Login with facebook




The Spring Line Complex

Written by 
The Spring Line Complex The Spring line office

The Spring Line Residence စီမံကိန်းကိုမြေကွက်အမှတ်(၄၆၁)၊ကမ်းနားအလယ်ရပ်ကွက်၊ လှိုင်မြစ်လမ်း၊ အောင်ဇေယျတံတားအနီး ၊ အင်းစိန်မြို့နယ်တွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။

ယင်းစီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည် ဟု သိရသည်။

ယင်းစီမံကိန်းကို Shwe Oak Khai construction (ကြံ့နှစ်ကောင်ဘိလက်မြေ) မှတာဝန်ယူဆောက်လုပ်ထားပြီး စင်ကာပူနိုင်ငံမှ KEI Architect မှဒီဇိုင်းရေးဆွဲပေးထားကြောင်းသိရသည်။

ထိုစီမံကိန်းတွင် အဆောက်အဦ ငါးခုပါဝင်မည်ဖြစ်ပြီး လေးခုမှာ လူနေအိမ်ခန်းများဖြစ်ပြီး ကျန်တခုမှာ business tower အဖြစ်တည်ဆောက်သွားမည် ဖြစ်သည်။

ယင်းစီမံကိန်းတွင် ပါဝင်သောလူနေအိမ်အဆောက်အဦများတွင် အထပ်ပေါင်း ၂၄ ထပ်ပါဝင်မည်ဟုသိရသည်။

လူနေအိမ်အဆောက်အဦလေးလုံးသည် တွဲလျှက်တည်ဆောက်ထားမည်ဖြစ်ပြီး basement 2 ထပ်နှင့် မြေညီထပ်တွင် ကားပါကင်ထားရှိမည်ဖြစ်သည်။

ပထမထပ်တွင် ရေကူးကန်၊ အားကစားခန်းမ၊ ကလေးကစားကွင်း အစရှိသည့် facilities များပါဝင်သွားမည် ဖြစ်ပြီး ၂ လွှာမှစ၍ ၂၄ လွှာအထိ လူနေအိမ်ခန်းများ ထားရှိမည်ဖြစ်ကြောင်းသိရသည်။

အခန်းအကျယ်အ၀န်းများမှာ စတုရန်းပေ ၉၀၀ ကျော်မှ ၁၇၀၀ ကျော်အထိကျယ်ဝန်းမည် ဖြစ်သည်။

ထိုစီမံကိန်းတွင် ပါဝင်သော business tower တွင်အထပ်ပေါင်း ၁၇ ထပ်ပါဝင်မည်ဖြစ်ပြီး ၁ လွှာမှ ၄ လွှာအထိ shopping center ထားရှိမည်ဖြစ်သည်။

၅ လွှာမှ ၁၀ လွှာအထိရုံးခန်းများအဖြစ်ထားရှိမည်ဖြစ်ပြီး ၁၁ လွှာမှ ၁၇ လွှာအထိ ဟိုတယ်အခန်းများထားရှိမည် ဖြစ်ကြောင်းသိရသည်။

ရုံးခန်းများပါဝင်သောအလွှာများတွင် အနည်းဆုံး စတုရန်းပေ ၃၀၀ မှစ၍ ၀ယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

ကျန်ရှိသောဟိုတယ်အလွှာများကို ရောင်းချခြင်းပြုလုပ်မည်မဟုတ်ဘဲ ဟိုတယ်ဖွင့်ချင်သူများအား ငှားရမ်း သွားမည်ဟုသိရပါသည်။

Read 1104 times Last modified on Wednesday, 02 November 2016 10:37
Rate this item
(3 votes)
Myanmar Builders Guide

Subscribe to our mailing list to get the updates to your email inbox.

Please wait