Login with facebook




Golden City

Written by 
Golden City .theedgeproperty website

Golden City project စီမံကိန်းကို ရန်ရှင်းမြိုနယ် ရန်ကင်းလမ်းပေါ်ရှိ ယခင်စစ်တပ်စာရင်းချုပ်ရုံးနေရာတွင် တည်ဆောက်လျှက် ရှိကြောင်းသိရသည်။

စီမံကိန်းမှာ ကာကွယ်ရေးဝန်ကြီးဌာနပိုင် ရန်ရှင်းမြိုနယ် ရန်ကင်းလမ်းပေါ်ရှိ ယခင်စစ်တပ်စာရင်းချုပ်ရုံး (CMA) နေရာ မြေ ၈.၃ ဧကပေါ်တွင် ဆောက်လုပ်နေသော စီမံကိန်းတစ်ခုဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု

ယင်းစီမံကိန်းအတွက် Golden Land Real Estate Development မှတာဝန်ယူတည်ဆောက်ထားပြီး ဒေါ်လာသန်း ၂၃ဝ ရင်းနှီးမြှုပ်နှံသွားမည်ဟု သိရှိရသည်။ အဆိုပါ Golden Land သည် စင်္ကာပူ-မြန်မာဖက်စပ်ကုမ္ပဏီဖြစ်ပြီး စင်္ကာပူမှ Uni Global Power နှင့် မြန်မာမှ Nature Link Travels and Tours တို့ ပေါင်းထားသည့် ကုမ္ပဏီဖြစ် ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှမြေပိုင်ဆိုင်သည်ဟု သိရသည်။

တရားဝင်ရင်းနှီးမြှုပ်နှံမှုကို မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့ တွင် BOT system ဖြင့် နှစ် ၅ဝ မြေငှားသက်တမ်း ၁ဝနှစ် နှစ်ကြိမ်တိုးခွင့်ဖြင့်ချပေးခဲ့ပါသည်။

အဆောက်အဦးနှင့်ဒီဇိုင်း

ထိုစီမံကိန်းကို တရုတ်နိုင်ငံ China Southwest Architectural Design and Research Institute မှ ဒီဇိုင်းရေးဆွဲပြီး Australia Wavely Landscape Design က ပန်းခြံမြေအလှဆင်ခြင်းစသည့် ဒီဇိုင်းကို ပြင်သစ် တော်ဝင်စတိုင် ရေးဆွဲပေးထားသည်ဟုလည်း သိရှိရသည်။ စီမံကိန်းတွင် ပါဝင်သောအဆောက်အဦးများကို Colliers International Myanmar မှစီမံခန့်ခွဲပေးမည် ဖြစ်ကြောင်းသိရသည်။

အဆောက်အဦး၏ ကြမ်းခင်းဧရိယာမှာ ၃.၈ သန်းစတုရန်းပေခန့်ရှိကြောင်းသိရသည်။ ယင်းစီမံကိန်းတစ်ခုလုံး၏ အကြမ်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်း ၇၀၀ ဖြစ်နိုင်ကြောင်းသိရသည်။

ထိုစီမံကိန်းတွင် အဆောက်အဦး ၁၁ လုံးပါဝင်မည်ဖြစ်ပြီး လူနေကွန်ဒို ၉ လုံး၊ boutique ဟိုတယ် ၁ လုံး နှင့် commercial အဆောက်အဦး တစ်လုံးတို့ ပါဝင်မည်ဖြစ်သည်။

ယင်းစီမံကိန်းကို အဆင့်သုံးဆင့်ခွဲဆောက်လုပ်မည်ဖြစ်ပြီး ပထမအဆင့်တွင်အထပ်ပေါင်း ၃၃ ထပ်ပါဝင်သော လူနေကွန်ဒို ၄ လုံးပါဝင်မည်ဖြစ်ပြီး အခန်းပေါင်း ၅၀၄ ခန်းဖြင့် ၂၀၁၆ အောက်တိုဘာ အပြီးသတ် ဆောက်လုပ် မည်ဟုသိရသည်။

ဒုတိယအဆင့်တွင် လူနေကွန်ဒို ၃ လုံးပါဝင်မည်ဖြစ်ပြီး အခန်းပေါင်း ၅၆၁ ခန်းပါဝင်မည်ဖြစ်ပြီး တတိယအဆင့် တွင်လူနေကွန်ဒိုနှစ်လုံး၊ ဟိုတယ်တစ်လုံးနှင့် အထပ်ပေါင်း ၃၃ ထပ်တွင် အခန်းပေါင်း ၁၄၃၉ ခန်းပါဝင်သော စီးပွားရေး အဆောက်အအုံ တစ်လုံးပါဝင်မည် ဖြစ်သည်။

တတိယအဆင့်တွင် ပါဝင်သော လူနေကွန်ဒိုနှစ်လုံးတွင် အခန်းပေါင်း ၃၇၄ ပါဝင်မည်ဖြစ်ပြီး boutique ဟိုတယ်တွင် အခန်းပေါင်း ၂၅၀ ကျော်ပါဝင်မည်ဟု သိရသည်။ Boutique hotel မှာလက်ရှိ CMA ရုံးကိုဟိုတယ်အဖြစ် ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်သည်။

စီမံကိန်းတွင် ပါဝင်သောလူနေကွန်ဒို ၉ လုံးကို ၂၀၁၈ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အထပ်ပေါင်း ၃၀ ပါဝင်သော စီးပွားရေးအဆောက်အဦး၌ပထမလေးထပ်တွင် စင်္ကာပူ Reebonz မှ အုပ်ချုပ်မည့် ဈေးဝယ်စင်တာထားရှိမည်ဖြစ်ပြီး နောက် ၁၁ ထပ်တွင် ရုံးခန်းမဆောက်အဦးများ၊ အပေါ် ၁၄ ထပ်တွင် အခန်းပေါင်း ၄၅၀ ပါဝင်သော 5-star အဆင့်ရှိဟိုတယ်(သို့) service apartments ထားရှိမည်ဖြစ်ကြောင်းသိရသည်။

ထိုစီမံကိန်းတွင် ရေကူးကန်၊ အားကစားခန်းမ၊ အလှပြင်ခန်းမအစရှိသည့် facilities များလဲပါဝင်မည် ဟုသိရသည်။

အခန်းအကျယ်အ၀န်းနှင့်အခန်း pricing

ယင်းအဆောက်အဦးလေးလုံးတွင် အခန်းအမျိုးအစားလေးမျိုးပါဝင်ပါသည်။

အခန်းအကျယ်အ၀န်းမှာ စတုရန်းပေ ၅၀၀ ကျော် မှ စတုရန်းပေ ၂၀၀၀ နီးပါးခန့်ကျယ်ဝန်းပြီး အခန်း pricing မှာ တစ်ခန်းလျှင် ဒေါ်လာ တစ်သိန်းခုနှစ်သောင်းခန့်မှ ငါးသိန်းကျော် ထိကျသင့်မည် ဖြစ်ကြောင်းသိရသည်။

ငွေပေးချေမှုမှာ ၂၀ ရာခိုင်နှုန်းကို အရင်ပေးချေရမည်ဖြစ်ပြီး ကျန် ၈၀ ရာခိုင်နှုန်းကို လေးနှစ်အရစ်ကျ ပေးချေရမည် ဟုသိရသည်။

This is an original writing of Myanmar Builders Guide based on information sourced from The Edge Property website, marketing materials, Golden City and Uni Global Power website.

Read 1153 times Last modified on Thursday, 22 September 2016 05:24
Rate this item
(1 Vote)
Myanmar Builders Guide

Subscribe to our mailing list to get the updates to your email inbox.

Please wait