Login with facebook




The Century

Written by 
The Century The century website

The Century စီမံကိန်းကို ရန်ကုန်အင်းစိန်လမ်းမကြီးပေါ်ရှိ ဘာတာမှတ်တိုင်အနီးတွင် တည်ဆောက်လျှက် ရှိကြောင်း သိရသည်။

ယင်းစီမံကိန်းကို မြေဧရိယာ ၁.၅ ဧကကျော်ပေါ်တွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။

ယင်းစီမံကိန်းကို ၂၀၁၅ ခုနှစ်နှစ်ကုန်ပိုင်းတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်နှစ်ကုန်ပိုင်းတွင် အပြီးသတ် ဆောက်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

ထိုစီမံကိန်းကို ထိုင်ဝမ် Architects မှဒီဇိုင်းရေးဆွဲ၍ Htun Myat Aung ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ် ထားကြောင်း သိရသည်။

ယင်းစီမံကိန်းတွင်တာဝါ ၁ နှင့် တာဝါ ၂ဟူ၍ တာဝါနှစ်ခုပါဝင်ပြီး တာဝါတစ်ခုလျှင် အထပ်ပေါင်း ၂၄ ထပ်ပါဝင်မည်ဟု သိရသည်။

တာဝါ ၁ တွင် Block A နှင့် Block B တို့ပါဝင်မည်ဖြစ်ပြီး တာဝါ ၂ တွင် Block C နှင့် D တို့ပါဝင်မည်ဖြစ်သည်။

ထိုစီမံကိန်း၏ တာဝါ ၁ တွင် ၂၁၆ ခန်းပါဝင်မည်ဖြစ်ပြီး တာဝါ ၂ တွင် အခန်းပေါင်း ၂၂၆ ခန်းပါဝင်မည် ဖြစ်သည်။

တာဝါတစ်ခု၏ ၂၄ လွှာတွင် penthouse လေးလုံးပါဝင်မည်ဖြစ်ပြီး basement ၂ ထပ်ပါဝင်မည်ဟုသိရသည်။

ထိုစီမံကိန်း၏ တာဝါ ၁ တွင် အပေါ်ထပ်ငါးလွှာမှစ၍ လူနေအိမ်များထားရှိမည်ဖြစ်ပြီး တာဝါ ၂ တွင် အပေါ်ထပ် လေးလွှာမှစ၍ လူနေအိမ်များထားရှိမည်ဖြစ်သည်။

ယင်းစီမံကိန်း၏ တာဝါ ၁ တွင် basement ၂ ထပ်နှင့်မြေညီထပ်မှ သုံးလွှာအထိ ကားပါကင်ထားရှိမည်ဟု သိရသည်။

ထိုစီမံကိန်းတွင် ရေကူးကန်၊ အားကစားခန်းမ၊ အလှပြင်ခန်းမအစရှိသည့် facilities များပါဝင်ကြောင်း သိရသည်။

ထိုတာဝါနှစ်ခုတွင် အခန်းအကျယ်အ၀န်းမှာ စတုရန်းပေ ၁၁၀၅ မှ စတုရန်းပေ ၄၁၀၀ ကျော်ထိရှိကြောင်း သိရသည်။

အခန်း pricing မှာ စတုရန်းတစ်ပေလျှင် ကျပ် ၂ သိန်းမှ သုံးသိန်းအထိရှိနိုင်သည် ဟုသိရသည်။

ငွေပေးချေမှုမှာ စာချုပ်ချုပ်သည့်အချိန်တွင် ကျပ်သိန်း ၅၀ ကိုစရံပေးချေရမည်ဖြစ်ပြီး တစ်ပတ်ပြည့်လျှင် ၅ ရာခိုင်နှုန်း ၊တစ်လပြည့်လျှင် ၅ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ပြီး ၈၀ ရာခိုင်နှုန်းကို တစ်နှစ်နှင့် ရှစ်လခန့်ပေးချေရမည်ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းကို အခန်းအပ်သည့်နေ့တွင် ပေးသွင်းရမည်ဟု သိရသည်။

This is an original writing of Myanmar Builders Guide based on information sourced from htun myat aung website, the century website, htun myat aung office.

Read 646 times Last modified on Monday, 17 October 2016 04:49
Rate this item
(2 votes)
Myanmar Builders Guide

Subscribe to our mailing list to get the updates to your email inbox.

Please wait