Login with facebook


Wednesday, 17 August 2016 16:59

Sanchaung Garden Residence

Sanchaung Garden Residence Sanchaung Garden Residence website

ထိုစီမံကိန်းကို အမှတ် ၁၀၄၊ စမ်းချောင်းလမ်း၊ ရှင်စောပုရပ်ကွက်၊ စမ်းချောင်းမြို့နယ်ရှိ မြေ ၂ ဧက ပေါ်တွင် တည်ဆောက်လျှက်ရှိကြောင်း သိရသည်။

စီမံကိန်းကို Sanchaung Garden မှ တာဝန်ယူ၍ တည်ဆောက်လျက်ရှိကြောင်း သိရပါသည်။

ယင်းစီမံကိန်းကို ၂၀၁၄ ခုနှစ်မှ စတင်ဆောက်လုပ်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင်ပြီးမည်ဟု လျာထားကြောင်း သိရသည်။

ထိုစီမံကိန်း၏ ဗိသုကာကို စင်္ကာပူတွင် အကောင်းဆုံးဟိုတယ်ကို ဒီဇိုင်းရေးဆွဲခဲ့သည် Aedas မှရေးဆွဲထားကြောင်းသိရသည်။

ယင်းစီမံကိန်းတွင် အဆောက်အအုံ ၃ လုံးပါဝင်ပြီး Main Building တွင် အထပ် ၁၁ ထပ်၊ အခန်းပေါင်း ၃၂၀ ပါဝင်ပြီး ကျန်သည့် အဆောက်အအုံ ၂ ခုဖြစ်သည့် East Wing Condo နှင့် Luxury Condo အတွက် စီမံကိန်း ရေးဆွဲလျက်ရှိကြောင်း သိရသည်။

Main Building အဆောက်အအုံ၏ အခန်းအကျယ်အ၀န်းမှာ ၁၀၅၆ စတုရန်းပေ ရှိပြီး တစ်လွှာတွင် ၂၈ ခန်းပါဝင်ပါသည်။

ပထမထပ်တွင် အားကစားခန်းမ၊ ရေကူးကန်တို့ ပါဝင်မည်ဟု သိရသည်။

ကားပါကင် ၃ ထပ် ပါဝင်ပြီး Basement တွင် ကားအစီးရေ ၁၅၀ စီး၊ Ground တွင် ကားအစီးရေ ၁၄၇ စီး နှင့် Mezzanine တွင် ကားအစီးရေ ၁၁၄ စီး ရပ်နားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုအဆောက်အအုံတွင် ကားဓာတ်လှေကား တစ်ခုနှင့် အခြား ဓာတ်လှေကား ၆ ခု ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အခန်းတန်ဖိုးမှာ တစ်စတုရန်းပေလျှင် အမေရိကန် ဒေါ်လာ ၂၄၀ ကျော်မှ ဒေါ်လာ ၂၈၀ ကျော်အထိ ရှိကြောင်း သိရသည်။

အခန်းငွေပေးချေမှုကို စာချုပ်ချုပ်သည့်နေ့တွင် ၁၀%၊ဆောက်လုပ်နေသည့်ကာလတွင် ၃၄ %ကို ၃၄ကြိမ်၊အခန်းအပ်မည့်နေ့တွင် ၂၀%ကို ၁ကြိမ်၊အခန်းအပ်ပြီးသည့်ကာလတွင် ၃၆%ကို ၃၆ကြိမ် ဖြင့် ၆နှစ် အရစ်ကျ ပေးချေရမည် ဖြစ်သည်။

Source:Sanchaung Garden Residence

Read 1809 times
Rate this item
(2 votes)
Myanmar Builders Guide

Subscribe to our mailing list to get the updates to your email inbox.

Please wait