Login with facebook




Media Village mixed-use project

Written by 

Media Village စီမံကိန်းသည် မြေဧက ၁၄၀၀ကျော်ရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်(၄)တွင် တည်ဆောက်မည်ဟု လျာထားကြောင်း သိရသည်။

မဟာမိတ်ကြယ်များအုပ်စုကုမ္ပဏီက မြို့ပြစီမံကိန်းများ ဆောက်လုပ်နိုင်သည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြခဲ့ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းစီမံကိန်းတွင် အိပ်ခန်းပေါင်း ၄၀၀၀ ပါဝင်သော တန်ဖိုးနည်းအိမ်ယာများ၊ ရုပ်ရှင်ရိုက်ကူးရေးအတွက် Media Village၊ အဆင့်အတန်းမြင့်မားသော အပန်းဖြေစခန်းများ၊ ဈေးဝယ်စင်တာများ၊ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်၊ ကျောင်းများ၊ အဆင့်အတန်းမြင့်မားသော ဆေးရုံ၊ ဂေါက်ကွင်း၊ ဥယျာဉ်နှင့် အားကစားကွင်းများ ပါဝင်ဆောက်လုပ်သွားမည်ဟု သိရသည်။

ထိုစီမံကိန်းဆောက်လုပ်မည့် မြေနေရာမှာ အစိုးရပိုင်မြေ ဖြစ်ပါသည်။

စိုက်ပျိုးရေးနှင့် မွေးမြုရေးလုပ်ငန်းများ ဆောင်ရွက်ရန် ငှားရမ်းခဲ့သော ပုဂ္ဂလိက ကုမ္ပဏီများက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဆောက်ရွက်ရန် အဆင်မပြေသဖြင့် ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။

ယခုစီမံကိန်းဆောက်လုပ်မည့် နေရာတွင် ကျုးကျော်နေထိုင်သူ ၃၀၀၀ ကျော်ရှိနေပြီး ပြောင်းရွေ့ပေးရန် သြဂုတ်လ ၂၁ ရက်နေ့တွင် ကျုးကျော်သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

This is an original writing of Myanmar Builders Guide based on information sourced from Kyeemon.

Read 2985 times Last modified on Friday, 26 August 2016 08:42
Rate this item
(1 Vote)
Myanmar Builders Guide

Subscribe to our mailing list to get the updates to your email inbox.

Please wait