ေျမေနရာလက္ဝယ္မရေသး၍ က်ိဳင္းတုံ ဓာတ္အားခြဲ႐ုံတည္ေဆာက္ရန္ တင္ဒါမေခၚႏိုင္ေသး

ေျမေနရာလက္ဝယ္မရေသး၍ က်ိဳင္းတုံ ဓာတ္အားခြဲ႐ုံတည္ေဆာက္ရန္ တင္ဒါမေခၚႏိုင္ေသး GOOGLE

က်ိဳင္းတုံၿမိဳ႕တြင္ လွ်ပ္စစ္ဓာတ္အားျဖန္႔ေဝႏိုင္ရန္ တည္ေဆာက္ရမည့္ ၆၆ ေကဗြီ ဓာတ္အားခြဲစက္႐ုံအတြက္ ေျမေနရာလက္ဝယ္မရေသးသည့္အတြက္

 

ခြင့္ျပဳဘတ္ဂ်က္ေငြ က်ၿပီးေသာ္လည္း တင္ဒါမေခၚႏိုင္ေသးေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ လွ်ပ္စစ္ႏွင့္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံက ေျပာသည္။

 

 

လုပ္ငန္းလုပ္ကိုင္ျခင္းမရွိသည့္ ေျမဧက (၂၀ဝ၀) နီးပါး တာခ်ီလိတ္တြင္ ျပန္လည္သိမ္းဆည္း

 

 

ရွမ္းျပည္နယ္အေရွ႕ပိုင္းအတြက္ မဟာဓာတ္အားလိုင္ သြယ္တန္းမႈမွာ က်ိဳင္းတုံၿမိဳ႕အထိ မီးႀကိဳးတိုင္မ်ား စိုက္ထူးၿပီး ျဖစ္ကာ မီးႀကိဳးသြယ္တန္းမႈမွာ

 

တာေကာ္တံတားေက်ာ္လြန္လာၿပီျဖစ္ေၾကာင္း၊ သို႔ေသာ္ က်ိဳင္းတုံၿမိဳ႕တြင္း ဓာတ္အားျဖန္႔ျဖဴးရန္လိုအပ္သည့္ ၆၆ေကဗြီဓာတ္အားခြဲစက္႐ုံ

 

တည္ေဆာက္ရန္အတြက္ ေျမေနရာမွာ လက္ဝယ္မရေသးသည့္အတြက္ အခက္အခဲျဖစ္ေနေၾကာင္း ဝန္ႀကီးကေျပာသည္။

 

 

“ဓာတ္အားခြဲ႐ုံေနရာကို အရင္တုန္းက မီးရထားေျမေနရာစြန္႔လႊတ္ထားတဲ့ ေျမ ၄ဧကကို တင္ျပထားတာရွိတယ္။ အဲဒါကို ျပည္ေထာင္စုဘက္ကေန

 

ရွမ္းျပည္နယ္အစိုးရကို လႊဲေပးလိုက္မယ္ဆိုရင္ေတာ့ လုပ္ငန္းလုပ္ရတာ အင္မတန္မွ ျမန္ဆန္လာမယ္လို႔ ယူဆတယ္” ဟု ၎ကေျပာသည္။

 

ေဆာက္လုပ္ေရးလုပ္သားမ်ားအတြက္နားလည္မႈစာခၽြန္လႊာလက္မွတ္ေရးထုိး

 

 

က်ိဳင္းတုံၿမိဳ႕အတြက္ ၆၆ ေကဗြီဓာတ္အားခြဲ႐ုံ တည္ေဆာက္ရန္အတြက္ ခြင့္ျပဳဘ႑ာေငြမွာ ယခု ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြင္း ပါရွိၿပီး ျဖစ္ေပမယ့္

 

အဆိုပါ ေျမေနရာအခက္အခဲေၾကာင့္ တင္ဒါမေခၚႏိုင္ေသးေၾကာင္း သိရသည္။

 

 

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ က်ိဳင္းတုံၿမိဳ႕နယ္ႏွင့္ မိုင္းပ်ဥ္းၿမိဳ႕နယ္တို႔အတြက္ ဓာတ္အားခြဲ႐ုံတည္ေဆာက္ရန္ ခြင့္ျပဳဘ႑ာေငြ ရရွိထားၿပီး အဆိုပါၿမိဳ႕နယ္မ်ားတြင္

 

လာမည့္ ၂၀၂၀ ခုႏွစ္အတြင္း လွ်ပ္စစ္မီး ရရွိေအာင္ ေဆာင္႐ြက္သြားရန္ ရည္႐ြယ္ထားေၾကာင္း သိရသည္။

 

 

ျမန္မာႏိုင္ငံ ဗဟိုဘဏ္မွအေမရိကန္ေဒၚလာ ၃,၀၀၀,၀၀၀ ဝယ္ယူျခင္းအေပၚ စီးပြားေရးလုပ္ငန္းရွင္မ်ားေဝဖန္

 

ရွမ္းျပည္နယ္အေရွ႕ပိုင္းတစ္ခုလုံး လာမည့္ ၃ႏွစ္အတြင္း လွ်ပ္စစ္မီးရရွိမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန္႔လြင္က

 

၂၀၁၉ ခုႏွစ္ ႏွစ္လယ္ပိုင္းက ေျပာၾကားခဲ့ဘူးသည္။

 

Source- Mekong News

 

Myanmar Builders Guide

ကျိုင်းတုံမြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဝေနိုင်ရန် တည်ဆောက်ရမည့် ၆၆ ကေဗွီ ဓာတ်အားခွဲစက်ရုံအတွက် မြေနေရာလက်ဝယ်မရသေးသည့်အတွက်

 

ခွင့်ပြုဘတ်ဂျက်ငွေ ကျပြီးသော်လည်း တင်ဒါမခေါ်နိုင်သေးကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။

 

 

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက် မဟာဓာတ်အားလိုင် သွယ်တန်းမှုမှာ ကျိုင်းတုံမြို့အထိ မီးကြိုးတိုင်များ စိုက်ထူးပြီး ဖြစ်ကာ မီးကြိုးသွယ်တန်းမှုမှာ

 

တာကော်တံတားကျော်လွန်လာပြီဖြစ်ကြောင်း၊ သို့သော် ကျိုင်းတုံမြို့တွင်း ဓာတ်အားဖြန့်ဖြူးရန်လိုအပ်သည့် ၆၆ကေဗွီဓာတ်အားခွဲစက်ရုံ

 

တည်ဆောက်ရန်အတွက် မြေနေရာမှာ လက်ဝယ်မရသေးသည့်အတွက် အခက်အခဲဖြစ်နေကြောင်း ဝန်ကြီးကပြောသည်။

 

“ဓာတ်အားခွဲရုံနေရာကို အရင်တုန်းက မီးရထားမြေနေရာစွန့်လွှတ်ထားတဲ့ မြေ ၄ဧကကို တင်ပြထားတာရှိတယ်။ အဲဒါကို ပြည်ထောင်စုဘက်ကနေ

 

ရှမ်းပြည်နယ်အစိုးရကို လွှဲပေးလိုက်မယ်ဆိုရင်တော့ လုပ်ငန်းလုပ်ရတာ အင်မတန်မှ မြန်ဆန်လာမယ်လို့ ယူဆတယ်” ဟု ၎င်းကပြောသည်။

 

 

ကျိုင်းတုံမြို့အတွက် ၆၆ ကေဗွီဓာတ်အားခွဲရုံ တည်ဆောက်ရန်အတွက် ခွင့်ပြုဘဏ္ဍာငွေမှာ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပါရှိပြီး ဖြစ်ပေမယ့်

 

အဆိုပါ မြေနေရာအခက်အခဲကြောင့် တင်ဒါမခေါ်နိုင်သေးကြောင်း သိရသည်။

 

 

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျိုင်းတုံမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်တို့အတွက် ဓာတ်အားခွဲရုံတည်ဆောက်ရန် ခွင့်ပြုဘဏ္ဍာငွေ ရရှိထားပြီး အဆိုပါမြို့နယ်များတွင်

 

လာမည့် ၂၀၂၀ ခုနှစ်အတွင်း လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

 

 

ရှမ်းပြည်နယ်အရှေ့ပိုင်းတစ်ခုလုံး လာမည့် ၃နှစ်အတွင်း လျှပ်စစ်မီးရရှိမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က

 

၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းက ပြောကြားခဲ့ဘူးသည်။

Read 745 times
Rate this item
(0 votes)