Login with facebook




Sait Ta Ya Mahi Housing Project

Written by 
Sait Ta Ya Mahi Housing Project edgewise architect website

Sait Ta Ya Mahi Housing project စီမံကိန်းကို 73x74 လမ်းကြား၊ ၂၆x၂၇ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်တွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။

ထိုစီမံကိန်းကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန မှမြေပိုင်ဆိုင်ပြီး Myanmar Mandalay(Man Myanmar construction)မှတာဝန်ယူဆောက်လုပ်ထားကြောင်းသိရသည်။

ယင်းစီမံကိန်းအတွက် New Star Light construction၊ Mandalay Golden Wing၊ New Innovation၊ United Pacific construction တို့မှ အကျိုးတူပူးပေါင်းအကောင်အထည်ဖော်ထားခြင်းဖြစ်သည်။

ယင်းစီမံကိန်းကို Edgewise architects မှဒီဇိုင်းရေးဆွဲပေးထားကြောင်းခြင်းဖြစ်ပြီး ထိုစီမံကိန်း၏ မြေဧရိယာမှာ ၁၇၆,၀၀၀ စတုရန်းပေကျော်ရှိပြီး ကြမ်းခင်းဧရိယာမှာ ၇၁၃,၀၀၀ စတုရန်းပေရှိမည်ဖြစ်သည်။

ထိုစီမံကိန်းတွင် လူနေကွန်ဒိုခြောက်လုံးနှင့် Apartment ငါးခုပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်း၏ ကွန်ဒို I နှင့် II တွင်အထပ်ပေါင်း ၁၀ ထပ်စီပါဝင်မည်ဖြစ်ပြီး basement တစ်ထပ်စီပါဝင်မည်ဖြစ်သည်။

ထိုကွန်ဒိုနှစ်ခုတွင် မြေညီထပ်မှ ၇ လွှာအထိတစ်လွှာတွင် ၄ ခန်းဖြင့်ကွန်ဒိုတစ်ခုလျှင် အခန်းပေါင်း ၂၈ ခန်းပါဝင်မည်ဖြစ်သည်။

ယင်းကွန်ဒို၏ basement တွင် ကားပါကင်ထားရှိမည်ဖြစ်ပြီး အပေါ်ထပ်သုံးလွှာတွင် facilities များပါဝင်မည်ဟုသိရသည်။

ထိုကွန်ဒို I နှင့် II တွင် shop house တစ်လုံးတွင် သုံးထပ်ပါဝင်သော shop house ၃၉ လုံးပါဝင်မည်ဖြစ်သည်။

ကွန်ဒို III တွင် အထပ်ပေါင်း ၁၀ ထပ်ပါဝင်မပြီး တစ်လွှာတွင် ၄ ခန်း ဖြင့် အခန်းပေါင်း ၃၂ ခန်းပါဝင်မည်ဖြစ်သည်။

ထိုကွန်ဒို၏ basement တစ်ထပ်တွင် ကားပါကင်ပါဝင်မည်ဖြစ်ပြီး အပေါ်နှစ်လွှာတွင် facilities များထားရှိမည်ဖြစ်သည်။

ယင်းကွန်ဒို III တွင် အထပ် ၃ ထပ်ပါဝင်သော shop house ၁၈ လုံးပါဝင်မည်ဟုသိရသည်။

ကွန်ဒို VI တွင် အထပ်ပေါင်း ၇ ထပ်ပါဝင်မည်ဖြစ်ပြီး တစ်လွှာတွင် ၄ ခန်းဖြင့် အခန်းပေါင်း ၁၂ ခန်းပါဝင်မည်ဖြစ်သည်။

ထိုကွန်ဒို၏ basement ၁ ထပ်တွင်ကားပါကင်ပါဝင်မည်ဖြစ်ပြီး ကျန်လေးလွှာတွင် facilties များထားရှိမည်ဟုသိရသည်။

ယင်းကွန်ဒို VI တွင်အထပ်ပေါင်း ၃ ထပ်ပါဝင်သောရုံးခန်းအဆောက်အဦး ၆ လုံးပါဝင်မည်ဖြစ်သည်။

ကွန်ဒို V နှင့် VI တွင် အထပ်ပေါင်း ၇ ထပ်စီပါဝင်မည်ဖြစ်ပြီး တစ်လွှာတွင် ၄ ခန်းစီဖြင့် အခန်းပေါင်း ၂၄ ခန်းပါဝင်မည်ဖြစ်သည်။

ထိုကွန်ဒို၏ basement ၁ ထပ်စီတွင် ကားပါကင်ထားရှိမည်ဖြစ်ပြီး ကျန် လေးလွှာတွင် facilities များထားရှိမည်ဖြစ်သည်။

ယင်းကွန်ဒိုတွင် အထပ်ပေါင်း သုံးထပ်ပါဝင်သောရုံးခန်းအဆောက်အဦး ၁၂ လုံးပါဝင်မည်ဖြစ်သည်။

ထိုစီမံကိန်း၏ Apartment I တွင် အထပ်ပေါင်း ၁၀ ထပ်ပါဝင်ပြီး တစ်လွှာတွင် ၄ ခန်းဖြင့် အခန်းပေါင်း ၃၆ ခန်းပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်း၏ Apartment II နှင့် III တွင် အထပ်ပေါင်း ၉ ထပ်စီပါဝင်မည်ဖြစ်ပြီး တစ်လွှာတွင် ၄ ခန်းဖြင့် အခန်းပေါင်း ၃၂ ခန်းပါဝင်မည်ဖြစ်သည်။

ထိုစီမံကိန်း၏ Apartment VI တွင်အထပ်ပေါင်း ၇ ထပ်ပါဝင်မည်ဖြစ်ပြီး တစ်လွှာတွင် ၄ ခန်းဖြင့် အခန်းပေါင်း ၂၄ ခန်းပါဝင်မည်ဟု သိရသည်။

ယင်းစီမံကိန်း၏ Apartment V တွင် အထပ်ပေါင်း ၆ ထပ်ပါဝင်မည်ဖြစ်ပြီး တစ်လွှာတွင် ၄ ခန်းဖြင့် အခန်းပေါင်း ၂၀ ပါဝင်မည်ဖြစ်သည်။

ထိုစီမံကိန်းတွင် ပါဝင်သော Apartment ၅ ခု၏ မြေညီထပ်တွင် ကားပါကင်ထားရှိမည်ဖြစ်ကြောင်းသိရသည်။

Read 460 times Last modified on Friday, 21 October 2016 07:09
Rate this item
(1 Vote)
Myanmar Builders Guide

Subscribe to our mailing list to get the updates to your email inbox.

Please wait