Login with facebook




Grand Wireless condominium

Written by 
Grand Wireless condominium MMM construction website

Grand Wireless Condominium စီမံကိန်းကို အမှတ် ၂၇၇၊ အရှေ့ဝါယာလတ်(၂) လမ်း၊ မရမ်းကုန်းမြို့နယ်တွင် တည်ဆောက်နိုင်ကြောင်းသိရသည်။

ထိုစီမံကိန်းကို MMM construction မှတာဝန်ယူဆောက်လုပ်ပေးထားပြီး ST & T Architect မှဒီဇိုင်းရေးဆွဲပေးထားခြင်းဖြစ်သည်။

ယင်းစီမံကိန်းကို မြေဧက ၀.၅၉ ဧကပေါ်တွင်တည်ဆောက်ထားကြောင်းသိရသည်။

ထိုစီမံကိန်းတွင် အထပ်ပေါင်း ၈ ထပ်ခွဲပါဝင်တည်ဆောက်မည်ဖြစ်ပြီး တစ်လွှာတွင် ၁၀ ခန်းပါဝင်မည်ဖြစ်သည်။

ယင်းအဆောက်အဦ၏ basement ၁ ထပ်နှင့် မြေညီထပ်တွင်ကားပါကင်ထားရှိမည်ဖြစ်ပြီး ရေကူးကန်၊ အားကစားခန်းမ အစရှိသည့် facilities များလဲထားရှိမည်ဖြစ်သည်။

ထိုစီမံကိန်းတွင် penthouse သုံးလုံးပါဝင်မည်ဖြစ်ပြီး အခန်းအမျိုးအစား ငါးမျိုးပါဝင်မည်ဖြစ်သည်။

အခန်းအမျိုးအစားများကို Unit A ၊B ၊C ၊D ၊E ဟူ၍ခွဲထားပြီး Unit Aမှာ စတုရန်းပေ ၁၄၈၄ ရှိမည်ဖြစ်သည်။

Unit B နှင့် C အကျယ်အ၀န်းမှာ ၁၅၆၂ စတုရန်းပေရှိပြီး Unit D နှင့် E ၏ အခန်းအကျယ်အ၀န်းမှာ စတုရန်းပေ ၁၈၃၅ မှ ၂၁၀၆ စတုရန်းပေအသီးသီးရှိကြောင်းသိရသည်။

အခန်း pricing မှာ တစ်စတုရန်းပေလျှင် တစ်သိန်းရှစ်သောင်းငါးထောင်ခန့်ကျသင့်ကြောင်းသိရသည်။

ငွေပေးချေမှုမှာ စာချုပ်ချုပ်သည့်နေ့တွင် ၅၀ ရာခိုင်နှုန်းပေးချေရမည်ဖြစ်ပြီး သတ်မှတ်အလွှာစလပ် လောင်းသည့်နေ့တွင် ၂၅ ရာခိုင်နှုန်း၊ အမိုးစလပ်လောင်းသည့် နေ့တွင် ၁၅ ရာခိုင်နှုန်း၊ အခန်းအပ်သည့်နေ့တွင် ၁၀ ရာခိုင်နှုန်းပေးချေရမည်ဖြစ်သည်။

Read 554 times Last modified on Thursday, 03 November 2016 03:01
Rate this item
(1 Vote)
Myanmar Builders Guide

Subscribe to our mailing list to get the updates to your email inbox.

Please wait