ အတတ်နိုင်ဆုံးရရှိနိုင်အောင် ညှိနှိုင်းပြီးမှ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း စံချိန်စံညွှန်းတွေ ကိုက်ညီအောင်လည်း ရေးဆွဲထားတာဖြစ်ပါတယ်"ဟု ဒေါ်လှိုင်မော်ဦးက ပြောသည်။

 

 

တာမွေဈေးသစ် တည်ဆောက်ရေးကိစ္စတွင် အစိုးရ ဘက်မှ ပွင့်လင်းမြင်သာမှုရှိစွာ ဆွေးနွေးခဲ့ခြင်း၊ မြေပြင်သို့ကွင်းဆင်းပြီး လူထုနှင့်တွေ့ဆုံခြင်း တစ်ကြိမ်တစ်ခါမျှမရှိခဲ့ဖူးကြောင်း အခမ်းအနားသို့ တက်ရောက်လာသောဈေးကိုယ်စားလှယ်များက ပြောကြားခဲ့သော်လည်း ဈေးသူ၊ဈေးသားများနှင့်တွေ့ဆုံပြီး ဈေးသစ်တည်ဆောက်ရေးကိစ္စရပ်များကို ငါးကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးခဲ့ဖူးကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများ ပြန်လည်ရှင်းလင်း ခဲ့သည်။

 

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း စည်ပင်ပိုင်ဈေး ၁၈၀ ကျော်ရှိပြီး အဆိုပါဈေးများတွင် ရောင်းဝယ်ဖောက်ကားနေသော ဈေးသည်များကို မြို့တော်စည်ပင်သာယာရေးကော်မတီက အငှားချစာအုပ်များ ပေးအပ်ထားပြီးဖြစ်ကာ အဆိုပါစာအုပ်အတွင်းရှိ စည်းမျဉ်း စည်းကမ်းများအား မဖြစ်မနေ သိရှိလိုက်နာရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

 

 

"ဒီဈေးတွေက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပိုင်ဆိုင်တဲ့ ဈေးတွေဖြစ်ပါတယ်။ ပြည်သူပိုင်လည်း မဟုတ်သလို အပျောက်ရောင်းထားတာလည်း မဟုတ်ပါဘူး၊ အငှားချထားခြင်းသာဖြစ်ပါတယ်။ အငှားချစာအုပ်လက်ဝယ်မရှိရင် ဒီဆိုင်ခန်းမှာ ရောင်းချခွင့်ရှိ တယ်လို့တောင် ဆိုလို့မရပါဘူး"ဟု ၎င်းက ပြောသည်။

 

 

ဆိုင်ခန်းများ ခွဲဝေနေရာချထားမှုနှင့် ပတ်သက်၍ ဈေးသစ်တည်ဆောက်ရေး တာဝန်ရှိသူများနှင့် ဈေးသူ ဈေးသားများအကြား အငြင်းပွားမှုများ ရှိနေသည့်အပေါ် အဆိုပါဈေးတွင် ရောင်းချမည့် မည်သူမဆို တန်းတူ အခွင့်အရေးသာ ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ 

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

တာေမြေဈးသစ္တည္ေဆာက္ေရး ေတာင္းဆိုခ်က္မ်ား ဥပေဒႏွင့္အညီ ေျဖရွင္းေဆာင္႐ြက္ေပးမည္

 

 

ယာယီေဈးအျဖစ္ ဖြင့္လွစ္ထားသည့္ တာေမြေဈးကို အဆင့္ျမင့္ေဈးသစ္အျဖစ္ တည္ေဆာက္ရာတြင္ ေဈးသူ၊ေဈးသားမ်ား၏ အႀကံျပဳေတာင္းဆိုခ်က္မ်ားကို ဥပေဒ ေဘာင္အတြင္းမွ ေျဖရွင္းညႇိႏႈိင္းေပးသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

 

 

ေဈးသစ္တည္ေဆာက္ေရးႏွင့္စပ္လ်ဥ္း၍ ေဈးသူ၊ ေဈးသားမ်ားက ေဈးတည္ေဆာက္မႈပုံစံတြင္ ေအာက္ေျခ basement မထည့္သြင္းေရး၊ပတ္ပတ္လည္ဝင္ေပါက္မ်ားထားရွိေပးေရး၊ ေျမညီထပ္အျမင့္ကို ေပ ၂၀ ထားရွိေပးေရး အစရွိသည့္ တည္ေဆာက္ေရးဆိုင္ရာ အခ်က္ ရွစ္ခ်က္ကို ေတာင္းဆိုခဲ့ၾကသည္။

 

 

ေဈးသူ၊ ေဈးသားမ်ားက တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံၿပီး ၎တို႔၏ လိုလားခ်က္မ်ားကို ေဆြးေႏြးရာတြင္ မိမိတို႔ ေဆြးေႏြးပိုင္ခြင့္ရွိေသာ ဥပေဒေဘာင္အတြင္းမွ ေဆြးေႏြးေပးၾကရန္ႏွင့္ တာဝန္ရွိသူမ်ားအေနျဖင့္လည္း ျပည္သူလူထု၏ သေဘာဆႏၵမ်ားကို လိုက္ေလ်ာေဆာင္႐ြက္ရာတြင္ ဥပေဒႏွင့္ ညီၫြတ္ေသာ အခ်က္မ်ားကိုသာ ဥပေဒေဘာင္ကို မေက်ာ္လြန္ဘဲ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့သည္။

 


"ဥပေဒကို လိုက္နာတတ္တဲ့ ႏိုင္ငံသားေတြျဖစ္ဖို႔ လိုအပ္ပါတယ္။ အိမ္နီးခ်င္းႏိုင္ငံေတြ တိုးတက္ေနတာ ဥပေဒကို သိရွိလိုက္နာၾကလို႔ ျဖစ္ပါတယ္။

 

 

အခု တာေမြ ေဈးသစ္ကို တည္ေဆာက္ရာမွာ ေဈးသူ၊ ေဈးသားေတြအေနနဲ႔ မိမိသက္ဆိုင္ရာက႑အလိုက္ ဥပေဒေဘာင္အတြင္းက အႀကံျပဳေျပာဆိုေပးၾကပါ"ဟု ဦးၿဖိဳးမင္းသိန္း က ေျပာသည္။

 

 

အစိုးရအေနျဖင့္ ေဈးတည္ေဆာက္ေရးလုပ္ငန္းမ်ား ကို ေဆာင္႐ြက္ရာတြင္ ေဈးသူ၊ ေဈးသားမ်ားအေပၚ ယခုထက္ပို၍ ပြင့္လင္းျမင္သာမႈရွိစြာျဖင့္ ေဆာင္႐ြက္ ေစလိုေၾကာင္း၊ ယင္းအျပင္ လက္ရွိေျမျပင္အေနအထား မ်ားကိုလည္း ကြင္းဆင္းၾကည့္ရႈၿပီး ျပည္သူ႔အသံကို နားေထာင္ေစလိုေၾကာင္း တာေမြေဈးေကာ္မတီဝင္ ဦးေဇာ္ဝင္းက ေျပာသည္။

 

 

"ကြၽန္ေတာ္တို႔ ေတာင္းဆိုထားတဲ့ အခ်က္ေတြထဲကဥပေဒနဲ႔အညီ ညႇိေပးလို႔ရတဲ့အခ်က္ေတြကို ညႇိေပးေစခ်င္ပါတယ္။ ဥပေဒကို ေကာင္းေကာင္းနားမလည္ေပမဲ့ ဥပေဒအတိုင္းလုပ္ေဆာင္တာကို လက္ခံပါတယ္။ ေဈးသစ္ႀကီး တည္ေဆာက္တာကိုလည္း ႀကိဳဆိုပါတယ္" ဟု ဦးေဇာ္ဝင္း ကေျပာသည္။

 

 

တာေမြေဈးသစ္တည္ေဆာက္ေရးအတြက္ ျမန္မာ ႏိုင္ငံ ဗိသုကာေကာင္စီ၊ အင္ဂ်င္နီယာေကာင္စီတို႔ႏွင့္ ေတြ႕ဆုံညႇိႏႈိင္းကာ ေျမျပင္အေနအထားႏွင့္ သင့္ေလ်ာ္သည့္ အေဆာက္အအုံဒီဇိုင္းကို အေသးစိတ္ ေရးဆြဲခဲ့ျခင္းျဖစ္ေၾကာင္း၊ ယခုေတာင္းဆိုသည့္ ေဆာက္လုပ္ေရးဆိုင္ရာ အခ်က္မ်ားကို ညႇိႏႈိင္းေပးမည္ဆိုပါက လႊတ္ေတာ္သို႔ ျပန္လည္တင္ျပရမည့္အခ်က္ အပါအဝင္ အဆင့္ဆင့္လုပ္ေဆာင္ရမည့္ အခ်က္မ်ားစြာရွိေနေသး သည့္အတြက္ ညႇိႏႈိင္းေပးရန္မျဖစ္ႏိုင္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ အတြင္းေရးမ·း ေဒၚလႈိင္ေမာ္ဦးက ေျပာသည္။

 

 

"ဒီဇိုင္းမဆြဲခင္မွာ ေဈးသူ၊ ေဈးသားေတြနဲ႔ ေတြ႕ဆုံၿပီး ေတာင္းဆိုခ်က္ေတြ အတတ္ႏိုင္ဆုံးရရွိႏိုင္ေအာင္ ညႇိႏႈိင္းၿပီးမွ ေရးဆြဲခဲ့တာ ျဖစ္ပါတယ္။ ဥပေဒမွာပါတဲ့ ျပ႒ာန္းခ်က္ေတြအတိုင္း စံခ်ိန္စံၫႊန္းေတြ ကိုက္ညီေအာင္လည္း ေရးဆြဲထားတာျဖစ္ပါတယ္"ဟု ေဒၚလႈိင္ေမာ္ဦးက ေျပာသည္။

 

 

တာေမြေဈးသစ္ တည္ေဆာက္ေရးကိစၥတြင္ အစိုးရ ဘက္မွ ပြင့္လင္းျမင္သာမႈရွိစြာ ေဆြးေႏြးခဲ့ျခင္း၊ ေျမျပင္သို႔ကြင္းဆင္းၿပီး လူထုႏွင့္ေတြ႕ဆုံျခင္း တစ္ႀကိမ္တစ္ခါမွ်မရွိခဲ့ဖူးေၾကာင္း အခမ္းအနားသို႔ တက္ေရာက္လာေသာေဈးကိုယ္စားလွယ္မ်ားက ေျပာၾကားခဲ့ေသာ္လည္း ေဈးသူ၊ေဈးသားမ်ားႏွင့္ေတြ႕ဆုံၿပီး ေဈးသစ္တည္ေဆာက္ေရးကိစၥရပ္မ်ားကို ငါးႀကိမ္ထက္မနည္း ေတြ႕ဆုံေဆြးေႏြးခဲ့ဖူးေၾကာင္း သက္ဆိုင္ရာတာဝန္ရွိသူမ်ား ျပန္လည္ရွင္းလင္း ခဲ့သည္။

 

 

ရန္ကုန္တိုင္းေဒသႀကီး စည္ပင္သာယာနယ္နိမိတ္အတြင္း စည္ပင္ပိုင္ေဈး ၁၈၀ ေက်ာ္ရွိၿပီး အဆိုပါေဈးမ်ားတြင္ ေရာင္းဝယ္ေဖာက္ကားေနေသာ ေဈးသည္မ်ားကို ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက အငွားခ်စာအုပ္မ်ား ေပးအပ္ထားၿပီးျဖစ္ကာ အဆိုပါစာအုပ္အတြင္းရွိ စည္းမ်ဥ္း စည္းကမ္းမ်ားအား မျဖစ္မေန သိရွိလိုက္နာရမည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က ထပ္ေလာင္းေျပာၾကားခဲ့သည္။

 

 

"ဒီေဈးေတြက ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ပိုင္ဆိုင္တဲ့ ေဈးေတြျဖစ္ပါတယ္။ ျပည္သူပိုင္လည္း မဟုတ္သလို အေပ်ာက္ေရာင္းထားတာလည္း မဟုတ္ပါဘူး၊ အငွားခ်ထားျခင္းသာျဖစ္ပါတယ္။ အငွားခ်စာအုပ္လက္ဝယ္မရွိရင္ ဒီဆိုင္ခန္းမွာ ေရာင္းခ်ခြင့္ရွိ တယ္လို႔ေတာင္ ဆိုလို႔မရပါဘူး"ဟု ၎က ေျပာသည္။

 

 

ဆိုင္ခန္းမ်ား ခြဲေဝေနရာခ်ထားမႈႏွင့္ ပတ္သက္၍ ေဈးသစ္တည္ေဆာက္ေရး တာဝန္ရွိသူမ်ားႏွင့္ ေဈးသူ ေဈးသားမ်ားအၾကား အျငင္းပြားမႈမ်ား ရွိေနသည့္အေပၚ အဆိုပါေဈးတြင္ ေရာင္းခ်မည့္ မည္သူမဆို တန္းတူ အခြင့္အေရးသာ ရရွိမည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က ဆိုသည္။ 

 

Read 1364 times Last modified on Thursday, 13 February 2020 16:25
Rate this item
(0 votes)