Login with facebook




Fortune Plaza

Written by 
Fortune Plaza SCP website

Fortune Plaza စီမံကိန်ုးကို ရန်ကုန်မြို့ရှိ မင်းနန္ဒာလမ်း နှင့် သုမဏလမ်းထောင့် သာကေတမြို့နယ်တွင် တည်ဆောက်လျှက် ရှိကြောင်း သိရသည်။

ယင်းစီမံကိန်းကို မြေဧက ၁၅.၈ ဧကပေါ်တွင် တည်ဆောက်လျှက်ရှိပါသည်။

ထိုစီမံကိန်းအတွက် ၂၀၁၅ ခုနှစ်တွင်မြေစမ်းသပ်မှုကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယင်းစီမံကိန်းကို ၂၀၁၅ ခုနှစ်နှစ်ကုန်ပိုင်းတွင် စတင်ဆောက်လုပ်ခဲ့ပြီး ယခုချိန်တွင် စီမံကိန်း၏ ပထမအဆင့် ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

စီမံကိန်းပထမအဆင့်ကို ၂၀၁၇ ခုနှစ် ဧပြီလတွင်ဖွင့်လှစ်နိုင်ရန်စီစဉ်ထားကြောင်းသိရသည်။

ယင်းပလာဇာစီမံကိန်းကို ထိုင်ဝမ်နှင့် စင်ကာပူနည်းပညာများဖြင့်တည်ဆောက်ထားကြောင်းသိရသည်။

ထိုစီမံကိန်း၏ စင်ကာပူအခြေစိုက် SCP consultant မှ မြေဧက ၀.၀၇ ဧကတွင် တည်ဆောက်ထားသော Exhibition Center ၏ အတွင်းပိုင်းဒီဇိုင်းနှင့် စီမံကိန်းဗိသုကာဒီဇိုင်းကို Golden Environment Construction အတွက် စင်ကာပူအခြေစိုက် SCP consultant မှတာဝန်ယူပြုလုပ်ပေးထားကြောင်းသိရသည်။

ယင်းစီမံကိန်းကို Excellent Fortune Development Group နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တို့မှပူးပေါင်းဆောင်ရွက်ထားခြင်း ဖြစ်သည်။

ပလာဇာအပြင်လူနေဆိုင်ခန်းပေါင်း ၁၃၂ ခန်းပါဝင်မည်ဖြစ်ပြီးအထပ်ပေါင်း သုံးထပ်ခွဲရှိ၍ ပထမအဆင့်အနေဖြင့် အခန်း ၆၅ ခန်းမှာတည်ဆောက်လုနီးပါးဖြစ်နေဖြစ်ကြောင်းသိရသည်။

Fortune plaza စီမံကိန်းတစ်ခုလုံးကို ၂၀၁၈ ခုနှစ်ဇွန်လတွင် အပြီးသတ်တည်ဆောက်နိုင်မည် ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းတွင် shopping center ၊ convention center အစရှိသည့်အဆောက်အဦးများ ပါဝင်မည်ဟုသိရသည်။

This is an original writing of Myanmar Builders Guide based on information sourced from SCP consultant website,Fortune Plaza facebook.

Read 3332 times Last modified on Thursday, 12 January 2017 05:25
Rate this item
(0 votes)
Myanmar Builders Guide

Subscribe to our mailing list to get the updates to your email inbox.

Please wait