Login with facebook




LOTTE Hotel Yangon

Written by 
LOTTE Hotel Yangon mmbiztoday website

LOTTE Hotel Yangon သည် ရန်ကုန်မြို့ ပြည်လမ်း၊လှိုင်မြို့နယ်ရှိ မြေ ၆ ဧကပေါ်တွင် တည်ဆောက်လျှက်ရှိသည့် သန်း ၂၂၀ တန်ဟိုတယ်တစ်ခုဖြစ်ပါသည်။

ရင်းနှီးမြုပ်နှံမှုနှင့်ပိုင်ဆိုင်မှု

ယင်းစီမံကိန်း၏ကြမ်းခင်းဧရိယာမှာ ၁၀၄,၁၂၃ စတုရန်းမီတာရှိပြီး တောင်ကိုရီးယားညွန့်ပေါင်းအဖွဲ့ မှ ၈၅ ရာခိုင်နှုန်း နှင့် IGE Sin Phyu Shinမှ ၁၅ ရာခိုင်နှုန်း ဖြင့်တာဝန်ယူ တည်ဆောက် လျှက် ရှိကြောင်းသိရသည်။

ယခင်ဆင်ဖြုရှင်ရိပ်သာဟုခေါ်တွင်ခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေနေရာကို ၂၀၁၂ ခုနှစ်တွင်တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မေလတွင် ကိုရီးယားနှင့် မြန်မာနှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုခဲ့ကြသည်။

တောင်ကိုရီးယားညွန့်ပေါင်းအဖွဲ့တွင် KDB Daewoo Securities မှ ၃၉ ရာခိုင်နှုန်း၊ Daewoo international မှ ၃၀ ရာခိုင်နှုန်း၊Posco E&C မှ၂၁ ရာခိုင်နှုန်းနှင့်Lotte မှ ၁၀ ရာခိုင်နှုန်းတို့ပူးပေါင်းပါဝင်ကြောင်းသိရသည်။

ထိုစီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်း ၂၂၀ ကုန်ကျမည်ဖြစ်ပြီး ကိုရီးယားညွန့်ပေါင်းအဖွဲ့မှ အမေရိကန်ဒေါ်လာသန်း ၅၀ နှင့် KDB Daewoo Securities မှအမေရိကန်ဒေါ်လာသန်း ၁၇၀ ပါဝင် ထား ကြောင်းသိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် MIC မှ BOT စနစ်ဖြင့်တည်ဆောက်ရန် အတည်ပြုခဲ့ကြောင်းသိရသည်။

ထိုစီမံကိန်းအတွက် မြေကို အစိုးရမှ Korea consortium နှင့် အနှစ် ၇၀ ငှားရမ်းစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အဆောက်အဦးနှင့်ဒီဇိုင်း

ယင်းစီမံကိန်းတွင်ဟိုတယ်နှင့် service apartment အဆောက်အဦးနှစ်ခုပါဝင်ပါသည်။

ဟိုတယ်ကို LOTTE Hotel Yangon ဟုခေါ်ကာအထပ်ပေါင်း ၁၅ ထပ်ပါဝင်ပြီး အခန်းပေါင်း ၃၄၆ ခန်းပါဝင်မည်ဖြစ်ပြီး LOTTE Residence အဆောက်အဦးတွင် အထပ်ပေါင်း၂၉ ထပ်နှင့် အခန်းပေါင်း ၃၁၅ ခန်းပါဝင်ကြောင်းသိရသည်။

ထိုစီမံကိန်းကို POSCO Engineering and Construction (POSCO E&C) မှတာဝန်ယူဆောက်လုပ်ပါသည်။

ယင်းစီမံကိန်းကို ကိုရီးယားနိုင်ငံမှ Samoo Architects & Engineer မှဗိသုကာဒီဇိုင်းရေးဆွဲထားပြီး မြန်မာပြည်တွင် Lotteria ကြက်ကြော်ဆိုင်ဖြင့်နာမည်ကြီးသော တောင်ကိုရီးယားမှ LOTTE အဖွဲ့က ဟိုတယ်စီမံခန့်ခွဲမှုကိုပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။

မြန်မာပြည်မှ Zenith Power မှ plumbing လုပ်ပေးသည်။

ထိုစီမံကိန်းတွင် ပါဝင်သောလူနေအဆောက်အဦးအတွက် mechanical စနစ်များကို ကိုရီးယားနိုင်ငံမှ  TEMSCO ကုမ္ပဏီမှတာဝန်ယူပြုလုပ်ပေးကြောင်းသိရသည်။

မြန်မာနိုင်ငံမှ HTE integrated ကုမ္ပဏီမှ စက်ပစ္စည်းတပ်ဆင်ခြင်း လုပ်ငန်းများအတွက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင်အပြီးသတ်လုပ်ဆောင်ရမည်ဟု သတ်မှတ်ထားသည် ဟုသိရသည်။

ထိုစီမံကိန်းတွင် စားသောက်ဆိုင် ၅ ခု၊ မင်္ဂလာပွဲ အပါအ၀င်ပွဲ ကျင်းပနိုင်သောအခန်း ၆ ခန်း၊ catwalk လျှောက်လမ်းများ၊ ရေကူးကန် ၊ spaအစရှိသည့် facilities များလဲပါဝင်ပါသည်။

ပွဲကျင်းပနိုင်သည့်အခန်းများအနက် Grand ballroom အကျယ်အ၀န်းမှာ ၉၂၄ စတုရန်းမီတာ၊ Middle ballroom အကျယ်အ၀န်းမှာ ၈၂၂စတုရန်းမီတာ၊ နှင့် Small ballroom အကျယ်အ၀န်းမှာ ၇၉ မှ ၁၆၂စတုရန်းမီတာရှိပါသည်။

ထိုစီမံကိန်းကို ၂၀၁၄ ခုနှစ်မေ ၁၂ ရက်နေ့တွင်စတင်ဆောက်လုပ်ခဲ့ပြီး၂၀၁၇ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်တော့မည်ဟု သိရသည်။

Daewoo Amara တွင်မြန်မာနိုင်ငံမှ IGE Sin Phyu Sin နှင့် ကိုရီးယားနိုင်ငံမှ Daewoo International တို့မှအကျိုးတူပူးပေါင်းပါဝင်ထားကြောင်းသိရသည်။

This is an original writing of Myanmar Builders Guide based on information sourced from The Korea Herald,Seoul.

Read 3813 times Last modified on Friday, 30 September 2016 07:44
Rate this item
(2 votes)
Myanmar Builders Guide

Subscribe to our mailing list to get the updates to your email inbox.

Please wait